Unicode version..
မကြာမှီကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံရှိ (LA Auto Show)တွင် (Toyota)မှ (2018 C-HR) အားမိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းသည် ယခင်က(Toyota)၏ (Branch)တစ်ခုဖြစ်သည့် (Scion)၏ (Concept Car)ဖြစ်ခဲ့ပြီးယခုအခါ (Scion)အားထုတ်လုပ်ခြင်းမရှိပါ။
(2018 Toyota C-HR)သည် (Compact-crossover 4-door coupe)ကားဖြစ်ပြီးခေတ်ဆန်သည့် ဒီးဇိုင်းဖြင့် ဖန်တီးထားသော (Ground Clearance )မြင့်မားသည့်ကားလည်းဖြစ်ပါသည်။ ၄င်း၏ အပြင်ဖက် ဒီဇိုင်းတွင်အနောက်သို့လျောဆင်းနေသည့်ပုံစံအသစ်ဖြင့်ဖန်တီးထားကာအနောက်တံခါးဒီဇိုင်းအသစ်များလည်းထည့်သွင်းထားပါသည်။
(2018 Toyota C-HR)၏ အတွင်း၊ အပြင်ဖန်တီးမှုများအား (ဥရောပ)နှင့် (မြောက်အမေရိက)စျေးကွက်များနှင့် ကိုက်ညီမူရှိစေရန်နှင့် ထိုဒေသမှ ကားချစ်သူများနှစ်သက်စေရန် အဓိကဖန်တီးခြင်း ဖြစ်ပါသည်။
၄င်းသည် (ရှေ့ဘီးယက်စနစ်)သုံးထားဖြစ်ပြီးအင်ဂျင်အနေဖြင့် (2.0L I4 Engine၊ (144 hp)၊ (139 lb-ft of torque)အင်ဂျင်စနစ်နှင့်် (CVT-Automatic)စီယာစနစ်တို့အားတွဲဖက်ထားပါသည်။
(2018 Toyota C-HR)၏ စျေးနှုန်းအား(Toyota)မှ ကြေငြာထားခြင်းမရှိသော်လည်း ၄င်းသည် (US $ 20000)၀န်းကျင်ဖြင့် စျေးသက်မှတ်မည်ဟုသုံးသပ်မိပါသည်။
(2018 Toyota C-HR)အား (US Market)တွင် (2017)နွေဦးပေါက်ရာသီတွင် စတင်ဖြန့်ချီမည် ဖြစ်ပါသည်။ ၄င်းနှင့် စျေးကွက်ယှဉ်ပြိုင်ဖက်ဖြစ်နိုင်မည့် (Brands)များမှာ- (2017 Honda HR-V)၊ (2017 Mazda CX-3)နှင့် (2017 Mini Countryman)တို့ ဖြစ်ကြပါသည်။
Zawgyi version..
(2018 Toyota C-HR)၏ အတွင်း၊ အပြင်ဖန်တီးမှုများအား (ဥရောပ)နှင့် (မြောက်အမေရိက)ဈေးကွက်များနှင့် ကိုက်ညီမူရှိစေရန်နှင့် ထိုဒေသမှ ကားချစ်သူများနှစ်သက်စေရန် အဓိကဖန်တီးခြင်း ဖြစ်ပါသည်။
၎င်းသည် (ရှေ့ဘီးယက်စနစ်)သုံးထားဖြစ်ပြီးအင်ဂျင်အနေဖြင့် (2.0L I4 Engine၊ (144 hp)၊ (139 lb-ft of torque)အင်ဂျင်စနစ်နှင့် (CVT-Automatic)စီယာစနစ်တို့အားတွဲဖက်ထားပါသည်။
(2018 Toyota C-HR)၏ ဈေးနှုန်းအား(Toyota)မှ ကြေငြာထားခြင်းမရှိသော်လည်း ၄င်းသည် (US $ 20000)၀န်းကျင်ဖြင့် ဈေးသက်မှတ်မည်ဟုသုံးသပ်မိပါသည်။