Unicode version…
Buying a Car: Why Should Your Car If a Car
Was in an Accident and Repaired
ကျွန်တော်တို့သည် မိမိတို့နှစ်သက်မည့် မော်တော်ယာဉ်အား စိတ်ကြိုက်ရွေးချယ်ဝယ်ယူမည် ဆိုပါက (Good, Second-Hand အရောင်၊ Model၊ အင်ဂျင်၊ ဒီဇိုင်လှပမှု၊ ပါ၀င်ပစ္စည် အစရှိသည့် အချက် များကို အလေးထားရွေးချယ်ရမည် ဖြစ်ပါသည်။ ထို့ပြင် ထိုကားသည် (ယာဉ်တိုက်မှု၊ မတော်တဆမှု)များ ဖြစ်ခဲ့ခြင်းရှိ/မရှိကိုလည်း လေ့လာသင့်ပါသည်။ ထိုအချက်သည် ကားဝယ်သူမည့် ကားချစ်သူများအတွက် အထူးအရေးပါမှုရှိိကြောင်း အောက်ပါအချက်များဖြင့် ရေးသားပါမည်။
Long-Lasting Damage (ပျက်စီးမှုကာလကြာရှည်ခြင်း)
(Accident-မတော်တဆ)ကားများအတွက် ကျွန်တော်တို့ အဓိက ပူပန်ရသည့် အချက်မှာ ထိုကား များ၏ ထိခိုက်ပျက်စီးမှုများသည် ကာလကြာရှည်စွာ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါသည်။ အချို့သော အခြေအနေများတွင် ထိခိုက်မှုဖြစ်သည့် ကားများအားပြန်လည် ပြုပြင်ထားသော်လည်း ချို့ယွင်းချက်များ သည် ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ပါသည်။ ဥပဒေအားဖြင့်-ယာဉ်တစ်စင်း၏ (Crumple Zome- မာကျောမှုရှိသည့်နေရာများ)အား ထိခိုက်မိခဲ့ပါက မည်မျှပြန်လည် ပြုပြင်စေကာမှု ၄င်း၏ မူလအနေ အထားသို့ ပြန်ရောက်နိုင်ရန် ခက်ခဲပါမည်။ ထိုအတွက် နောက်တစ်ကြိမ် ထိခိုက်မှုဖြစ်ခဲ့ပါက ဆိုးရွားသည့် အနေအထားကို ဖြစ်ပေါ်စေပါမည်။ ထို့အတူ အရေးကြီးသည့် အစိတ်အပိုင်းများသည် ကွေးသွားခြင်း၊ ကျိုးသွားခြင်းများ ဖြစ်ခဲ့ပါကလည်း (Spore Parts)အနေဖြင့် ပြောင်းလဲတပ်ဆင်နိုင်ရန် အချိန်ကြာမြင့်ခြင်း တစ်ခုလုံးလဲလှယ်ရန် မလွယ်ကူ၍ အဆင်မပြေမှုများတွေ့ရှိရခြင်းစသည် သက်ရောက်မှုများလည်း ကြုံတွေ့ ရပါမည်။
Repair Quality (ပြန်လည်ပြုပြင်ထားမှုအရည်အသွေး)
အခြားသောအရေးကြီးသည့် အချက်သည် ထိခိုက်မိသည့်ကားအား ပြန်လည်ပြုပြင်ထားသော် လည်း ၄င်းသည် အမြဲတမ်းအကောင်းဆုံးဖြစ်နိုင်မည်မဟုတ်ပါ။ ဥပမာအားဖြင့် ကား၏ အချို့သော အစိတ် အပိုင်းများသည် စက်ရုံမှ တိကျသေချာစွာ တပ်ဆင်ထားသည့်အတွက် ထိခိုက်မိခဲ့ပါက မူလအတိုင်းဖြစ်စေ ရန် ပြုပြင်ဖို့ရန် ခဲယဉ်းပါသည်။ အလားတူများစွာသော (Workshop)များ၏ ကွဲပြားသော အရည်အချင်းများ ကြောင့် ပြန်လည်ပြုပြင်ထားမှုများသည် အများအားဖြင့် ရာနှုန်းပြည့် စိတ်ချရခြင်း မရှိသည်ကိုလည်း တွေ့မြင်ရပါမည်။ ဥပမာအားဖြင့်-လေအိက်များလဲလှယ်တပ်ဆင်ရာတွင် အထူးကျွမ်းကျင်မှု မရှိပါက (လေအိက်မပွင့်ခြင်း)ကဲ့သို့ အန္တရာယ်များကို ကားပိုင်ရှင်အသစ်မှ ကြံုတွေ့ရမည်ဖြစပါသည်။ ထို့အတူ ကွန်ပျူတာနှင့် ဆက်စပ်သည့်စနစ်များ၊ အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများသည်လည်း ပြန်လည်တပ်ဆင် ရာတွင် (Repair Quality)သည် များစွာ အရေးပါမှုရှိကြောင်း တွေ့မြင်ရပါသည်။
အထက်ပါအချက်များသည် ထိခိုက်မှုရှိထားသည့် ကားများ၏ နောက်ဆက်တွဲဖြစ်နိုင်ချေ (Risk) များ ဖြစ်ကြပါသည်။ ထိုအချက်များ အပေါ်အခြေခံ၍ ကျွန်တော်တို့သည် ဖြစ်နိုင်ပါက (Accident Car)များအား များစွာဂရုပြုသင့်ကြောင်း (ကားဝယ်ယူပါက)လေ့လာမိပါကြောင်း တင်ပြအပ်ပါသည်ခင်ဗျား။lin1 lin3 lin4 lin5
Zawgyi version…
Buying a Car: Why Should Your Car If a Car
Was in an Accident and Repaired