Unicode version…

မကြာမီကကျင်းပခဲ့သည် အမေရိကန်နိုင်ငံရှိ (Chicago Auto Show)တွင် ဂျပန်အခြေစိုက် (Subaru) ကားကုမ္မဏီမှ ၄င်း၏ နာမည်ကျော် (Legacy)၏ (2018 Legacy Model) အားမိတ်ဆက်ပြသခဲ့ ပါသည်။ (2018 Legacy)သည် (Legacy)၏ (Midgeneration Model)အားအဆင့်မြှင့်တင် ထုတ်လုပ် ထားသည့်ကားဖြစ်ပြီး (Midsize Sedan)အမျိုးအစားလည်း ဖြစ်ပါသည်။

(2018 Legacy)၏အရှေ့နှင့်အနောက်

ဒီဇိုင်းများအားအသစ်ဖန်တီးထားပြီးအတွင်းခန်းရှိ(Center Console Design)ကိုလည်းပုံစံအသစ်ဖြင့် ဖန်တီးထားပါသည်။ ၄င်းတွင် (New 6.5-inch Infotainment System)ကိုမိတ်ဆက်ထည့်သွင်းထားပြီး ၄င်းနှင့်တွဲဖက်အသုံးပြုနိုင်ရန်(Apple Car Play)(Android Auto)တို့အားထည့်သွင်းထားပါသည်။ ထို့အတူ(Dashboard) ပေါ်တွင် လှပသည့်ဒီဇိုင်းရှိသည့် (နာရီ)ကိုလည်းထူးခြားစွာထည့်သွင်းထားပါသည်။ထို့အပြင်(Rearview Camera)၊ (Xenon head lights)၊ (Premium Leather Interior)စသည့် ပါ၀င်မှုများကိုလည်း စုံလင်စွာထည့်သွင်းထားပါသည်။

(2018 Subaru Legacy)တွင် (2.5 L Flat I4 Engine)၊ (175 hp)အင်ဂျင်နှင့် (3.6 L Flat I6 Engine)၊ (256 hp)အင်ဂျင်တို့အားတပ်ဆင်ထားပါသည်။ (2018 Legacy)သည် (AWD System)တို့ အသုံးပြုထားပါသည်။

(2018 Subaru Legacy) အားယခုနှစ်နွေရာသီအချိန်တွင် စျေးကွက်သို့ စတင်ရောင်းချမည် ဖြစ်ပြီး (U.S $ 23000)ခန့်မှ စတင်ရောင်းချမည် ဖြစ်ပါသည် (Subaru)၏ (Icon)ကားအနေဖြင့် ရရှိထားသည့် ဂုဏ်သတင်းကိုဆက်လက်ထိန်းသိမ်းမည့် ကားပင်ဖြစ်ပါကြောင်း။

Zawgyi version..





(2018 Subaru Legacy) အားယခုနှစ်နွေရာသီအချိန်တွင် ဈေးကွက်သို့ စတင်ရောင်းချမည် ဖြစ်ပြီး (U.S $ 23000)ခန့်မှ စတင်ရောင်းချမည် ဖြစ်ပါသည် (Subaru)၏ (Icon)ကားအနေဖြင့် ရရှိထားသည့် ဂုဏ်သတင်းကိုဆက်လက်ထိန်းသိမ်းမည့် ကားပင်ဖြစ်ပါကြောင်း။