Unicode version…
(BMW)၏ (CEO)ဖြစ်သူ (Mr Harald Krueger)မှ (BMW အနေဖြင့် လာမည့် (2017)ခုနှစ်တွင် (i) sub-brands ကားများအားအစင်းရေ ၆၀၀၀၀ ခန့် ၄င်း Battery-powered BMW ကားများအားအစင်းရေ ၁၀၀၀၀၀ခန့်အထိ၄င်းရောင်းချနိုင်ရန်ရည်ရွယ်ထားပါသည်)ဟုဂျာမနီ၏နာမည်ကျော် (SueddeutscheZeituny) သတင်းစာ၌ ပြောကြားခဲ့သည်။ ၄င်းမှထပ်မံ၍ (လျှပ်စစ်ကားအသုံးပြုမှုသည် မဝေးလှသည့် အနာဂတ်တွင် များစွာဖွံ့ဖြိုးလာမည်မှာအမှန်ပင်ဖြစ်ပါသည်။ထို့ကြောင့် BMW အနေဖြင့် ၄င်း၏ (Electric Sub-brand)တွင် (Compact i3 EV)နှင့် (i8 plug-in hybrid)တို့ကိုရောင်းအားတိုးမြှင့်မည်ဖြစ် ပြီးအမျိုးအစားအသစ်များဖြစ်ကြသည့်- (Electric MINI)နှင့် (electric BMW X3 SUV)တို့အား (2020) ပြည့်နှစ်အတွင်းမိတ်ဆက်နိုင်ရန် ရည်ရွယ်ထားပါသည်)ဟုပြောကြားခဲ့ပါသည်။
(BMW)သည် ထိုကဲ့သို့ လျှပ်စစ်ကားထုတ်လုပ်မှုတွင် အာရုံစိုက်ထားရခြင်းမှာ ၄င်းကဲ့သို့ အခြားသောဂျာမန်ကားများဖြစ်ကြသည့် (Mercedes-Benz)သည်လည်း (Battery-powered)အသုံးပြုသည့် (EQ Line series)များကိုယခု (2020)ခုနှစ်အတွင် စတင်ထုတ်လုပ်ရန် ရည်ရွယ်ခြင်း (Audi)နှင့် (Volkswagen)တို့အနေဖြင့် (လျှပ်စစ်ကား)အမျိုးအစားအသစ် (၃၀)ခန့်အား (2025)ခုနှစ်များအတွင်းတိုးချဲ့တီထွင်ရန် ရည်ရွယ်ထားပါသည်။
ထို့ကြောင့် (BMW)အနေဖြင့် ၄င်း၏ လျှပ်စစ်ကားထုတ်လုပ်မှုသည် (2025)ခုနှစ်အတွင်းစုစုပေါင်းထုတ်လုပ်မှု၏ (၁၅%)မှ (၂၅%)အတွင်းတိုးတက်ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။
Zawgyi version..