Unicode version…
(2018) Volkswagen Atlas: L A Auto Show
မကြာသေးမီကကျင်းပခဲ့သည့်အမေရိကန် နိုင်ငံ၏နာမည်ကျော် (L.A Auto Show)တွင် ဂျာမနီအခြေစိုက် ကမ္ဘာကျော် (Volkswagen)မှ ၄င်း၏ (Midsize Crossover)အသစ် တစ်မျိုးဖြစ်သည့် (2018 Volkswagen Atlas)အားမိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းသည် ခရီးသည် (5)ယောက် (သို့) (7)ယောက် ခန့်စီးနိုင်မည့်ကားဖြစ်ပြီး (အမေရိကန်ပြည်ထောင်စု)အတွက် အထူးသီးသန့်ဒီဇိုင်းဖြင့် ဖန်တီးတားသည့် ကားလည်းဖြစ်ပါသည်။ (2018 VW Atlas)အားအမေရိကန် နိုင်ငံ (တန်နဆီပြည်နယ်)ရှိ (Chattanooga City)တွင် ထုတ်လုပ်တပ်ဆင်ပါသည်။
(2018 VW Atlas)တွင် (Basic)နှင့် (Alternatively)ဟူ၍ (Trim Level) (၂)မျိုးခွဲခြားထားမည် ဖြစ်ပြီး (Basic)တွင် (အရှေ့ဘီးယက်စနစ်)နှင့်အတူ (2.0L Turbocharged I4 Engine)၊ (338 hp) အင်ဂျင်တို့ တပ်ဆင်ထားပါမည်။ (Alternatively)တွင်မူ (AWD System)နှင့်အတူ (3.6 V6 Engine၊ (280 hp) အင်ဂျင်တို့အားတွဲဖက်တပ်ဆင်ထားပါမည်။
ထို့အတူအဆင့်မြင့်နည်းပညာသုံးပါ၀င်မှုများဖြစ်ကြသည့် (Volkswagen Digital Cockpit)၊ (Infotainment System-Smartphone integration/ Apple Car Play / Android Auto)စသည့်ပါ၀င်မှုများကိုလည်း (2018 VW Atlas)တွင် ထည့်သွင်းထားမည်ြ့ဖစ်ပါသည်။
(2018 VW Atlas)အားလာမည့် (2017) နွေဦးပေါက်ကာလတွင် စတင်၍ ရောင်းချမည်ဖြစ်ပြီးခန့်မှန်းတန်ဖိုး (US$ 32000) ခန့်မှစတင်မည်ဟူ၍ (Volkswagen)မှ (L.A Autoshow)တွင် ပြောကြားခဲ့ပါသည်။
(2018 VW Atlas)အားအထက်တွင်ဆိုခဲ့သည့်အတိုင်းပုံမှန် (5)ဦးစီးမှ ခုံ (3)တန်းအနေအထား (7)ဦးစီးပုံစံဟူ၍ (Body Type) (၂)မျု်းထုတ်လုပ်မည်ဖြစ်ပါသည်။ အဓိကအားဖြင့် အရွယ်ရောက်ပြီးခရီးသည်များ အဆင်ပြေစွာစီးနင်းနိုင်မည့် ထိုင်ခုံအနေအထားနှင့် အကျယ်အဝန်းများဖြင့် ဖန်တီးထားမည် ဖြစ်ပါသည်။ (L.A Auto Show)တွင် ပြသခဲ့သည်။ (VW Atlas)၏ (Cargo Space)သည် (96.8 cu ft )ခန့် အကျယ်ရှိသည်ကိုတွေ့မြင်ရပါမည်။
vw-1 vw-2 vw-3 vw-4 vw-6 vw-7
Zawgyi version..
(2018) Volkswagen Atlas: L A Auto Show