မကြာမီအချိန်ကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံရှိ (Chicago Auto Show)တွင် (Ford)မှ ၄င်း၏ ထင်ရှားသည့် (Ford Expedition 2018 Model)အားမိတ်ဆက်ပြသခဲ့ပါသည်။ (2018 Expedition)သည် (All-New Design)ဖြင့်ထွက်ရှိလာသည့်ကားဖြစ်ပြီး၎င်း၏(2013Design)အားစတင်ပြောင်းလဲခြင်းလည်း ဖြစ်ပါသည်။ (2018 Expedition) အားခေတ်မှီဆန်းသစ်သည့် ပုံစံကိုအခြေခံကာ (Ford F-150) နှင့် (Ford Explorer)တို့၏ ဒီဇိုင်းပုံစံများကိုလည်း မျှဝေသုံးစွဲ ထားပါသည်။
(2018 Expedition) သည် (Full-Size SUV)ဖြစ်ပြီး ၄င်းတွင် (Regular Wheelbase)နှင့် (Long wheelbase Expedition Max) ဟူ၍ ပုံစံ (၂)မျိုးထုတ်လုပ်မည်ဖြစ်ပါသည်။ (2018 Expedition)တွင် (Ford) ၏ နောက်ဆုံးပေါ်နည်းပညာများဖြစ်ကြသည့် (360-degree camera)၊ (Lane keep Assist)၊ (Adaptive Cruise Control)၊ (Latest SYN 3 Into tenement Technology)၊ (In-car Wi-Fi system) စသည်တို့အားထည့်သွင်းထားပါသည်။ထို့အပြင်ကားကိုယ်ထည်အားအလူမီနီယံသတ္တုဖြင့်အဓိကဖန်တီးထားပြီးယခင် (Models)များထက် (ပေါင် 300)ခန့် ပို၍ ပေါ့ပါးမည့်ဖြစ်ပါသည်။
(2018 Expedition) တွင် (Eco Boost Vo Engine) (365 hp)၊ (420 lb-ft of torque)၊ အင်ဂျင် စနစ်ကိုတပ်ဆင်ထားမည်ဖြစ်ပါသည်။(2018 Ford Expedition)အားယခုနှစ်နွေရာသီတွင် စတင်ရောင်းချမည် ဖြစ်ပါသည်။ ၄င်းနှင့် ဈေးကွက်ယှဉ်ပြိုင်ဖက် (Brands) များမှာ (2018 To-pta Sequoia)၊ (2018 Nissan Armada)တို့ ဖြစ်ကြ ပါသည်။