Unicode version..
မကြာမှီကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံရှိ (Detroit Auto Show)တွင် (Ford)မှ ၄င်း၏ (Icon Model)ဖြစ်သည့် (F-150 Truck)(2018 Model)အားမိတ်ဆက်ပြသခဲ့ပါသည်။
(2018 Ford F-150)သည် (2015)ခုနှစ်တွင် (All-new)အနေဖြင့် ထုတ်လုပ်ခဲ့သည့် (F-150)၏ (Mid-cycle redesign)အနေဖြင့် ထွက်ရှိလာမည့် ကားဖြစ်ပါသည်။ ၄င်း၏ အပြင်ဖက် ဒီဇိုင်းတွင် (New Grille design) (New front light)တို့ကိုတွေ့မြင်ရမည်ဖြစ်ပြီး (17-inch)မှ (22-inch)အတွင်းရှိမည့် (Alloy Wheels)ပုံစံအသစ်များကိုလည်းထည့်သွင်းထားပါသည်။ ထို့အပြင် (Pick-up / Truck)များတွင် ပထမဆုံးအသုံးပြုမှုဖြစ်သည့် (Adaptive Cruise Control) နှင့် (Pre-collision Assistance) တို့အား (2018 F-150)တွင် ထည့်သွင်းထားမည်ဖြစ်ပါသည်။ ထို့အပြင်နည်းပညာသုံးပါ၀င်မှုများ ဖြစ်ကြ သည်။ (4G LTE modem for Wi-Fi hot spot)၊ (360-degree camera system)၊ (Blind-spot monitor)နှင့် (lane-keep assist)စသည့် ပါ၀င်မှုများကိုလည်း ထည့်သွင်းထားမည် ဖြစ်ပါသည်။
(2018 Ford F-150)တွင် အင်ဂျင်အသစ်ဖြစ်သည့်- (3.3L V6 Engine)၊ (282 hp)(253 lb-ft of torque)ဓာတ်ဆီအင်ဂျင်စနစ်ကိုထပ်မံထည့်သွင်းထားပါသည်။ အပြင်ပထမဆုံးဒီဇယ်အင်ဂျင် ဖြစ်သည့် – (3.0 L V6 Engine Diesel)ကိုလည်းစတင်ထည့်သွင်းထားပါမည် ဖြစ်ပါသည်။ (Gear Box) အနေဖြင့် – (New 10-speed Auto Gear)အားထည့်သွင်းထားမည် ဖြစ်ပါသည်။
(2018 Ford F-150)အား (2017)နှစ်လည်ပိုင်းတွင် စတင်ရောင်းချသည်ဖြစ်ပြီး (US $ 27000)မှ စတင်၍စျေးသတ်မှက်မည်ဖြစ် ပါသည်။ ၄င်းကဲ့သို့ထင်ရှားသည့် (Tick-up)များမှာ (2017 GMC Sierra) (2017 Nissan Titan)နှင့် (2017 Toyota Tundra)တို့ ဖြစ်ကြပါသည်။
Zawgyi version