မကြာမှီကကျင်းပခဲ့သည့် အမေရိကန်နိုင်ရှိ (Detroit Auto Show)တွင် ကမ္ဘာကျော် (HONDA)မှ ၄င်း၏ ထင်ရှားလှသည့် (Minivan)ဖြစ်သည့် (2018 Honda Odyssey)အား မိတ်ဆက်ပြသခဲ့ပါသည်။ ယခု မိတ်ဆက်ပြသသည့် (New Odyssey)သည် ၄င်း၏ (ပဉ္စမမျိုးဆက်)ကား ဖြစ်ပါသည်။

(2018 Honda Odyssey)တွင် (Honda)မှ စတင်မိတ်ဆက်ထားသည့် နည်းပညာအသစ်များ ဖြစ်ကြသည့် (Cabin Watch)နှင့် (Cabin Talk)တို့အားထည့်သွင်းထားပါသည်။ ထိုစနစ်တို့၏ သဘောမှာ- (Cabin Watch)သည် ကားအတွင်းခန်းရှိ (Dashboard)နှင့် ဆက်သွယ်ထားသည့် ကင်မရာကို အသုံးပြု၍ ယဉ်အနောက်ဖက်ရှိ ခရီးသည်များသည် အသံရုပ်သံလိုင်းနှင့် CD ပြောင်းခြင်း စသည်တို့အား (Cabin Talk)ကို အသုံးပြု၍ ထိန်းချုပ်နိုင်မည့် နည်းပညာပင် ဖြစ်ပါသည်။

ထို့အပြင် (2018 Odyssey)၏ အပြင်ဖက် ဒီဇိုင်းအား (Aura Models)များကဲ့သို့ ခေတ်ဆန်ပြီး လှပ သည့် ဒီဇိုင်းပုံစံအသစ်ဖြင့် ဖန်တီးထားကာ (Family Minivan)အနေဖြင့် အသင့်တော်ဆုံး ပုံစံဖြင့် ထုတ်လုပ် ထားပါသည်။ အတွင်းခန်း ပါဝင်မှုများအနေဖြင့် အထက်ပါ (Cabin Watch / Talk)ပါဝင်မှုအသစ် အပြင် (Dual-screen infotainment system)၊ (New push-button Gearbox Selector)စသည့် ခေတ်မှီ ပါဝင်မှု များကိုလည်း စုံလင်စွာ ထည့်သွင်းထားပါသည်။

(2018 Honda Odyssey)တွင် အင်ဂျင်အနေဖြင့်- (3.5 L V6 Engine)၊ (230 hp)အင်ဂျင်နှင့် (9- Speed Automatic Gearbox)တို့အား တပ်ဆင်ထားမည် ဖြစ်ပါသည်။

(2018 Honda Odyssey)အား (2017)နွေဦးပေါက်ရာသီ (Spring Season)တွင် ကမ္ဘာ့သို့ စတင် ဖြန့်ချီမည်ဟု (Honda) မှ သက်မှတ်ထားပါသည်။