Unicode version..

ဗြိတိန်အခြေစိုက် ကမ္ဘာကျော် (Bentley Brand)သည် ကမ္ဘာ့အကောင်းဆုံးကားများထုတ်လုပ် သည့် (Brand)ဖြစ်ပြီး ၄င်း၏ (Coupes / Sedan)နှင့် ယခုနောက်ဆုံးစတင်ထုတ်လုပ်သည့် (SUV)တို့အား (Craftsmanship-လူသား၏ လက်ဖြင့် အဓိကဖန်တီးသည်)စနစ်ဖြင့် အနုစိတ်ဖန်တီးထားပြီးနောက်ဆုံးပေါ်အဆင့်ဖြင့် နည်းပညာသုံးပါ၀င်မှုများကို ပေါင်းစပ်ထားသည်ကိုတွေ့မြင်ရပါမည်။

Bentley Motors)အား ဗြိတိသျှလူမျိုးတစ်ဦးဖြစ်သည့် (Mr Walter Owen Bentley)မှ အင်္ဂလန် နိုင်ငံတွင် (1919)ခုနှစ်၌ စတင်တည်ထောင်ခဲ့ပါသည် ထို့နောက် (1921)တွင် ပထမဆုံး (Model)ဖြစ်သည့် (Rapid 3-liter)အားစတင် ထုတ်လုပ်ခဲ့ပါသည်။ထို့နောက် အခြားသော (Models)များကိုဆက်လက် ထုတ်လုပ်ခဲပြီး (Bentley Cars)များသည် ကမ္ဘာကျော် (Le Mans)ကားပြိုင်ပွဲများတွင် အောင်မြင်မှုများလည်းရရှိခဲ့ပါသည်။

(1929)ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် စီးပွားဖျက်ကပ်များကြောင့် (Bentley)သည် ၄င်း၏ ကားထုတ် လုပ်မှုအားကမ္ဘာကျော် (Rolls-Royce)ထံသို့ (1931)တွင် စတင်ရောင်းချခဲ့ပါသည်။ (1933)တွင် (3 ½ liter Model)အား (Rolls-Royce)၏ (Chassic)ကိုအခြေခံကာမိတ်ဆက်ဖန်တီးခဲ့ပါသည်။

ထိုနောက်ပိုင်းဆယ်စုနှစ်များတွင် (Bentley)သည် မထင်မရှားအနေဖြင့်သာရပ်တည်ခဲ့ပြီးကားထုတ်လုပ်မှုများကိုလည်းအနည်းငယ်သာထုတ်လုပ်ခဲ့ပါသည်။

သို့သော် (1980) ပြည့်နှစ်များမှ စတင်ကာ (Bentley)သည်များစွာတိုးတက်ပြောင်းလဲခဲ့ပြီးယခင် ထက်ကွဲပြားသည့် (Brand Image)များကိုဖော်ထုတ်ခဲ့ပါသည်။ထိုကာလများတွင် (Bentley)၏ နာမည် ကျော် (Mulsanne Turbo Sedan) အပါအဝင် အခြားသော (Models)များစွာကိုထုတ်လုပ်ခဲ့ပါသည်။ (1990)ပြည်နှစ်များတွင် (New Continental Coupe)၊ (New Azure Convertible)နှင့် (New Arnage Sedan) တို့အားဆက်လက်ထုတ်လုပ်ခဲ့ပါသည်။ (1998)ခုနှစ် တွင်ကမ္ဘာကျော် (BMW)မှ (Rolls-Royce)နှင့် (Bentley)တို့၏ အင်ဂျင်များအားထောက်ပံ့မှုများစတင် ပေးအပ်ခဲ့ပါသည်။ထို့နောက် (2000)ပြည့်နှစ် ကာလများတွင် ဂျာမနီအခြေစိုက် (Volkswagen)မှ(Bentley)၏ရှယ်ယာများအားရယူပိုင်ဆိုင်ခဲ့ကာအရည်အသွေးတိုးတက်မှုများဖြစ်ပေါ်စေရန် လုပ်ဆောင်နိုင်ခဲ့ပါသည်။ (2000)ပြည့်နှစ် ကာလများတွင် (Continental Model)အားဆန်းသစ်သည့် ဒီဇိုင်းဖြင့် ထုတ်လုပ်ခဲ့ပြီး (4-door Version)ဖြစ်သည့်(Flying Spur)ကိုလည်းအောင်မြင်စွာထုတ်လုပ်ခဲ့ပါသည်။

