Unicode version…
(Audi) သည် ဂျာမနီအခြေစိုက် ကမ္ဘာကျော်ကားကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးတန်မြင့်လူစီကားမျိုးစုံအား နှစ်ပေါင်း (100) ကျော်တိုင်အောင် မြင်စွာထုတ်လုပ်နေသည့် (Brand) ဖြစ်ပါသည်။
(Audi) အားဂျာမန်လူမျိုး (Mr August Horch) မှ (1910) တွင် စတင်တည်ထောင်ခဲ့ပါသည်။ (German car-manufacturing Business) အမည်ဖြင့် စတင်ခဲ့ပြီး (1920) တွင် ၄င်း၏ (လက်တင်အမည်) ဖြစ်သည့် (Audi) အမည်ဖြင့် ပြောင်းလဲခဲ့ပါသည်။ (Audi) သည် (1932) မှစတင်၍ (Auto Union) မှ ကားထုတ်လုပ်သည့်လုပ်ငန်း (၃) ခုနှင့် ပူးပေါင်းခဲ့ပါသည်။ (1964) တွင် (Volkswagen) မှ (Audi) အားဝယ်ယူ ခဲ့ပါသည်။
(1970) ပြည့်နှစ်ဦးပိုင်းတွင် (Audi) သည် နာမည်ကျော် (100 Luxury sedan) အပါအဝင် (Compacts) (Fox Coupe) များအား (U.S Market) သို့ စတင်ရောင်းချခဲ့ပါသည်။ (1978) တွင် (100 LS) အစား (New 5000 Luxury Sedans) များအားပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။ (Audi) သည် နာမည် ကျော် (Quattro AWD Coupe) အား (1980) ဆွစ်ဇလန်တွင် ကျင်းပခဲ့သည့် (Geneva Motor Show) တွင် မိတ်ဆက်ခဲ့သည်။ ၄င်းသည် (Audi)၏ ရောင်းအားအကောင်းဆုံး(Model) ဖြစ်ခဲ့ပါသည်။ ထိုနှစ်တွင် (Fox)အား (4000) အမည်သစ်ဖြင့် ပြောင်းလဲထုတ် လုပ်ခဲ့ပါသည်။ (1984) တွင် ၄င်း၏ထိပ်တန်း (5000 model) အား (Redesigned) ဖြင့် ထုတ်လုပ်ပြီးများစွာရောင်းချနိုင်ခဲ့ပါသည်။ (1980) ပြည််နှစ်ကာလများတွင် (Redesigned 4000) (80) (90) ထို့အပြင် (1980) ပြည့်နှစ်နှောင်းပိုင်းတွင် (5000)၏ အမည်သစ်များ ဖြစ်သည့် (Turbocharged I 5 Engine)စနစ်သုံး (100) နှင့် (200 Sedan) တို့အားထုတ်လုပ်ခဲ့ပါသည်။ (1990) ပြည့်နှစ်များတွင် (100) ၏ အမည်သစ် (A6 Sedan) နှင့် (New A4) အပါအဝင် (New Cabriolet Models) များအားထုတ်လုပ်ခဲ့ပါသည်။ ထိုဆယ်ခုနှစ်အတွင် (High –Performance Version) ဖြစ်သည်။ (A8 Sedan) အားပထမဆုံးထုတ်လုပ် ခဲ့ပါသည်။ ထိုနောက် (V8 Engine) စနစ်သုံး( S 4 / S 6/ S 8 ) တို့အားဆက်လက်ဖန်တီးခဲ့ပါသည်။
ယခုလက်ရှိတွင် (Audi) အနေဖြင့် (Q7 / Q 5) ထို့ကဲ့သို့ (SUVs) များ (TT/ R8) ကဲ့သို့ (Sports) ကားများအပါအဝင်တန်းမြင့်လူစီးကားမျိုးစုံအားကျယ်ပြန့်စွာထုတ်လုပ်နေသည့် (Brand) တစ်ခုအဖြင့် ကမ္ဘာကားလောကတွင် ရပ်တည်နေသည်ကိုတွေ့ရပါသည်။
Zawgyi version…