Unicode version..

မကြာမှီကကျင်းပခဲ့သည့် အမေရိကန်နိုင်ငံရှိ (Detroit Auto Show)တွင် ကမ္ဘာကျော် (Toyota)မှ (Camry 2018 Model)အားမိတ်ဆက်ပြသခဲ့သည်။

(Toyota Comry)သည် (Toyota)၏အထူးထင်ရှားသည့် (Model) ဖြစ်ပြီးဥရောပနှင့် မြောက်အမေရိကစျေးကွက်ဒေသများတွင် အစင်းရေ(သန်း)နှင့် ချီရောင်းချအောင်မြင်ခဲ့သည့် ကားဖြစ်ပါသည်။

ထိုသို့အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သည့် (Camry)၏ (2018) Model အား – (Sporty Style) ကိုအခြေခံကာညှိုယူဖမ်းစားနိုင်သည့်အတွင်းအပြင်ပုံစံဖြင့် ဖန်တီးထားပါသည် (New Camry)အား ကျယ်ဝန်းပြီး နိမ့်ဆင်းနေသည့် (Body Style)ဖြင့် ဖန်တီးထားကာယာဉ်မောင်းထိုင်ခုံအား (Center of gravity)နှင့် ကိုက်ညီစွာတပ်ဆင်ထားပါသည်။ ထိုင်ခုံများကိုလည်းဆန်းသစ်သည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားပြီး (Dashboard Design)ကိုလည်းနောက်ဆုံးပေါ်ဒီဇိုင်းဖြင့် ဖန်တီးထားပါသည်။

(2018 Camry)တွင် ခေတ်မှီပါ၀င်မှုနှင့် ဇိမ်ခံပစ္စည်းများစွာအားထည့်သွင်းထားပြီး ပါ၀င်မှုအသစ်များ ကိုလည်းတွေ့မြင်ရမည်ဖြစ်ပါသည်။ ၄င်းတို့မှာ (Head-up display)၊ (10-inch touchscreendisplay)၊ (Wireless map updates with Navigation)၊ (JBL audio system)၊ (Wi-Fi with 4G / TE)၊ စသည်တို့ ဖြစ်ကြပါသည်။ ထို့အတူအဆင့်မြင့်လုံခြုံရေးပါ၀င်မှုများဖြစ်ကြသည့်- (Dynamic Cruise Control)၊ (Pre-collision assistance) စသည်တို့ကိုလည်း (2018 Camry)တွင် တွေ့မြင်ရမည်ဖြစ်ပါသည်။

(2018 Camry) တွင် အင်ဂျင်များအနေဖြင့် – (2.5 L I4 Engine) နှင့်(3.5 L V6 Engine)တို့အားတပ်ဆင်ထားပါသည်။ထို့အတူ(8-Speed Automatic Gecrbox)ကိုလည်းထည့်သွင်းထားပါသည်။ (Trim Levels)များအနေဖြင့် – (LE/XLE/SE/XSE)ဟူ၍ (4)မျိုးခွဲခြားထားပါမည်။

(2018) Toyota Camry)အား (2017)နွေရာသီကုန်ခန့်တွင် စတင်ရောင်းချမည်ဖြစ်ပြီး (US $ 23070)မှ စတင်စျေးနှုန်းသတ်မှတ်မည်ဖြစ်ပါသည်။

Zawgyi version..

မၾကာမွီကက်င္းပခဲ့သည့္ အေမရိကန္ႏိုင္ငံရွိ (Detroit Auto Show)တြင္ ကမၻာေက်ာ္ (Toyota)မွ (Camry 2018 Model)အားမိတ္ဆက္ျပသခဲ့သည္။

(Toyota Comry)သည္ (Toyota)၏အထူးထင္ရွားသည့္ (Model) ျဖစ္ၿပီးဥေရာပႏွင့္ ေျမာက္အေမရိကေစ်းကြက္ေဒသမ်ားတြင္ အစင္းေရ(သန္း)ႏွင့္ ခ်ီေရာင္းခ်ေအာင္ျမင္ခဲ့သည့္ ကားျဖစ္ပါသည္။

ထုိသို႔ေအာင္ျမင္မႈသရဖူေဆာင္းႏိုင္ခဲ့သည့္ (Camry)၏ (2018) Model အား – (Sporty Style) ကိုအေျခခံကာညိႈယူဖမ္းစားႏိုင္သည့္အတြင္းအျပင္ပံုစံျဖင့္ ဖန္တီးထားပါသည္ (New Camry)အား က်ယ္၀န္းၿပီး နိမ့္ဆင္းေနသည့္ (Body Style)ျဖင့္ ဖန္တီးထားကာယာဥ္ေမာင္းထုိင္ခံုအား (Center of gravity)ႏွင့္ ကိုက္ညီစြာတပ္ဆင္ထားပါသည္။ ထုိင္ခံုမ်ားကိုလည္းဆန္းသစ္သည့္ ဒီဇိုင္းပံုစံျဖင့္ ဖန္တီးထားၿပီး (Dashboard Design)ကိုလည္းေနာက္ဆံုးေပၚဒီဇိုင္းျဖင့္ ဖန္တီးထားပါသည္။

(2018 Camry)တြင္ ေခတ္မွီပါ၀င္မႈႏွင့္ ဇိမ္ခံပစၥည္းမ်ားစြာအားထည့္သြင္းထားၿပီး ပါ၀င္မႈအသစ္မ်ား ကိုလည္းေတြ႔ျမင္ရမည္ျဖစ္ပါသည္။ ၄င္းတို႔မွာ (Head-up display)၊ (10-inch touchscreendisplay)၊ (Wireless map updates with Navigation)၊ (JBL audio system)၊ (Wi-Fi with 4G / TE)၊ စသည္တို႔ ျဖစ္ၾကပါသည္။ ထုိ႔အတူအဆင့္ျမင့္လံုၿခံဳေရးပါ၀င္မႈမ်ားျဖစ္ၾကသည့္- (Dynamic Cruise Control)၊ (Pre-collision assistance) စသည္တို႔ကိုလည္း (2018 Camry)တြင္ ေတြ႔ျမင္ရမည္ျဖစ္ပါသည္။

(2018 Camry) တြင္ အင္ဂ်င္မ်ားအေနျဖင့္ – (2.5 L I4 Engine) ႏွင့္(3.5 L V6 Engine)တို႔အားတပ္ဆင္ထားပါသည္။ထုိ႔အတူ(8-Speed   Automatic Gecrbox)ကိုလည္းထည့္သြင္းထားပါသည္။ (Trim Levels)မ်ားအေနျဖင့္ – (LE/XLE/SE/XSE)ဟူ၍ (4)မ်ဳိးခြဲျခားထားပါမည္။

(2018) Toyota Camry)အား (2017)ေႏြရာသီကုန္ခန္႔တြင္ စတင္ေရာင္းခ်မည္ျဖစ္ၿပီး (US $        23070)မွ စတင္ေစ်းႏႈန္းသတ္မွတ္မည္ျဖစ္ပါသည္။