Unicode version..
မကြာသေးမှီကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံရှိ (L.A Auto Show)တွင် ဆွီဒင်အခြေစိုက် (Volvo)မှ ၄င်း၏ (New Model)တစ်မျိုးဖြစ်သည့် (Volvo V90 Cross Country)အားမိတ်ဆက်ပြသခဲ့ပါ သည်။ ၄င်းသည် (Volvo) (New S 90 Sedan)၏ (Wagon Version)ဖြစ်ပြီး (Volvo XC 90 SUV)၏ (Platform)ကိုအခြေခံကာထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
(Volvo V 90 Cross Country)၏ (Ground Clearance)သည် (8.4 inches)ရှိပါသည်။ ၄င်းသည် (AWD system)သုံးကားဖြစ်ပြီး (Volvo XC 90) ၏ အခြေခံပါ၀င်မှုများကိုထည့်သွင်းအသုံးပြုထားပါသည်။ (V 90 Cross Country)၏ (Model-Lineup)အား (V 70 Cross Country)ထက် အဆင်မြင့် နေရာတွင် သက်မှတ်မည် ဖြစ်ပါသည်။
(Volvo V 90 Cross Country)၏ အင်ဂျင်နှင့် ပက်သက်သည့် အသေးစိတ်အချက်များအားဖော်ပြ ထားခြင်းမရှိသော်လည်း ၄င်းတွင် (XC 90 SUV)၏အင်ဂျင်များကို ခွဲဝေအသုံးပြုသည်ဟု (Volvo)မှ ပြောကြာထားပါသည်။ (x c 90 SUV)တွင် အင်ဂျင်များအနေဖြင့် – (2.0 L Turbocharged I4 Engine)၊ (250 hp)၊ အင်ဂျင်နှင့် (Hybrid Vision)အတွက် (316 hp T6 Engine) လျှပ်စစ်မော်တာတို့အားတွဲဖက် တပ်ဆင်ထားပါသည်။
(2017 V 90 Cross Country)အား (2017)နှစ်ဦးပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး (US $ 56300)ခန့်ဖြင့် ရောင်းချမည်ဟုခန့်မှန်းရပါသည်။
၄င်းနှင့် စျေးကွက်ယှဉ်ပြိုင်ဖက်ဖြစ်နိုင်မည့် အခြားသော (Brands)များမှာ – (2017 Acura MDX )၊ (2017 BMW X 5)၊ (2017 Mercedes-Benz E 400 4Matic Wagon)၊ စသည်တို့ဖြစ်ကြပါသည်ခင်ဗျား။
Zawgyi version..
၎င်းနှင့် ဈေးကွက်ယှဉ်ပြိုင်ဖက်ဖြစ်နိုင်မည့် အခြားသော (Brands)များမှာ – (2017 Acura MDX )၊ (2017 BMW X 5)၊ (2017 Mercedes-Benz E 400 4Matic Wagon)၊ စသည်တို့ဖြစ်ကြပါသည်ခင်ဗျား။