Unicode version…
(Alfa Romeo)သည် ကမ္ဘာ့ကျော် (Automaker)တစ်ခုဖြစ်ပြီး အီတလီ နိုင်ငံထုတ် (Brand)လည်း ဖြစ်ကာ လှပဆန်းသစ်သည့် ကားများ ဖန်တီးမှုဖြင့် ထင်ရှားပါသည်။
ကမ္ဘာ့ကျော် (Alfa Romeo)၏ သမိုင်းကြောင်းအား စတင်လေ့လာကြည့်ပါက – ၄င်းအားပြင်သစ် လူမျိုးစွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည့် (Mr Alexandre Darracq)ဆိုသူမှ (1910)ခုနှစ်တွင် (ALFA)အမည် ဖြင့် အီတလီနိုင်ငံ (မီလန်)မြို့တွင် စတင်တည်ထောင်ခဲ့ပါသည်။ (ALFA) ၏ အဓိပ္ပာယ်မှာ (Anomia Lambarda Fabbrica Automobili)ဖြစ်ပါသည်။ ပထမဆုံး (ALFA)သည် အင်ဂျင်နီယာ ဒီဇိုင်းဆိုင်ရာနှင့် မော်တော်ဆိုင်ကယ် ဒီဇိုင်းများဖြင့် ထင်ရှားခဲ့ပါသည်။ ထို့နောက် (1915)ခုနှစ်တွင် (Mr Neapolitan Nicola Romea)ဆိုသူမှ (ALFA)အား ၀ယ်ယူခဲ့ပြီး (Alfa Romeo)အနေဖြင့် (1920, 30, 40)ပြည့်နှစ်ကာလများ အတွင်း (Racing / Sport Cars / Grand Touring) စသည့်ကားများကို ကျယ်ပြန့်စွာထုက်လုပ်နိုင်ခဲ့ပါ သည်။ (Alfa Romeo)၏ (ပြိုင်ကား)များအား (Mr Enzo Ferrari)ဆိုသူပြိုင်ကားမောင်း သူတစ်ဦးမှ (1920) ပြည့်နှစ်များတွင် အဓိကမောင်းနှင့်ခဲ့ပါသည်။ ထို့နောက် ၄င်းသည် (1937)ခုနှစ်တွင် ကားပြိုင်ပွဲများမှ ထွက်ခွာသွားကာ (1940)ခုနှစ် အစောပိုင်း ကာလများတွင် (Ferrari)ပြိုင်ကားကုမ္ပဏီအား တည်းထောင် ခဲ့ပါသည်။
(Alta Roman)၏ အထက်ပါ ဆယ်ခုနှစ်များအတွင်း – (P3/8C 2300/6C Models)များကို ထုက်လုပ်နိုင်ခဲ့ပါသည်။ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း(1950-1960)ကာလများတွင်-(Giulietta/ Giulia/ Spider Duetto) စသည့် (Models)များအားထုတ်လုပ်ခဲ့ပါသည်။ (1970-1980)ပြည့်နှစ်ကာလများတွင် (Spider / Spirited GTV)စသည့် ပြိုင်ကားများ အပြင် (164 Sedan) ကိုလည်း ထုတ်လုပ်ခဲ့ပါသည်။ ထိုကာလများ တွင် (Alfa Romeo)၏ ရောင်းအားများ ကျဆင်းခဲ့မှုကြောင့် (1986)တွင် (FIAT) မှ လွဲပြောင်းရယူခဲ့ပါသည်။ သို့သော် ကျဆင်းနေသည့် ကုမ္ပဏီ အခြေအနေအား ထိရောက်စွာ မတူညီနိုင်ခဲ့၍ (1995)တွင် (Alfa Romeo)သည် (US Market)မှ ထွက်ခွာခဲ့ပြီး ဥရောပစျေးကွက်တွင်သာ ဆက်လက် ရောင်းချခဲ့ပါသည်။
ထို့နောက်ဆယ်စုနှစ်ကျော်အကြာ (2008)တွင် (Alfa Romeo)သည် ၄င်း၏ ထင်ရှားခဲ့သည့် (8C Sport Car)ဖြင့် (U.S)သို့ တဖန်ပြန်လည်ရောက်ရှိခဲ့ပါသည်။ ထို့နောက် (အစင်းရေ 500)ခန့် ရောင်းချခဲ့ပြီး ဆက်လက်မထုတ်လုပ်ပဲ (2014)ခုနှစ်တွင် (Alfa Romeo 4C)၊ အမျိုးအစားကားဖြင့် (U.S Market)သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အခြားသော (Model)များလည်း ရောင်းချနိုင်ခဲ့ပါသည်။
(Alfa Romeo 4C)အား ထူးခြားစွာ ဖန်တီးခဲ့ပြီး (U.S)စျေးကွက်တွင် အစင်းရေ (1200)ခန့်သာ ကန့်သတ်ရောင်းချခဲ့ပါသည် ခင်ဗျား။
Zawgyi version..
(Alfa Romeo 4C)အား ထူးခြားစွာ ဖန်တီးခဲ့ပြီး (U.S)ဈေးကွက်တွင် အစင်းရေ (1200)ခန့်သာ ကန့်သတ်ရောင်းချခဲ့ပါသည် ခင်ဗျား။