Unicode version..
မကြာသေးမှီက ကျင်းပခဲ့သည် (အမေရိကန်)နိုင်ငံရို (Detroit Auto Show)တွင် ကမ္ဘာကျော် (Lexus) မှ ၄င်း၏ အကောင်းဆုံးဇိမ်ခံ ဆီဒင်ကားဖြစ်သည့် (LS Sedan)၏ (2018 LS Model)အား မိတ်ဆက်ပြသခဲ့ပါသည်။
(Lexus LS)စသည် (1990)ပြည့် ကာလမှစတင်မွေးဖွားခဲ့ပြီး (2017)အထိ (မျိုးဆက်လေးဆက်) တိုင်အောင်မြင်မှုရရှိ ခဲ့သည့် ကားဖြစ်ပါသည်။ ယခု (2018 LS Sedan)သည် (LS)၏ ပဥ္စမမျိုးဆက် ကားအနေဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
(2018 LS Sedan)တွင် ထူးခြားမှုအနေဖြင့် (LS Model)များတွင် အစဉ်တစိုက် အသုံးပြုခဲ့သည် (V8 Engine) စနစ်အစား (New V6 Engine) ကိုပထမဆုုံး ပြောင်းလဲအသုံးပြုမည် ဖြစ်ပါသည်။ ထို့အပြင် အမည်သစ်ဖြစ်သည့် (LS 500)အမည်ဖြင့် ထုတ်လုပ်မည် ဖြစ်ပါသည်။ အဆိုပါ (2018 LS 500)တွင် (New 3.5 L Twin-turbocharged V6 Engine)၊ (415 hp)၊ (442 lb-ft of torque)အင်ဂျင်စနစ်နှင့် (New 10-Speed Automatic Gear)တို့အားပထမဆုံးအနေဖြင့် ထည့်သွင်းတပ်ဆင်ထား မည်ဖြစ်ပါသည်။ ၄င်းသည် (နောက်ဘီးယက်)စနစ်သုံး ကားဖြစ်ပြီး (AWD System)ကိုလည်း မှာယူနိုင်ရန်ထည့်သွင်းထားပါမည်။
(2018 LS 500)အား (Long-wheel base)ပုံစံ (၁)မျိုးအနေဖြင့်သာ ထုတ်လုပ်မည်ဟု ဖြစ်ပါသည်။ ၄င်း၏ အပြင်ဖက် ဒီဇိုင်းအား (Lexus)၏ ထင်ရှားသည့် (Spindle Grille)ဒီဇိုင်းအပါအဝင်လက်ရှိ (LS Sedan) ထက်များစွာ ခေတ်ဆန်ပြီး ခန့်ထည်မှုရှိသည့် ဒီဇိုင်းအသစ်ဖြင့် ဖန်ထီးထားမည်ဖြစ်ပါသည်။ ထို့အတူ အတွင်းခန်းဒီဇိုင်းကိုလည်း ကျယ်ဝန်းသပ်ရပ်ပြီး ခေတ်ဆန်မှုကို ဦးစားပေးထား မည်ဖြစ်ပြီး (Lexus)၏ နောက်ဆုံးပေါ်နည်းပညာနှင့် ပါ၀င်မှုများစွာကို ထည့်သွင်းထားမည် ဖြစ်ပါသည်။
(2018 Lexus LS 500)၏ တန်ဖိုးကျသင့်မှုအား (Lexus)မှ ထုတ်ပြန်ထားခြင်း မရှိပါ။ ထိုအတူ ကမ္ဘာ့စျေးကွက်သို့ စတင်ရောင်းချမည့် အချိန်ကိုလည်း အတိအကျ ထုတ်ပြန်ခြင်းမရှိပဲ (2017)နှစ်ကုန် ကာလခန့်တွင်သာ အမှာစာများ လက်ခံမည်ဟုသာ ပြောကြားထားပါသည်။
Zawgyi version..
