Unicode version…
(Vehicle-to-Infrastructure Technology)ခေါ် (မော်တော်ယာဉ်မှ ပါ၀င်ပေါင်းစပ်ထားသည့် အစိတ်အပိုင်းများသို့ရောက်ရှိခြင်းဆိုင်ရာနည်းပညာ)အားကမ္ဘာကျော် (AUDI)မှ စတင်မိတ်ဆက်တီထွင် လိုက်ပါသည်။ (Audi)သည် (V2I) နည်းပညာ၏ ပထမခြေလှမ်းအနေဖြင့် မော်တော်ယာဉ်နှင့် ပတ်ဝန်းကျင် တွင်ပါ၀င်ပေါင်းစပ်သည့် အစိတ်အပိုင်းများအားဆက်သွယ်ခြင်းဆိုင်ရာဖြင့် စတင်ထားပါသည်။ (Audi)မှ ထိုနည်းပညာအား (Traffic Light Information-TLI)ဟုအမည်သက်မှက်ထားပါသည်။
(Audi)၏ (TLT)နည်းပညာမှာမြို့တွင်း၌ မီးပွိုင်များ၏ အချိန်ကြာမြင့်မှုကြောင့် ဆုံးရှုံးနိုင်မည့် ခရီးအချိန်များအားကာမိစေရန်နှင့် ယာဉ်၏ သွားမည့်လမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် မီးပွိုင်များ၏ (မီးနီ၊ မီးစိမ်း)ရေတွက်မှုများအား ကြိုတင်သိရှိပြီးသုံးသပ်နိုင်ရန် ကားနှင့် ချိတ်ဆက်ထားမည့် နည်းပညာ ဖြစ်ပါသည်။
(Audi’s TLI)နည်းပညာသည် (4 G LTE Technology)အားအသုံးပြုကာမော်တော်ယာဉ်သွားမည့် ခရီး၏အနီးဆုံးဖြစ်သည့် မှတ်တိုင်များ၏ (မီးနီ၊ မီးစိမ်း)အား(Second-to-second Countdown) စနစ် ဖြင့် တွက်ချက်ပြီးထား၏ (Head-up display)တွင် ဖော်ပြပေးမည်ဖြစ်ပါသည်။ ထိုအခါ ယာဉ်မောင်အနေ ဖြင့် ၄င်း၏သွားရောက်မည့် ခရီးအကွာအဝေးကြာမြင့်ချိန်အားအနီးစပ်ဆုံးခန့်မှန်းနိုင်မည်ဖြစ်ပါသည်။ ထိုစနစ်အား (မြို့တွင်ဧရိယာ)တွင်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ (Audi) ယာဉ်မောင်းအနေဖြင့် ထိုစနစ် ကိုအသုံးပြုရန် (In Car Navigation System)ကိုလည်းမဖြစ်မနေထည့်သွင်းထားရန်လိုပါသည်။
(Audi)၏ (TLI)နည်းပညာအား ၄င်း၏ (2017 A4)နှင့် (2017 Q7)တို့တွင် ပထမဆုံးထည့်သွင်းထားသည့် ဖြစ်ပါသည်။ထို့အပြင် ထိုစနစ်နှင့် ပထမဆုံးချိတ်ဆက်ထားသည့် မြို့အား (အမေရိကန်)နိုင်ငံရှိ(Las Vegas) မြို့အားရွေးချယ်ထားပြီး ၄င်းမြို့တွင်းရှိ(မီးပွိုင့် ၁၁၀၀ မှ ၁၃၀၀)၀န်းကျင်နှင့် (Audi’ TLI)တို့အား (Regional Transportation Commission of Southern Nevada)၏ ဦးဆောင်မှုဖြင့် ချိတ်ဆက်အဆုံးပြုနိုင်မည် ဖြစ်ပါသည်။
ယခုပထမခြေလှမ်းမှ တဆင့် (Audi)သည် ၄င်း၏ (TLI) နည်းပညာအားကမ္ဘာအနှံ့တွင် ကျယ်ပြန့် စွာအသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ဟုသိရှိရပါသည်။
Zawgyi version…