Unicode version..
ဂျာမနီအခြေစိုက် BMW သည် ၄င်း၏ 2018 Models များတွင် နည်းပညာအသစ် တစ်မျိုးဖြစ်သည့် (Mobile eye’s Road Experience Management system ) စတင်အသုံး ပြုမည်ဖြစ်ပါသည်။ထိုစနစ်သည် BMW ၏ လက်ရှိအသုံးပြုနေသည့် Camera-based Advanced Driver Assist System ၏ အချက်အလက်များကိုအသုံးပြု၍ခရီးလမ်းရှိ သက်ဆိုင်သည့် Data များအား စုရုံးပေးသည့်စနစ်ဖြစ်ပါသည်။
Mobile eye’s System ၏ သဘောမှာ ကားတွင်တပ်ဆင်ထာသည့် ကင်မရာများမှ လမ်းမများရှိ အချက်ပြများ၊ အတားအဆီးများ၊ မှတ်တိုင်နှင့် အခြားအချက်အလက်များအား စုစည်းပြီးရရှိလာသည့် Camera Picture များအား အရွယ်သေးငယ်သည့် Data များအဖြစ် ပြောင်းလဲသိမ်းဆည်းပေးမည်ဖြစ်ပါသည်။BMW ၏အဆိုအရ အဆိုပါလုပ်ဆောင်ချက်အား (10 kilobytes per Kilometer) တွင်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။အဆိုပါ Mobile eye System အား (Autonomous Cars) များတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အဆိုပါစနစ်၏ အဓိကအကျိုးမှာ ယာဉ်မောင်းအနေဖြင့် လမ်းခရီးတွင်ရှိသည့် Traffic အခြေအနေ၊ ရာသီဥတု၊ ဘေးအန္တရာယ်များနှင့် အခြားသော အချက်များအား စုစည်း သိရှိနိုင်၍ မောင်းနှင်မှုအတွက် များစွာအထောက်အကူရမည်ဖြစ်ပါသည်။ အဆိုပါ Data များကိုထားရှိရန် (BMW)၏ Up-to-date Mobile eye’s Global Road Book map system) ၌ သိမ်းဆည်းထားနိုင်မည်ဖြစ်ပြီး အဆိုပါစနစ်အား (BMW)၏ မိတ်ဖက် Map Company (Here) မှ ဖန်တီးထုတ်လုပ်မည်ဖြစ်ပါသည်။
2018 တွင် စတင်အသုံးပြုမည့် BMW Mobile eye’s Road Experience Management System သည် နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုအနေဖြင့် မှတ်တိုင် တစ်ခုစိုက်ထူနိုင်မည်ဟု ယုံကြည်မိပါသည်။
Zawgyi version..
ဂ်ာမနီအေျခစိုက္ BMW သည္ ၄င္း၏ 2018 Models မ်ားတြင္ နည္းပညာအသစ္ တစ္မ်ိဳးျဖစ္သည့္ (Mobile eye’s Road Experience Management system ) စတင္အသံုး ျပဳမည္ျဖစ္ပါသည္။ထိုစနစ္သည္ BMW ၏ လက္႐ွိအသံုးျပဳေနသည့္ Camera-based Advanced Driver Assist System ၏ အခ်က္အလက္မ်ားကိုအသံုးျပဳ၍ခရီးလမ္း႐ွိ သက္ဆိုင္သည့္ Data မ်ားအား စု႐ံုးေပးသည့္စနစ္ျဖစ္ပါသည္။
Mobile eye’s System ၏ သေဘာမွာ ကားတြင္တပ္ဆင္ထာသည့္ ကင္မရာမ်ားမွ လမ္းမမ်ား႐ွိ အခ်က္ျပမ်ား၊ အတားအဆီးမ်ား၊ မွတ္တိုင္နွင့္ အျခားအခ်က္အလက္မ်ားအား စုစည္းၿပီးရ႐ွိလာသည့္ Camera Picture မ်ားအား အရြယ္ေသးငယ္သည့္ Data မ်ားအျဖစ္ ေျပာင္းလဲသိမ္းဆည္းေပးမည္ျဖစ္ပါသည္။BMW ၏အဆိုအရ အဆိုပါလုပ္ေဆာင္ခ်က္အား (10 kilobytes per Kilometer) တြင္သာ ျပဳလုပ္ႏိုင္မည္ျဖစ္ပါသည္။အဆိုပါ Mobile eye System အား (Autonomous Cars) မ်ားတြင္လည္း အသံုးျပဳႏိုင္မည္ျဖစ္ပါသည္။
အဆိုပါစနစ္၏ အဓိကအက်ိဳးမွာ ယာဥ္ေမာင္းအေနျဖင့္ လမ္းခရီးတြင္႐ွိသည့္ Traffic အေျခအေန၊ ရာသီဥတု၊ ေဘးအႏၱရာယ္မ်ားႏွင့္ အျခားေသာ အခ်က္မ်ားအား စုစည္း သိ႐ွိႏိုင္၍ ေမာင္းႏွင္မႈအတြက္ မ်ားစြာအေထာက္အကူရမည္ျဖစ္ပါသည္။ အဆိုပါ Data မ်ားကိုထားရွိရန္ (BMW)၏ Up-to-date Mobile eye’s Global Road Book map system) ၌ သိမ္းဆည္းထားႏိုင္မည္ျဖစ္ၿပီး အဆိုပါစနစ္အား (BMW)၏ မိတ္ဖက္ Map Company (Here) မွ ဖန္တီးထုတ္လုပ္မည္ျဖစ္ပါသည္။
2018 တြင္ စတင္အသံုးျပဳမည့္ BMW Mobile eye’s Road Experience Management System သည္ နည္းပညာဆိုင္ရာ စြမ္းေဆာင္ႏိုင္မႈအေနျဖင့္ မွတ္တိုင္ တစ္ခုစိုက္ထူႏိုင္မည္ဟု ယံုၾကည္မိပါသည္။