ထို့နောက် (2011)ခုနှစ်တွင် (Mulsanne Flagship sedan)ကို ၄င်း (2016)ခုနှစ်တွင် (New Bentayga SUV)ကို ၄င်း၊ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါသည်။

(Bentley Models)အများစုတွင် (မြင်းကောင်ရေ 600)ခန့် ရှိကြသည့် စွမ်းအားဖြင့် (Turbocharged V12 Engines)များကို ၄င်းတပ်ဆင်ထားကြပါသည်။ ၄င်းတို့သည် (Ultra luxury Standard)ရှိကြသည့် ကမ္ဘာ့ထိပ်တန်းအဆင့်ကားများ ဖြစ်ပါကြောင်းစီစဉ်တင်ဆက်အပ်ပါသည် ခင်ဗျား။bentley-15 bentley-11 bentley-7 bentley-8

Uploaded by graham_stacey
Uploaded by graham_stacey

Uploaded by graham_stacey
Uploaded by graham_stacey

bentley-11 bentley-12

Zawgyi version..

ၿဗိတိန္အေျခစိုက္ ကမၻာေက်ာ္ (Bentley Brand)သည္ ကမၻာ့အေကာင္းဆံုးကားမ်ားထုတ္လုပ္ သည့္ (Brand)ျဖစ္ၿပီး ၄င္း၏ (Coupes / Sedan)ႏွင့္ ယခုေနာက္ဆံုးစတင္ထုတ္လုပ္သည့္ (SUV)တို႔အား (Craftsmanship-လူသား၏ လက္ျဖင့္ အဓိကဖန္တီးသည္)စနစ္ျဖင့္ အႏုစိတ္ဖန္တီးထားၿပီးေနာက္ဆံုးေပၚအဆင့္ျဖင့္ နည္းပညာသံုးပါ၀င္မႈမ်ားကို ေပါင္းစပ္ထားသည္ကိုေတြ႔ျမင္ရပါမည္။

Bentley Motors)အား ၿဗိတိသွ်လူမ်ဳိးတစ္ဦးျဖစ္သည့္ (Mr Walter Owen Bentley)မွ အဂၤလန္ ႏိုင္ငံတြင္ (1919)ခုႏွစ္၌ စတင္တည္ေထာင္ခဲ့ပါသည္ ထို႔ေနာက္ (1921)တြင္ ပထမဆံုး (Model)ျဖစ္သည့္ (Rapid 3-liter)အားစတင္ ထုတ္လုပ္ခဲ့ပါသည္။ထုိ႔ေနာက္ အျခားေသာ (Models)မ်ားကိုဆက္လက္ ထုတ္လုပ္ခဲၿပီး (Bentley Cars)မ်ားသည္ ကမၻာေက်ာ္ (Le Mans)ကားၿပိဳင္ပြဲမ်ားတြင္ ေအာင္ျမင္မႈမ်ားလည္းရရွိခဲ့ပါသည္။

(1929)ခုႏွစ္တြင္ ျဖစ္ေပၚခဲ့သည့္ စီးပြားဖ်က္ကပ္မ်ားေၾကာင့္ (Bentley)သည္  ၄င္း၏ ကားထုတ္ လုပ္မႈအားကမၻာေက်ာ္ (Rolls-Royce)ထံသို႔ (1931)တြင္ စတင္ေရာင္းခ်ခဲ့ပါသည္။ (1933)တြင္ (3 ½ liter Model)အား (Rolls-Royce)၏ (Chassic)ကိုအေျခခံကာမိတ္ဆက္ဖန္တီးခဲ့ပါသည္။