မၾကာေသးမွီက က်င္းပခဲ့သည္ (အေမရိကန္)ႏုိင္ငံရို (Detroit Auto Show)တြင္ ကမၻာေက်ာ္ (Lexus) မွ ၄င္း၏ အေကာင္းဆံုးဇိမ္ခံ ဆီဒင္ကားျဖစ္သည့္ (LS Sedan)၏ (2018 LS Model)အား မိတ္ဆက္ျပသခဲ့ပါသည္။
(Lexus LS)စသည္ (1990)ျပည့္ ကာလမွစတင္ေမြးဖြားခဲ့ၿပီး (2017)အထိ (မ်ဳိးဆက္ေလးဆက္) တိုင္ေအာင္ျမင္မႈရရွိ ခဲ့သည့္ ကားျဖစ္ပါသည္။ ယခု (2018 LS Sedan)သည္ (LS)၏ ပဥၥမမ်ဳိးဆက္ ကားအေနျဖင့္ ထုတ္လုပ္ထားျခင္း ျဖစ္ပါသည္။
(2018 LS Sedan)တြင္ ထူးျခားမႈအေနျဖင့္ (LS Model)မ်ားတြင္ အစဥ္တစိုက္ အသံုးျပဳခဲ့သည္ (V8 Engine) စနစ္အစား (New V6 Engine) ကိုပထမဆံုုး ေျပာင္းလဲအသံုးျပဳမည္ ျဖစ္ပါသည္။ ထုိ႔အျပင္ အမည္သစ္ျဖစ္သည့္ (LS 500)အမည္ျဖင့္ ထုတ္လုပ္မည္ ျဖစ္ပါသည္။ အဆိုပါ (2018 LS 500)တြင္ (New 3.5 L Twin-turbocharged V6 Engine)၊ (415 hp)၊ (442 lb-ft of torque)အင္ဂ်င္စနစ္ႏွင့္ (New 10-Speed Automatic Gear)တို႔အားပထမဆံုးအေနျဖင့္ ထည့္သြင္းတပ္ဆင္ထား မည္ျဖစ္ပါသည္။ ၄င္းသည္ (ေနာက္ဘီးယက္)စနစ္သံုး ကားျဖစ္ၿပီး (AWD System)ကိုလည္း မွာယူႏိုင္ရန္ထည့္သြင္းထားပါမည္။
(2018 LS 500)အား (Long-wheel base)ပံုစံ (၁)မ်ဳိးအေနျဖင့္သာ ထုတ္လုပ္မည္ဟု ျဖစ္ပါသည္။ ၄င္း၏ အျပင္ဖက္ ဒီဇိုင္းအား (Lexus)၏ ထင္ရွားသည့္ (Spindle Grille)ဒီဇိုင္းအပါအ၀င္လက္ရွိ (LS Sedan) ထက္မ်ားစြာ ေခတ္ဆန္ၿပီး ခန္႔ထည္မႈရွိသည့္ ဒီဇိုင္းအသစ္ျဖင့္ ဖန္ထီးထားမည္ျဖစ္ပါသည္။ ထုိ႔အတူ အတြင္းခန္းဒီဇိုင္းကိုလည္း က်ယ္၀န္းသပ္ရပ္ၿပီး ေခတ္ဆန္မႈကို ဦးစားေပးထား မည္ျဖစ္ၿပီး (Lexus)၏ ေနာက္ဆံုးေပၚနည္းပညာႏွင့္ ပါ၀င္မႈမ်ားစြာကို ထည့္သြင္းထားမည္ ျဖစ္ပါသည္။
(2018 Lexus LS 500)၏ တန္ဖိုးက်သင့္မႈအား (Lexus)မွ ထုတ္ျပန္ထားျခင္း မရွိပါ။ ထုိအတူ ကမၻာ့ေစ်းကြက္သို႔ စတင္ေရာင္းခ်မည့္ အခ်ိန္ကိုလည္း အတိအက် ထုတ္ျပန္ျခင္းမရွိပဲ (2017)ႏွစ္ကုန္ ကာလခန္႔တြင္သာ အမွာစာမ်ား လက္ခံမည္ဟုသာ ေျပာၾကားထားပါသည္။