Unicode version…
(Mercedes-Benz)၏ လူငယ်ကြိုက်ကားဖြစ်သည့် (CLA-Class 4 door coupe)သည် (2017 Model) အတွက် (Mid-Generation Refresh)အနေဖြင့်ပါ၀င်မှုအသစ်များ ဒီဇိုင်းပြောင်းလဲမှုများဖြင့် ထုတ်လုပ်လိုက်ပါသည်။
(2017 CLA-Class) တွင် (Apple Car Play)၊ (Android Auto)၊ (Smartphone)၊ (Hands-free power trunk lid)အစရှိသည့် ပါ၀င်မှုများနှင့် လုံခြုံရေးပါ၀င်မှု အသစ်များစွာကိုထည့်သွင်းထားပါသည်။ ဒီဇိုင်းအားဖြင့်လည်းလူငယ်ကြိုက်ဒီဇိုင်းဖြင့် ဖန်တီးထားပါသည်။ သို့သော် အနောက်ဖက်ခုံတန်းသည် ကျဉ်းမြောင်းခြင်းနှင့် (Options)များမှာစျေးနှုန်းကြီးမြင့်ခြင်းများအား (2017 CLA)တွင် သတိပြု ဖွယ်တွေ့မြင်ရပါသည်။
(2017 CLA Class)အား (US$ 33325 )မှ (US $ 50875 )ခန့် အတွင်းရောင်းချမည်ဖြစ်ပါသည်။
(2017 CLA Class)တွင် အင်ဂျင်များအနေဖြင့် (CLA 250) (2.0 L turbocharged I4 Engine) (208 hp)၊ (258 lb-ft of torque)အင်ဂျင်စနစ်ကို ၄င်း (CLA45AMG)တွင် (2.0L turbocharged I4 Engine) (375 hp)၊ (350 lb-ft of torque)အင်ဂျင်စနစ်ကို ၄င်းတပ်ဆင်ထားပါသည်။ (Models)များတွင် (7-Speed Automatic Gear)အားတပ်ဆင်ထားပါသည်။
(2017 CLA Class)တွင် ပါ၀င်သည့် စိတ်ဝင်စားဖွယ်ပါ၀င်မှုများနှင့် – (Push-button start)၊ (8-inch infotainment display with Command Interface)၊ (Bluetooth)စသည်တို့ဖြစ်ကြပါသည်။ အထက်ပါ (Features)များအပြင် (LED head lights)၊ (Keyless entry)၊ Harman Kardon audio)၊ (Voice Control)၊ (မြင်ကွင်းကျယ်အမိုးဖွင့်စနစ်)အပါအဝင် အထက်တွင် ဖော်ပြခဲ့သည့် ပါ၀င်မှုများကိုလည်း အဆိုဆောင်းထည့်သွင်းထားပါမည်။ ထို့အတူ (AMG Package)အမည်ဖြင့် (AMG-tuned Adaptive Suspension)၊ (Carbon-fiber accents)၊ (Sport front seats)စသည့်ပါ၀င်မှုများကိုလည်း မှာယူရနိုင်ပါမည်။
(2017 CLA Class)တွင် လုံခြုံရေးပါ၀င်မှုများအနေဖြင့် ပုံမှန်ပါ၀င်သည့် လုံခြံုရေးစနစ်များအပြင် (Mbrace 2-telematics system)၊ (Driver-drowsiness monitor)၊ (Adaptive Cruise Control)၊ (Blind spot monitor)စသည်တို့အား ဖြည့်စွက်ထည့်သွင်းထားပါသည်။
လူငယ်/လူလက်ပိုင်းအရွယ်နှင့် မိန်းမပျိုလေးများအဓိကနှစ်သက်ကြသည့် (Mercedes-Benz) ၏ (2017 CLA-Class)အားစီစဉ်တင်ဆက်အပ်ပါသည်ခင်ဗျား။
Zawgyi version…
(2017 CLA Class)တွင် လုံခြုံရေးပါဝင်မှုများအနေဖြင့် ပုံမှန်ပါဝင်သည့် လုံခြုံရေးစနစ်များအပြင် (Mbrace 2-telematics system)၊ (Driver-drowsiness monitor)၊ (Adaptive Cruise Control)၊ (Blind spot monitor)စသည်တို့အား ဖြည့်စွက်ထည့်သွင်းထားပါသည်။