Unicode version…
Here’s Why the Audi Q 5 and Q 7 Hove 2 Sets of Brake Lights
(Audi Q 5/ Q 7 SUVs များတွင် ဘရိတ်မီးတန်း (2)တန်း ပါရှိရခြင်း အကြောင်း။
ကမ္ဘာကျော် (Audi)မှ ထုတ်လုပ်သည့် (Audi Q 5) နှင့် (Q 7) SUVs များတွင် ထူးခြားမှုတစ်ခုဖြစ် သည့် ကားအနောက်ဖက်ရှိ (Brake Light)အား မီးတန်း (၂)တန်းဒီဇိုင်းဖြင့် ဖန်တီးထားသည်ကို တွေ့မြင် ရနိုင်ပါသည်။ ထိုကဲ့သို့ (အလင်းစူးရှတောက်ပ)သည့် နောက်မီးတန်းအား အခြားသော ကားအများစုနှင့် မတူပဲ(၂)တန်းထားရှိခြင်းမှာ စိတ်ဝင်စားဖွယ်ရာတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ပါနည်း။
(Audi Q 5 / Q 7) ကားများအား ပုံမှန်စက်နိုးထားပြီး ကားအနောက်ဖက်သို့ ကြည့်ရှုပါက နောက် ဖုံးပေါ်ရှိ နောက်မီးတန်းများသည် ပုံမှန်အလင်းရောင်ဖြင့် တွေ့မြင်ရပါမည်။ သို့သော် ကျွန်တော်တို့သည် ကားနောက်ဖုံးအား (Audi SUV)များ၏ နောက်ပုံးသည် တဝက်ခန့်ဖွင့်၊ ပိက်နိုင်သည့် ဒီဇိုင်များဖြစ်ပါသည်။ ဖွင့်လိုက်ပါက (Brake Light / Taillight / Signals / reverse light)စသည်တို့အား လိုအပ်ပါက လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့နောက် နောက်ဖုံးအားပြန်လည်ပိတ်လိုက်ပါက (ပုံမှန်မီးတန်း)သည် ပြန်လည်အလ င်းရရှိမည်ဖြစ်ပါသည်။
(Audi)မှ စတင်ထည့်သွင်းခဲ့သည့် ထိုစနစ်အားနမူနာယူကာ အခြားသော (Brands)အချို့သည် လည်း ထိုကဲ့သို့ (Taillight sets)များအား ထည့်သွင်းလာကြပါသည်။ (Lincoln MKC / MKX)တို့၏ နောက်ဆုံးပေါ် (Models)များတွင် (Second set of Brake light အား ထည့်သွင်းထားသည်ကို တွေ့မြင်ရ ပါသည်။ ထို့အတူ ကမ္ဘာကျော် (Mini)၏ (New Mini Clubman)တွင် (Second set of Brake light)အား ကား၏ အနောက်ဘေးတံခါး (2)ဖက်နှင့် (Bumper)တွင် ချိတ်ဆက်ထားပြီးနောက် ဖုံးသာမက အနောက် တံခါးများဖွင့်လိုက်ပါကလည်း (မီးလင်းလာနိုင်မည်)ဖြစ်ပါသည်။
ထိုသို့ (Driving Assistant)နည်းပညာတစ်ရပ် ဖြစ်သည့် (2 sets of Brake Lights)အား (Audi Q 5 / Q 7)တို့မှ စတင်တပ်ဆင်ထားမှုနှင့် အကျိုးရလာဒ်များအား တင်ဆက်အပ်ပါသည်ခင်ဗျာ။2-set-of-light-at-audi-1 2-set-of-light-at-audi-2 2-set-of-light-at-audi-3 2-set-of-light-at-audi-4
Zawgyi version…
- Here’s Why the Audi Q 5 and Q 7 Hove 2 Sets of Brake Lights