Unicode version…

 

မကြာသေးမှီကကျင်းပခဲ့သည် အမေရိကန်နိုင်ငံရှိ (L.A Auto Show)တွင် အမေရိကန် အခြေစိုက် ကမ္ဘာကျော် (Cadillac)မှ ၄င်း၏ အနာဂတ်တွင် ထုတ်လုပ်မည့် (Full-Size Luxury Sedan)ကားအစီအစဉ်၏ (Concept Model)ဖြစ်သည့်(Cadillac Escala Concept)အားမိတ်ဆက်ပြသခဲ့ပါသည်။ ၄င်း (Concept Model)သည် ရှည်လျားပြီးသွယ်လျှသည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားကာ ကြီးမားသည့်ဘီးများနှင့်နှင့်အတူတံခါး(၄)ပေါက် အားဘောင်ပျောက် ဒီဇိုင်းဖြင့် ဖန်တီးထားပါသည်။

အပြင်ဖက်အားမော်ဒန်ဒီဇိုင်းဖြင့်ဖန်တီးထားပြီးအတွင်းခန်းကိုမူခေတ်မှီမှုနှင့် ဂန္တဝင်ဆန်မှုတို့အား ပေါင်းစပ်ထားသည့် ဒီဇိုင်းဖြင့် ဖန်တီးထားပါသည်။ ထူးခြားမှုအနေဖြင့် ၄င်း၏ (Dashboard)အား(Touch-system)ကိုအဓိကအသုံးပြုထားပြီးသမားရိုးကျ ခလုတ်များကိုဖယ်ရှားထားသည့် (Idea)ဖြင့် ဖန်တီးထားသည်ကိုတွေ့ရပါသည်။

အင်ဂျင်စနစ်နှင့် ပက်သက်၍ အသေးစိတ် ထုတ်ပြန်ထားမှုမရှိသော်လည်း (Escala Concept)တွင် (New 4.2L Turbocharged V8 Engine)ကိုတပ်ဆင်ထားမည်ဖြစ်ပါသည်။ ၄င်း၏ ကိုယ်ထည် အလျားသည် (210.5-inch)ခန့် အရှည်ရှိပါသည်။

(Escala Concept)အားရောင်းချမည်မှာသေချာသော်လည်း ၄င်းအပေါ် အခြေခံကာ (အနည်းငယ် ပြောင်းလဲမှုများ)ဖြင့် (Full-size Luxury Sedan)အသစ်တစ်မျိုးအား (Cadillac)မှ ထုတ်လုပ် မည်ဖြစ်ပါသည်။

(Cadillac)မှ (Escala Concept Model)အား ပြသရခြင်းမှာ၄င်းအနေဖြင့် (Luxury Sedan Market)အတွက် ကမ္ဘာကျော် (Mercedes-Benz S-Class)/ (BMW 7-Series) (Audi A8 L Sedan) အစရှိသည့် (Brands)များ၏ ကာလကြာရှည်စွာခိုင်မာမှု ယုံကြည်ရမှုတို့ အတိုင်း (Cadillac)မှလည်းထိိုသို့သောယုံကြည်လက်ခံစေခြင်းကိုရရှိလို၍ (Full size luxury sedan)အားထုတ်လုပ်ရန် ရည်ရွယ်ခြင်းပင် ဖြစ်ပါသည်။

Zawgyi version…





(Cadillac)မှ (Escala Concept Model)အား ပြသရခြင်းမှာ၎င်းအနေဖြင့် (Luxury Sedan Market)အတွက် ကမ္ဘာကျော် (Mercedes-Benz S-Class)/ (BMW 7-Series) (Audi A8 L Sedan) အစရှိသည့် (Brands)များ၏ ကာလကြာရှည်စွာခိုင်မာမှု ယုံကြည်ရမှုတို့ အတိုင်း (Cadillac)မှလည်းထိုသို့သောယုံကြည်လက်ခံစေခြင်းကိုရရှိလို၍ (Full size luxury sedan)အားထုတ်လုပ်ရန် ရည်ရွယ်ခြင်းပင် ဖြစ်ပါသည်။