BMW 7-Series (E 65 / E66 / E67 / E68)
bmw bmw2 bmw3 bmw4
ဂျာမနီ အခြေစိုက် (BMW)၏ အကောင်းဆုံး (Model)ဖြစ်သည့် (7-Series Sedan)၏ (E6 Series) များအား ၎င်း၏ ယခင် Models များ နှင့်လုံးဝကွဲပြားသည့် ဒီဇိုင်းပုံစံအသစ်၊ ပါ၀င်မှုအသစ်များဖြင့် (2002) ခုနှစ်တွင် စတင် မိတ်ဆက်ထုတ်လုပ်ခဲ့ပါသည်။ ထို (Series)တွင် (Hydrogen 7 Version)ကိုလည်း ပထမ ဆုံး မိတ်ဆက်ထုတ်လုပ်ခဲ့ပါသည်။ (7-Series) (2002-2008)မျိုးဆက်တွင် အဓိကအားဖြင့် (E65-Stondord Wheelbase)၊ (E 66-Long Wheelbase)၊ (E67-High-Security (Armored) Version)၊ (E67 – High-Security (Armored) Version)၊ (E 68 – Hydrogen 7) စသည့် (Version) (၄)မျိုးကို ထုတ် လုပ်ခဲ့ပါသည်။ အင်ဂျင်များအနေဖြင့် (BMW 745; / Li) (2002-2005)ကားများတွင် (4.4L v3 Engine)၊ (325 hp)ကို ၎င်း (BMW 750; / Li)(2006-2008)ကားများတွင် (4.8 L v 8 Engine)၊ (360 hp) အင်ဂျင် ကို၎င်း (BMW 760 Li) (2006-2008)တွင် (6.0 L V12 Engine (438 hp)ကို ၎င်းအသီးသီးတပ်ဆင်ထား ခဲ့ပါသည်။ ထူးခြားမှုအနေဖြင့် (7-Series E65)သည် (BMW 7-Series)တွင် ရောင်းအား အကောင်းဆုံး မျိုးဆက်အဖြင့် စံချိန်တင် နိုင်ခဲ့ပါသည်။
(7-Series)၏ (E 65 Series)များ၏ ပထမအပိုင်း (2002-2004)တွင် (BMW)၏ တီထွင်မူတစ်ခု ဖြစ်သည် (I Drive Control)စနစ်ကို ပထမဆုံးစတင်ထည့်သွင်းခဲဲ့ပြီး အတွင်းအပြင် ပါ၀င်မှုများစွာတွင် လည်း နည်းပညာသုံးပါ၀င်မှုများအား စုံလင်စွာ ထည့်သွင်းခဲ့ပါသည်။ အဓိကပါ၀င်သည့် (Features)များမှာ (Smoke Key Access)၊ (Message Seats)၊ (Cool Box)၊ (Power Rear Side Sunshades)၊ (Automatic Track) (Bi-Xenon Head lights)၊ (Navigation System)၊
(7-Series E 65) (Series)များ၏ အတွင်းအပြင်ပုံစံများအား အပြောင်းလဲ ထုတ်လုပ်ထားသည့် (Facelift Model)အား (2005)ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး ၎င်းတွင် အရှေ့မီးလုံးနှင့်အနောက်ဖက် (LED Taillight Design)များပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။ ထို့အတူပါ၀င်မှု အသစ်များ ဖြစ်ကြသည်။ (Rear-seat Entertainment System)၊ (6-DVD Changer) စသည်တို့ကို ထပ်မံထည့်သွင်းခဲ့ပါသည်။ (7-Series) (E 65) Models များအား (2008)ခုနှစ်အထိ ထုတ်လုပ်ခဲ့ပါသည်။
BMW 7-Series (E 65 / E66 / E67 / E68)
Unicode version…
Zawgyi version…