အမေရိကန်အခြေစိုက်ကမ္ဘာကျော် (Buick)မှ ၄င်း၏ ပထမဆုံး (Sub-Brand)ဖြစ်သည့် (Avenir) အား (2018)ခုနှစ်တွင် စတင်ထုတ်လုပ်မည်ဟုကြေငြာခဲ့ပါသည်။ (Avenir)သည် အခြေခံအားဖြင့် (Buick) ၏ (Model Range)များအားအထူးအဆင့်မြင့် ထုတ်လုပ်မှုများဖြင့် ဖန်တီးမည့် (Sub Brand)ဖြစ်ပြီးအတွင်း/အပြင် ဒီဇိုင်းများအား (Unique design)ပုံစံများဖြင့် ဖန်တီးထားမည် ဖြစ်ပါသည်။
ထို့အပြင် (Avenir)၏ (Model)များအားဝယ်ယူသည်များ စိတ်ကြိုက်ထည့်သွင်းလိုသည့် ဇိမ်ခံပစ္စည်းများ /အရောင်များကိုလည်းလက်ခံပြုလုပ်ပေးရန် (Buick)မှ ဖြည့်စွက်သက်မှတ်ထားပါသည်။ (Avenir)၏ သဘောသည် (Mercedes-Benz)၏ (AMG Version)နှင့် (BMW)၏ (M Sub-brand)ထို့ကဲ့သို့ (Best-of-the-best)အနေဖြင့် ရည်ရွယ်ကာ (Buick)မှ ဖန်တီးထားခြင်း ဖြစ်ပါသည်။
(Buick)၏ (Avenir)တွင် (Sedans)နှင့် (SUVs)များကိုအဓိကထုတ်လုပ်မည်ဖြစ်ပြီး ၄င်းတို့ အားလုံးတွင် – ဆန်းသစ်သည့် ကွန်ယက်ပုံစံအရှေ့ဘန်ဘာဒီဇိုင်းများ ကြီးမားသည် ဘီးဒီဇိုင်းများနှင့် ဂန္တဝင် ဆန်သည့်(Uniquedesign)များဖြင့်အပြင်ဖက်တွင်ဖန်တီးထားမည်ဖြစ်ပါသည်။ ထို့အတူအတွင်းခန်းပုံစံများကိုလည်း(Buick Models)များထက်များစွာကောင်းမွန်စေရန် ဖန်တီးထားပါမည်။
(Avenir)၏ (Models)များနှင့် အခြားသောသတင်းအသေးစိတ်တို့အား(2017 January)တွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် (2017 Detroit Auto Show)တွင် ထုတ်ဖော်ပြသမည်ဟု (Buick)မှ ကြေငြာထားပါသည်။
Buick Avenir headlamp theme sketch selected for the concept vehicle.
Unicode version…
Zawgyi version…