Unicode version…
ဂျပန်အခြေစိုက် ကမ္ဘာကျော် (Toyota)မှ ၄င်း၏ (မြောက်အမေရိကစျေးကွက်ရှိ (Models)များအနက်နာမည်ကျော် (Camry)၏ ဒီဇိုင်းအသစ်ဖြစ်သည့် (2018 All-New Camry Sedan)အားလာမည့် (2017 နှစ်ဦးပိုင်းတွင် အမေရိကန်နိုင်ငံဒီတရွိုက်မြို့တွင် ကျင်းပမည့် (Detroit Auto Show)တွင် ဖွင့်ဖော်ပြသမည်ဖြစ်ပါသည်။
(2018 Toyota Camry)၏ ဒီဇိုင်းပုံစံအားလက်ရှိ (Camry Sedan)နှင့် လုံးဝကွဲပြားသည့် ဒီဇိုင်းဖြင့် ဖန်တီးထားမည့်ဖြစ်ပြီး (New Camry Model)၏ ဒီဇိုင်းသည် (Toyota Corolla)နှင့် (Toyota Prius)တို့၏ အသစ်ပြောင်းလဲမည့် ဒီဇိုင်များ၏ ပထမခြေလှမ်းဟုလည်းဆိုနိုင်ပါမည်။ ၄င်း၏ အပြင်ဖက် ဒီဇိုင်းအား ဂန္တဝင်ဆန်မှုနှင့် ခေတ်ဆန်ခြင်းတို့အားပေါင်းစပ်ထားပြီးဆန်းသစ်သည့် (LED taillights)များနှင့် (Front lights)များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ (New Camry)၏ အပြင်ဖက် ဒီဇိုင်းပုံစံသည် (New Prius) ၏ ဒီဇိုင်းအားအခြေခံကာပို၍ လှပဆန်းသစ်ပြီး နှစ်လိုဖွယ် ဒီဇိုင်းဖြင့် ဖန်တီးထားပါသည်။
ကားအတွင်းခန်းဒီဇိုင်းအနေဖြင့်ကျယ်ဝန်းသပ်ရပ်သည့်ပုံစံဖြင့်စတင်ထားကာပြေပြစ်ပြီး အနောက်ဖက်သို့လျောဆင်းသွားမည့်ဒီဇိုင်းဖြင့်ဖန်တီးထားပါသည်။ ဘေးတံခါးများကိုလည်း (Coupeliks windows)ပုံစံများဖြင့် ဖန်တီးထားပါသည်။
(2018 Camry)တွင် (Trim)အသစ်တစ်မျိုးဖြစ်သည့် (XSE Trim) အားထည့်သွင်းထားမည်ဖြစ်ပြီး ၄င်း (Trim)တွင် (Sporty style elements)၊ (ပါးလျသည့် steering wheel)နှင့် (Sport suspension tuning)တို့အားထည့်သွင်းထားသည်ဖြစ်ပါသည်။ ထို့အတူ လက်ရှိပါ၀င်သည့် (LE)နှင့် (XLE)Trims များကိုလည်း (2013 Camry)တွင် ဆက်လက်ထည့်သွင်းထားပါသည်။
(2018 Toyota Camry)၏ အသေးစိတ်အချက်အလက်များအား(2018) (January 8)မှ (January 10)အတွင်းကျင်းပမည့် (Detroit Auto Show)တွင် ပြသမည်ဖြစ်ပါသည်။
Zawgyi version…
ဂျပန်အခြေစိုက် ကမ္ဘာကျော် (Toyota)မှ ၄င်း၏ (မြောက်အမေရိကဈေးကွက်ရှိ (Models)များအနက်နာမည်ကျော် (Camry)၏ ဒီဇိုင်းအသစ်ဖြစ်သည့် (2018 All-New Camry Sedan)အားလာမည့် (2017 နှစ်ဦးပိုင်းတွင် အမေရိကန်နိုင်ငံဒီတရွိုက်မြို့တွင် ကျင်းပမည့် (Detroit Auto Show)တွင် ဖွင့်ဖော်ပြသမည်ဖြစ်ပါသည်။