Unicode version…
ဗြိတိန်အခြေစိုက် ကမ္ဘာကျော် (Land Rover)၏ ထင်ရှားခဲ့သည့် (L R 4 SUV)၏ အစားထိုးအနေ ဖြင့် အသစ်ထုက်လုပ်လာသည့် မျိုးဆက်သစ် (2017 Land Rover Discovery SUV)အားမကြာသေးမီကကျင်းပခဲ့သည့် အမေရိကန် နိုင်ငံ၏ ကမ္ဘာကျော် (L.A Auto Show)တွင် ပြသခဲ့ပါသည်။ထိုနောက်ဆုံးပေါ် (2017 Discovery Model)အား(2016)နှစ်ဦးပိုင်းတွင် ကျင်းပခဲ့သည့်ပြင်သစ်နိုင်ငံရှိ(ပါရီကားပြပွဲ)တွင်ပွဲဦးထွက်အနေဖြင့် ပြသခဲ့ခြင်း ဖြစ်ပါသည်။
(2017 Land Rover Discovery)၏ အပြင်ဖက် ဒီဇိုင်းသည် (LR4)၏(Boxy Design) မှ လုံးဝခွဲထွက်သည့် ဒီဇိုင်းအသစ်ဖြင့် ဖန်တီးထားကာကားအနောက်ဖက် ဒီဇိုင်းအား (1994)ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့် (Discovery)၏ ပထမဆုံးဒီဇိုင်းကိုပြန်လည် ဆန်းသစ် ထည့်သွင်းထားပါသည်။ အတွင်းခန်းအနေအထားနှင့် ပါ၀င်မှုများကိုလည်း (Range Rover Series)များမှ ခွဲဝေရယူထားသည့် နည်းပညာမြင့် ပါ၀င်မှုများစွာကို ထည့်သွင်းအသုံးပြု ထားသည်ကိုတွေ့ရပါသည်။ယခု (2017 Discovery)အားခုံ(3)တန်းအမျိုးအစားအဖြင့် ထုတ်လုပ်မည် ဖြစ်ပါသည်။
(2017 New Discovery)တွင် အင်ဂျင်များအနေဖြင့် (Supercharged V6 Engine)၊ (340hp)နှင့် (Turbo diesel V6 Engine)၊ (240hp)အင်ဂျင်စနစ်များအား(U.S Market)၌ ရောင်းချမည့် ဖြစ်ပါသည်။အထက်ပါအင်ဂျင်များထက် စွမ်းအင်ပိုသေးငယ်သည့် အင်ဂျင်စနစ်များအား (ဥရောပစျေးကွက်)၌ ရောင်းချ မည်ဖြစ်ပါသည်။ ထူးခြားမှု အနေဖြင့် ယခု (2017 Discovery)၏ အလေးချိန်အားယခင် (L R4 Version) အောက် (ပေါင် ၁၀၀၀)ခန့် အလေးချိန်လျော့ချမည်ဖြစ်ပြီး (L R 4)ထက်ပို၍ ပြည့်ဝသည့် (အလူမီနီယံ) ပါ၀င်မှုများဖြင့်လည်းဖန်တီးထားမည်ဖြစ်ပါသည်။
(2017 New Discovery)အား (2017)နွေရာသီအချိန်တွင် စတင်ရောင်းချမည်ဖြစ်ပြီး (US $ 52000)၀န်းကျင်ခန့် ဖြင့်စတင်ရောင်းချမည်ဖြစ်ပါသည်။
2017-discovery-4 2017-discovery-3 2017-discovery-2 2017-discovery-1 2017-discovery-6 2017-discovery-7
Zawgyi version…