Unicode version…

(Mitsubishi Outlander)သည် (Mitsubishi)၏ ထင်ရှားသည့် အလတ်တန်းအဆင့် (SUV)ကား ဖြစ်ပြီးလှပခန့်ထည်သည့် ဒီဇိုင်းကြံ့ခိုင်သည့်ကိုယ််ထည်နှင့် နည်းပညာသုံးပါ၀င်မှုများစွာ ထည့်သွင်းထား ခြင်းများကြောင့် ကမ္ဘာ့ (SUV)လောကတွင် ထင်ရှားစွာ ရပ်တည်နေသည့် ကားဖြစ်ပါသည်။

(2017 Model Year)အတွက် ထွက်ရှိလာသည့် (Outlander)တွင် စွမ်းရည်မြင့် (I4 Engine) စနစ်နှင့် စွမ်းအားမြင့် (V6 Engine)တို့ကိုထည့်သွင်းထားခြင်း၊ ခေတ်ဆန်သည့် ဒီဇိုင်းပုံစံအသစ်ဖြင့် ဖန်တီး ထားခြင်း၊ သပ်ရပ်လှပသည့်အတွင်းခန်းပုံစံကို တွေ့မြင်ရခြင်းနှင့်၊ ခုံ (3)တန်း အမျိုးအစားဖြင့် ထုတ်လုပ် ထားခြင်း စသည့်ထူးခြားကောင်းမွန်မှုများအား တွေ့မြင်ရပါမည်။ သို့သော် ၄င်း၏ (တတိယထိုင်ခုံများ)သည် ကျဉ်းမြောင်းခြင်းအား သတိပြုဖွယ် လေ့လာတွေ့ရှိရပါမည်။

(2017 Mitsubishi Outlander)အား (US $ 24390)မှ (US $ 32590)အတွင်း ရောင်းချသည် ဖြစ်ပါသည်။

(2017 Mitsubishi Outlander)တွင် အင်ဂျင်များ အနေဖြင့် – (2.4 L I4 Engine)၊ (166 hp)၊ (162 lb-ft of torque)အင်ဂျင်နှင့် (CVT-Automatic Gearbox)တို့အား (Standard)အနေဖြင့် တပ်ဆင် ထားပါသည်။ ထို့အပြင် (3.0L V6 Engine)၊ (224 hp)၊ (215 lb-ft of torque)အင်ဂျင်နှင့် (6-Speed Automatic Gearbox)တို့ကိုလည်း (Optional)အနေဖြင့်မှာ ယူနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် (Safety Features)များ အနေဖြင့် ပုံမှန်ပါ၀င်သည့်လုံခြုံရေးပါ၀င်မှုများ အပြင် (Lane departure warning)၊ (Adaptive Cruise Control)၊ (Automatic Braking)အစရှိသည့် အဆင့်မြင့် လုံခြံုရေးပါ၀င်မှုများအား မှာယူနိုင်ရန် ထည့်သွင်းထားပါသည်။

(2017 Outlander)တွင် ပါ၀င်သည် (Features)များအနက် စိတ်ဝင်စားဖွယ်ရာပါ၀င်မှုများမှာ – (Hill-start assist )၊ (Mono-chromatic driver information display)၊ (7-inch touch-screen)၊ (Keyless entry / start)၊ (Apple Car Play / Android Auto)၊ (စပီကာ ၉လုံးပါရှိသည့် Rockford Fosgate အသံ စနစ်)၊ (Power remote tailgate)၊ (360-degree camera)၊ (Rain-sensing wiper) (Rear-seat DVD entertainment system)စသည်တို့ ဖြစ်ကြပါသည်။

(2017 Mitsubishi Outlander)သည် လူငယ်၊ လူလက်ပိုင်း အရွယ်ကားချစ်သူမူျား အဓိက နှစ်သက်ကြသည့် (Midsize Crossover) အမျိုးအစား ကားဖြစ်ပါကြောင်း။

Zawgyi  version..

(Mitsubishi Outlander)သည် (Mitsubishi)၏ ထင်ရှားသည့် အလတ်တန်းအဆင့် (SUV)ကား ဖြစ်ပြီးလှပခန့်ထည်သည့် ဒီဇိုင်းကြံ့ခိုင်သည့်ကိုယ်ထည်နှင့် နည်းပညာသုံးပါဝင်မှုများစွာ ထည့်သွင်းထား ခြင်းများကြောင့် ကမ္ဘာ့ (SUV)လောကတွင် ထင်ရှားစွာ ရပ်တည်နေသည့် ကားဖြစ်ပါသည်။




ထို့အပြင် (Safety Features)များ အနေဖြင့် ပုံမှန်ပါဝင်သည့်လုံခြုံရေးပါဝင်မှုများ အပြင် (Lane departure warning)၊ (Adaptive Cruise Control)၊ (Automatic Braking)အစရှိသည့် အဆင့်မြင့် လုံခြုံရေးပါဝင်မှုများအား မှာယူနိုင်ရန် ထည့်သွင်းထားပါသည်။


(2017 Mitsubishi Outlander)သည် လူငယ်၊ လူလက်ပိုင်း အရွယ်ကားချစ်သူမျူား အဓိက နှစ်သက်ကြသည့် (Midsize Crossover) အမျိုးအစား ကားဖြစ်ပါကြောင်း။