ဂျာမနီအခြေစိုက် (BMW) သည်၎င်း၏ (Plug-in-Hybrid) ကားများအတွက် (Home-charging) အားသွင်းခြင်းဝန်ဆောင်မှုအားကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် (Q Merit Company)ဖြင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းမကြာမီအချိန်ကကြေငြာခဲ့ပါသည်။၎င်းတို့ ပူးပေါင်းခြင်း၏ရည်ရွယ်ချက် သည် (Plug-in-hybrid)ကားများအနေဖြင့် အရည်အသွေးကောင်းမွန်သည့် (အားသွင်းရုံ)များအားလွယ်ကူစွာရှာဖွေအသုံးပြုနိုင်ရန်အတွက် တည်ဆောက်ရန် ဖြစ်ပါသည်။

အခြားတစ်ဖက်အနေဖြင့် အသုံးပြုသူများသည် ကား၏ (Network)မှ ချိတ်ဆက်ပြီး (Zip Code)ကိုအသုံးပြုကာယာဉ်၏အနီးဆုံးရှိအားသွင်းရုံအားရှာဖွေနိုင်ရန်လည်းစီစဉ်ပေးမည် ဖြစ်ပါသည်။

ယခုလက်ရှိတွင် အသုံးပြုနေသည့်ကမ္ဘာ့မြို့ကြီးအချို့ရှိ (BMW)၏ (အားသွင်းရုံ)များနှင့် အဆိုပါ (Software)၀န်ဆောင်မှုသည် တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ပြီး (BMW)၏ နာမည်ကျော် (BMW I3) လျှပ်စစ်ကားများအား အချိန်ငါးနာရီဝန်းကျင် အတွင်းအားဖြည့်သွင်းနိုင်မည်လည်း ဖြစ်ပါသည်။

(BMW)အနေဖြင့် ထိုသို့ (Install service software)များအားတိုးမြင့်ဖန်တီးခြင်းအပါအ၀င် အားသွင်းခြင်းစနစ်များအားပို၍အဆင်ပြေမှုရှိနေရန်အားထုတ်ခြင်းသည် ၄င်း၏ (I Sub-Brand) ၏ ရောင်းအားတိုးမြှင့်တင်လို၍ ဖြစ်ပါသည်။ (2016)ခုနှစ်တွင် (BMW)၏ (I 3 EV)နှင့် (I 8 Plug-in-hybrid)ကားနှစ်မျိုးစုစုပေါင်းအစင်းအရ (၉၂၀၀)၀န်းကျင်းခန့်ရောင်းချရခဲ့ပြီးယခင်နှစ်များထက် ရောင်းအား (၁၃ ရာခိုင်နှုန်း) တိုးတက်ခဲ့ပါသည်။ထို့အပြင် (2017 BMW Upgraded I 3)၏ (Battery)သည် လျှပ်စစ် သီးသန့်ဖြင့် (၁၁၄)မိုင်ခန့် မောင်းနှင့်မည်ဖြစ်ပြီး (2016 I 3 Battery)၏ (81)mile နှုန်းထက် များစွာတိုးမြှင့် ခဲ့ပါသည်။အထက်ပါတိုးတက်အောင်မြင်မှုများကြောင့် (BMW) အနေဖြင့် (Q Merit)ကဲ့သို့ နည်းပညာ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပူးပေါင်းပြီးထူးခြားသည့် ၀န်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးစားခြင်း ဖြစ်ပါသည်။