Unicode version…
Zawgyi version…
ကမ္ဘာကျော် (Honda) ၏ (Luxury Branch)ဖြစ်သည့် (Acura) သည် (2017) Model Year အတွက် ၄င်း၏ကားများအား (Year Changes) အနေဖြင့် ပုံစံအသစ်များဖြင့် ထုတ်လုပ်ခြင်း၊ ပါဝင်မှု များအသစ်ထည့်သွင်းခြင်းများအပြင် (All-New Model) ဖြစ်သည့် (Acura NSX) ကိုမိတ်ဆက်ခြင်းစသည် တို့ဖြင့် ကမ္ဘာကဇိမ်ခံကားလောကတွင် စာမျက်နှာသစ်ဖွင့်လှစ်လိုက်ပါသည်။
Acura NSX : (2017 NSX) ယခင် (Honda NSX)သည် (Acura)၏ (All-New Model)ဖြစ်ပြီး ၄င်းတွင် (Hybrid V6 Engine) နှင့် (Twin Motor Unit) တို့ ထည့်သွင်းဖန်တီးထားပါသည်။ ၄င်း၏ ဒီဇိုင်းအားထူးခြားလှပသည့် (Sporty) ပုံစံဖြင့် အဓိကဖန်တီးထားပြီး (Acura)၏ နောက်ဆုံးပေါ်ပါဝင်မှုများကိုလည်းစုံလင်စွာထည့်သွင်းထားပါသည်။ (NSX)သည် (Performance)အနေဖြင့် ထိပ်တန်းအဆင့်ရှိသည့် (Acura)၏ တန်ဖိုးမြင့် (Model) တစ်ခုဖြစ်ပါသည်။
Acura ILX :(2017 ILX Sedan) အနေဖြင့် အရောင်အသစ်များဖြစ်ကြသည့် (Lunar Silver Metallic) ၊ (San Marino Red) စသည့်အပြင်ဖက်အရောင်အသစ်များအား (2017 Model)တွင် ဖြည့်စွက်ထားပါသည်။
Acura TLX : (2017 TLX) သည် ၄င်း၏ (Third Model Change)အဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး ၄င်းတွင် (San Marino Red) (Modern Steel Metallic)စသည့်အပြင် အရာင်အသစ်များအပြင် (GI Package) အမည်ရှိသည့် (Trim Level)အသစ်လည်းထည့်သွင်းခဲ့ပါသည်။
Acura MDX: (Acura)၏ နာမည်ကျော် (MDX) သည် (2017) တွင် ၄င်း၏ (Fourth Model Change) အနေဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး ၄င်းတွင်ပါဝင်မှုအသစ်များဖြစ်ကြသည့် (Acura Watch)၊ (Electric parking brake)၊ (Second-Row Captains Chair)စသည့်ပါဝင်မှုအသစ်များအားထည့်သွင်းထားပါသည်။ ထို့အပြင် (Styling Updates) အနေဖြင့် (New Grille) (New Front and Rear Fascia)ဒီဇိုင်းအသစ်မျိုး ဖြင့် ဖန်တီးထားပါသည်။
Acura RDX :(2017 RDX) တွင် အရောင်အသစ် (၂)မျိုးဖြစ်သည့် (Lunar Silver Metallic)နှင့် (Modern Steel Metallic) (၂)မျိုးအားထပ်မံထည့်သွင်းထားပါသည်။