ထုိေနာက္ပိုင္းဆယ္စုႏွစ္မ်ားတြင္ (Bentley)သည္ မထင္မရွားအေနျဖင့္သာရပ္တည္ခဲ့ၿပီးကားထုတ္လုပ္မႈမ်ားကိုလည္းအနည္းငယ္သာထုတ္လုပ္ခဲ့ပါသည္။

သို႔ေသာ္ (1980) ျပည့္ႏွစ္မ်ားမွ စတင္ကာ (Bentley)သည္မ်ားစြာတိုးတက္ေျပာင္းလဲခဲ့ၿပီးယခင္ ထက္ကြဲျပားသည့္ (Brand Image)မ်ားကိုေဖာ္ထုတ္ခဲ့ပါသည္။ထိုကာလမ်ားတြင္ (Bentley)၏ နာမည္ ေက်ာ္ (Mulsanne Turbo Sedan) အပါအ၀င္ အျခားေသာ (Models)မ်ားစြာကိုထုတ္လုပ္ခဲ့ပါသည္။ (1990)ျပည္ႏွစ္မ်ားတြင္ (New Continental Coupe)၊ (New Azure Convertible)ႏွင့္ (New Arnage Sedan) တို႔အားဆက္လက္ထုတ္လုပ္ခဲ့ပါသည္။ (1998)ခုႏွစ္ တြင္ကမၻာေက်ာ္ (BMW)မွ (Rolls-Royce)ႏွင့္ (Bentley)တို႔၏ အင္ဂ်င္မ်ားအားေထာက္ပံ့မႈမ်ားစတင္ ေပးအပ္ခဲ့ပါသည္။ထို႔ေနာက္ (2000)ျပည့္ႏွစ္ ကာလမ်ားတြင္ ဂ်ာမနီအေျခစိုက္ (Volkswagen)မွ(Bentley)၏ရွယ္ယာမ်ားအားရယူပိုင္ဆိုင္ခဲ့ကာအရည္အေသြးတိုးတက္မႈမ်ားျဖစ္ေပၚေစရန္ လုပ္ေဆာင္ႏိုင္ခဲ့ပါသည္။ (2000)ျပည့္ႏွစ္ ကာလမ်ားတြင္ (Continental Model)အားဆန္းသစ္သည့္ ဒီဇိုင္းျဖင့္ ထုတ္လုပ္ခဲ့ၿပီး (4-door Version)ျဖစ္သည့္(Flying Spur)ကိုလည္းေအာင္ျမင္စြာထုတ္လုပ္ခဲ့ပါသည္။

ထုိ႔ေနာက္ (2011)ခုႏွစ္တြင္ (Mulsanne Flagship sedan)ကို ၄င္း (2016)ခုႏွစ္တြင္ (New Bentayga SUV)ကို ၄င္း၊ တိုးတက္ထုတ္လုပ္ႏိုင္ခဲ့ပါသည္။

(Bentley Models)အမ်ားစုတြင္ (ျမင္းေကာင္ေရ 600)ခန္႔ ရွိၾကသည့္ စြမ္းအားျဖင့္ (Turbocharged V12 Engines)မ်ားကို ၄င္းတပ္ဆင္ထားၾကပါသည္။ ၄င္းတို႔သည္ (Ultra luxury Standard)ရွိၾကသည့္ ကမၻာ့ထိပ္တန္းအဆင့္ကားမ်ား ျဖစ္ပါေၾကာင္းစီစဥ္တင္ဆက္အပ္ပါသည္ ခင္ဗ်ား။bentley-15 bentley-11 bentley-7 bentley-8

Uploaded by graham_stacey
Uploaded by graham_stacey
Uploaded by graham_stacey
Uploaded by graham_stacey

bentley-11 bentley-12