Unicode vesion..
မကြာမှှီအချိန်ကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံ (Detroit Auto Show)တွင် ကမ္ဘာကျော် (GMC) ၄င်း၏နာမည်ကျော် (Compact Crossover Terrain)၏ (2018 Terrain)အားမိတ်ဆက်ပြသခဲ့ပါသည်။ (2018 Terrain)သည် (GMC Terrain) ၏ ဒုတိယမျိုးဆက် (Model)ဖြစ်ပြီး(All-New Model)အနေဖြင့် ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ပထမမျိုးဆက်သည် (2010-2017)တွင် ထုတ်လုပ်ထားပါသည်။
(2018 GMC Terrain)၏ အပြင်ဖက်ဒီဇိုင်းအားအလွန်ဆန်းသစ်ပြီးခေတ်ဆန်သည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားပါသည်။ ၄င်းအား (Hummer Models)များကဲ့သို့ ခန့်ထည်သည့်ဒီဇိုင်းအားပေါင်းစပ်ထားပါ သည်။အထူးသဖြင့် ၄င်း၏ အနောက်ဖက်တံခါးဒီဇိုင်းအား(Unique Design)ဖြင့် ဖန်တီးထားပါသည်။ထို့အတူ-အတွင်းခန်းကိုလည်း ကျယ်ဝန်းသပ်ရပ်ပြီး ခေတ်မှီနည်းပညာသုံးပါ၀င်မှုများစွာဖြင့် ဖန်တီးထားပါ သည်။ထူးခြားမှု တစ်ရပ်အနေဖြင့် ၄င်း၏ (Auto Gear Shift)များ ဖြစ်ကြသည့် (P, R, N, D)တို့အား (Dashboard)ရှိ (Climate Control)၏ အောက်ဖက်တွင် ပထမဆုံးအနေဖြင့် တပ်ဆင်ထားခြင်း ဖြစ်ပါ သည်။
(2018 GMC Terrain)တွင် (New 2.0L Turbocharged I4 Engine)၊ (252 hp)၊ (262 lb-ft of torque)၊ ဓာတ်ဆီအင်ဂျင်နှင့် (1.6 L Turbo-diesel I4 Engine) (137 hp)၊ (240 lb-ft of torque)၊ အင်ဂျင်စနစ်တို့အားတပ်ဆင်ထားပါသည်။ (Gear box)များအနေဖြင့် (ဓာတ်ဆီအင်ဂျင်)တွင် (9-Speed Automatic Gear)ကို ၄င်း/ (ဒီဇယ်အင်ဂျင်) တွင် (6-Speed Automatic Gear)ကို ၄င်း/ အသီးသီးတပ်ဆင်ထားပါသည်။
(2018 GMC Terrain)အား (2017)နွေရာသီတွင် စတင်၍ အမှာစာများလက်ခံမည်ဖြစ်ပြီးစျေးနှုန်းအနေဖြင့် (US $ 25000)မှ စတင်ရောင်းချမည်ဖြစ်ပါသည်။ ၄င်းနှင့် စျေးကွက်ယှဉ်ပြိုင်ဖက် (Brands)များမှာ-(Honda CR-V) (Chevrolet Equinox) နှင့် (Toyota RAV-4) တို့ ဖြစ်ကြပါသည်။
Zawgyi version..
(2018 GMC Terrain)အား (2017)နွေရာသီတွင် စတင်၍ အမှာစာများလက်ခံမည်ဖြစ်ပြီးဈေးနှုန်းအနေဖြင့် (US $ 25000)မှ စတင်ရောင်းချမည်ဖြစ်ပါသည်။ ၄င်းနှင့် ဈေးကွက်ယှဉ်ပြိုင်ဖက် (Brands)များမှာ-(Honda CR-V) (Chevrolet Equinox) နှင့် (Toyota RAV-4) တို့ ဖြစ်ကြပါသည်။