Bentley’s Bentaygn Milliner takes two- tone to a new level of excess
Bentayga SUV သည် ကမ္ဘာကျော် Bentley ၏ ပထမဆုံးထုတ် SUV ဖြစ်ပြီးကမ္ဘာ့ထိပ်တန်း Crossover SUV လည်းဖြစ်ပါသည်။ Bentayga အား အထူးတန်ဖိုးမြင့်ပါဝင်မှုများစွာဖြင့်ဖန်တီးထားပြီး အလွန်ကြွယ်ဝသည့်ပုဂ္ဂိုလ်များအတွက် အဓိကရည်ရွယ်ထုတ်လုပ်ခဲ့ပါသည်။
Bentley သည် ၄င်း၏ Bentayga အား အချို့သော ကားချစ်သူများအတွက် ပါဝင်မှုများအထူး စုံလင်စွာပါရှိနိုင်ရန် Mulsanne Sedon နှင့် Continental GT Sedan တို့မှ Special Features များကို ရယူထားသည့် Bentayga Mulliner အား Special Edition အား ယခု (2017)တွင် ထပ်မံထုတ်လုပ်လိုက် ပါသည်။
အဆိုပါ Model အသစ်အား ယခုနှစ် April တွင် စတင်ရောင်းချမည်ဖြစ်ပြီး ၄င်းတွင် Two-Tone ဆေးရောင်များအပါအ၀င် Feature များမှာ ထည့်သွင်းထားမည်ဖြစ်ပါသည်။ ၄င်း၏ အလွိုင်းဘီးများအား Exculive 22-inch ဒီဇိုင်းဖြင့် ဖန်တီးထားပြီး Bentley၏ သင်္ကေတအား လှပစွာထည့်သွင်းထားပါသည်။
ထို့အပြင် ၄င်း၏ Grille အောက်ဖက်တွင် Chrome ဖြင့် ဖန်တီးထားပါသည်။
Bentayga Mulliner ၏ Two-tone ဆေးရောင်အား ကား၏အပြင်ဖက်တွင်သာမကဘဲအတွင်းခန်း တွင်လည်း ရွေးချယ်မှာယူနိုင်မည်ဖြစ်ပါသည်။ အဆိုပါနှစ်ေ၇ာင်စပ်အား သားရေထိုင်ခုံများ၊ အတွင်းခန်း ပတ်လည်တွင်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။အခြားသောပါဝင်မှုများဖြစ်ကြသည့် (ပျော်ပွဲစားအတွက် ခေါက်စားပွဲငယ်)(ရေခဲသေတ္တာ)တို့အပါအ၀င် Mulliner Tourbillon Automatic Clock ကိုလည်း ယခု Bentayga Mulliner တွင် ပထမဆုံးထည့်သွင်းထားမည်ဖြစ်ပါသည်။
Bentlay Bentayga Mulliner SUV အား (US Market) တွင် (US$ 229100) မှစတင် ရောင်းချ မည်ဖြစ်ပြီး အပိုဆောင်းပါဝင်ပစ္စည်း (Option Packages)များအတွက် ဈေးနှုန်းများထပ်မံကျသင့်မည် ဖြစ်ပါသည်။