Unicode version…
Zawgyi version…
(Golf)သည် ဂျာမနိ အခြေစိုက် (Volkswagen)၏ ထင်ရှားသည့် (Hatchback)ကားအမျိုးအစား ဖြစ်ပြီး (VW)၏ ရောင်းအားအကောင်းဆုံး ကားအနေဖြင့်လည်း ကျော်ကြားပါသည်။ ၎င်းသည် ဒီဇိုင်းလှပ ခြင်း၊ မာကျောခိုင်ခန့်သည့် (Body Style)ဖြင့် ဖန်တီးထားခြင်း၊ (Economy Engine)စနစ်အား ထည့်သွင်း ထားခြင်းနှင့် (VW)ကားများ၏ ထုံးစံအတိင်းလုံခြုံမှုစနစ်များ ပြည့်စုံစွာပါဝင်ခြင်းတို့ကြောင့် ကမ္ဘာ့ (Hatchback)လောကတွင် ထင်ရှားပြီး လူငယ်၊ လူလက်ပိုင်း အရွယ် ကားချစ်သူများမှ အထူးနှစ်ခြိုက်ကြ သည့်ကားလည်း ဖြစ်ပါသည်။
(2017 VW Golf)အား လှပဆန်းသစ်သည့်ပုံစံဖြင့် ဖန်တီးထားပြီးအတွင်း၊ အပြင်ပါဝင်မှုများကို လည်း (Upgraded)အနေဖြင့် အဆင့်မြှင့်တင်ထားခြင်း၊ ပါဝင်မှုအသစ်များဖြည့်စွက်ထည့်သွင်းထားခြင်း စသည်ဖြင့် ထူးခြားစွာ ထုတ်လုပ်ထားပါသည်။ ၎င်းသည် (Four-door Hatchback)အမျိုးအစားကားဖြစ်ပြီး ပါဝင်သည့် (Features)များ အပေါ်မူတည်ကာ (S)နှင့် (Wolfsbury Edition)ဟူ၍ (Grade) (၂)မျိုးခွဲခြား ထားပါသည်။ (2017 Golf)၏ ပါဝင်မှုများအနက် ခေတ်မှီနည်းပညာသုံး ပါဝင်မှုနှင့် ဇိမ်ခံပစ္စည်းများမှာ (Cooled glovebox)၊ (6.5-inch touchscreen)> (Auxiliary audio input)၊ (HD/Satellite radioes)၊ (Smartphone integration)၊ (VW’s Cor-Net App-Connect)၊ (Automatic headlights and wipers)၊ (Keyless entry lignition)၊ စသည်တို့ပါဝင်ကြပါသည်။
(2017 VW Golf)တွင် အင်ဂျင်အနေဖြင့် (1.8 L Turbocharge 14 Engine)၊ (170 hp)၊ (199 lb-ft of tarque) အင်ဂျင်စနစ်နှင့် (5-Speal Manual Gear)တို့အား တပ်ဆင်ထားပါသည်။ (6-Speed Automaetic Gear)အား အပိုဆောင်းအနေဖြင့် တပ်ဆင်ထားပါသည်။ ထိုအင်ဂျင်၏ ဆီးစားနှုန်းမှာ – ဓာတ်ဆီးတစ်ဂါလံအား (မြို့တွင်း ၂၅မိုင်၊ Highway ၃၅မိုင်)ခန့် မောင်းနှင်းပါမည်။
(2017 VW Golf)တွင် အဓိကပါဝင်သည့် လုံခြုံရေးပါဝင်မှုများမှာ (Anti-back disc brakes). (Hill hold assist)၊ (Rearview camera)၊ (Fully airbags system)၊ (Post-crash braking system)စသည့်တို့ ပါဝင်ကြပါသည်။ ထို့အပြင် (VW’s Car-Net Emergency Telematiss System)ကိုလည်း (Package) အလိုက် (Standurd)အနေဖြင့် ထည့်သွင်းထားပါသည်။ အထက်ပါလုံခြုံရေးပါဝင်မှုများအပြင် – (Forward collision warning)၊ (Automatic braking)၊ (Rear cross-traffic alert)၊ (Blind-spot monitoring) စသည့် အဆင့်မြင့်လုံခြုံရေးပါဝင်မှုများကိုလည်း (Optional)အနေဖြင့် ထည့်သွင်းထားပါသည်။
(2017 VW Golf Hatchback)အား (US $ 21457)ခန့်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ ၎င်းကဲ့သို့ ထင်ရှားသည့် အခြားသော (Hatchback) ကားများမှာ – (2016 Mazda 3)၊ (2017 Honda Civic)(2017 Chev Cruze)စသည်တို့ဖြစ်ကြပါသည်။ နိဂုံးချုပ်အနေဖြင့် ကမ္ဘာ့ထိပ်တန်း (Brand)တစ်ခုဖြစ်သည့် (Volkswagen)၏ (2017 Golf Hatchback)အား စီစဉ်တင်ဆက် အပ်ပါသည် ခင်ဗျား။