Unicode verison…
မကြာသေးမှီကကျင်းပခဲ့ သည့် အမေရိကန်နိုင်ငံရှိ (L.A Auto Show)တွင် ကမ္ဘာကျော် (Acura)မှ ၄င်း၏ (Precision Cockpit Concept)အားမိတ်ဆက်ပြသခဲ့ပါသည်။ ၄င်း (Concept)သည် ကား၏အတွင်းခန်းဧရိယာတစ်ခုလုံးဒီဇိုင်းပုံစံဖြစ်ပြီးကားအပြင်ကိုယ်ထည်မပါရှိပါ။ထိုထူးခြားသည့် (Cockpit Concept) သည် (Acura)မှ ၄င်း၏ အနာဂတ်နည်းပညာများဖြင့် ပြည့်စုံစွာဖန်တီးထားသည့် ကားအတွင်းခန်းဖွဲ့စည်းမှု တစ်ခုဖြစ်ပြီးကားအပြင် ကိုယ်ထည်မပါရှိသည့် ခံစားမှုအသစ်ကိုကားချစ်သူများမှ သိရှိနိုင်ရန်အတွက် လည်း ပြသခြင်းဖြစ်ပါသည်။
(Precision Cockpit Concept)တွင်စိတ်ဝင်စားဖွယ် ပါ၀င်မှုများဖြစ်ကြသည်။ (Alcantara faux suede).(Leather)၊ (Wood)၊ (Brushed metal )၊ (Moody ambient lighting)နှင့် (Configurable display/touchpad)စသည် ပါ၀င်မှုများကို စုံလင်စွာထည့်သွင်းထားပါသည်။ထို့အတူ (Dashboard) ဧရိယာရှိ (Driver’s screen)အား (3-D Display Feature)ဖြင့် ပထမဆုံးအနေဖြင့် (Acura)မှ မိတ်ဆက် ထည့်သွင်းထားပါသည်။ထို (Display Screen)သည်ယာဉ်မောင်းအတွက် လိုအပ်မည့် သတင်းအချက် အလက်များအား (သုံးဖက်မြင်ရုပ်လုံးကြွနည်းပညာ)ဖြင့် လွယ်ကူရှင်းလင်းစွာ ပြသပေးသည်ဖြစ်ပါသည်။
(Dashboard Area)တစ်ခုလုံးကိုလည်းအသုံးပြုသူနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး လွယ်ကူစွာအသုံးပြုနိုင်သည့် (Touchpad)နှင့် ခလုတ်များစွာဖြင့် တန်ဆာဆင်ထားပါသည်။ယခု (Cockpit Concept) ၏ အခြေခံဒီဇိုင်းအား (Acura)၏ (2017 NSX Hybrid Sport Model)တွင် ထည့်သွင်းထားပါသည်။ (Cockpit Concept)၏ အဓိကရည်ရွယ်ချက်သည် – အနာဂတ်တွင် တီတွင်မည့် နည်းပညာများအားအသုံးပြုသူများမှ ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စဉ်ဆက်မပြက် တီထွင်မှုများကိုလည်းကားချစ်သူများကျယ်ပြန့်စွာသိရှိရန် ရည်ရွယ်ပါသည် – ဟု (Acura)မှ (Executive Creative Director)ဖြစ်သူ (Mr Dave Maek) မှ ပြောကြားထားပါသည်။acura-precision-cockpit-1 acura-precision-cockpit-2 acura-precision-cockpit-4 acura-precision-cockpit-5
Zawgyi version…