Unicode version…

ဂျာမနီအခြေစိုက် (BMW)၏ အကောင်းဆုံး (Model)ဖြစ်သည် (7-series sedan)၏ (G 11/g12) series အား (2015)(June)တွင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ (BMW)ဌာနချုပ်တွင် စတင်မိတ်ဆက်ခဲ့ပါ သည်။ ၎င်းအား (G11) နှင့် )(G12)ဟူ၍ (Code Name)များသက်မှတ်ခဲ့ပါသည်။ (New 7-Series)သည် (BMW)၏ (Modular BMW (LAR platform)ကို အခြေခံထုတ်လုပ်သည့် ပထမဆုံး (Model)လည်း ဖြစ်ပါ သည်။ (New 7-series)အား ၎င်း၏ယခင် (Models)များထက် ပိုမိုပေါ့ပါးပြီး ကြံ့ခိုင်မှုလည်း များစွာ ကောင်းမွန်သည့် (Carbon-Fiber reinforced polymer (CFRP)ဖြင့် အဓိက ဖန်တီးထားပြီး (High tensile steel)နှင့် (Body Type)ဖြင့် ဖန်တီးထားပါသည်။ ထို့အတူ (Suspension System)အနေဖြင့် (BMW)၏ ပထမဆုံး ထည့်သွင်းမှုဖြစ်သည် (Air Springs with Electronic Shock Absorbers)တို့လည်း (New 7-series)တွင် တပ်ဆင်ထားပါသည်။ ၎င်းတွင် အင်ဂျင်စနစ်များအနေဖြင့် (4.4 L V8 Engine)ဓာတ်ဆီ အင်ဂျင်ပုံစံ (2)မျိုးနှင့် (2.0L I4 Engine)နှင့် (Electric Motor)ကို တွဲဖက်ထားသည် (Plug-in hybrid) အင်ဂျင်အား (740e) အမည်ဖြင့် ၎င်းစုစုပေါင်း အင်ဂျင်စနစ် (၄)မျိုးထည့်သွင်းထားပါသည်။ ထိုအင်ဂျင်တို့ အနက် (740e)သည် (BMW 7-series)၏ ပထမဆုံးသော (Plug-in Hybrid Version)ဖြစ်ပြီး ယခင်က ရောင်းချခဲ့သည် (Active Hybrid 7)အစားထိုး အနေဖြင့် ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ထို (740e)အား (BMW)မှ တိုက်ရိုက်ရောင်းချစနစ်ဖြစ်ပြီး (BMWi) (Sub-brand) အနေဖြင့် ရောင်းချသည်မဟုတ်ပါ။ အထက်ပါအင်ဂျင် (၄)မျိုးလုံးတွင် (Satellite Navigation System)မြင့်ချိတ်ဆက်ထားသည့် (8-Speed Automatic Gearbox) အား တပ်ဆင်ထားပါသည်။ ထို့အတူ စိတ်ဝင်စားဖွယ် နောက်ဆုံးပေါ်ပါ၀င်မှုများ ဖြစ်ကြသည့် – (Digital Key Fob)၊ (Gesture Recognition Control) (Driver Assistance System with Automatic Packing)၊ (Rear-seat individual seating)၊ (Welcome lighting)၊ (Stereo-Camera System)စသည်တို့ကိုလည်း ယခု (New 7-series)တွင် ထည့်သွင်းထားပါသည်။

(BMW Alpina B7E-xd Drive)အား (မြောက်အမေရိက စျေးကွက်)တွင် (2016 February)တွင် စတင်ရောင်းချခဲ့ပြီး ၎င်းတွင် အင်ဂျင်အနေဖြင့် (4.4 L Biturbo VB Engine)၊ (608 hp)၊ (800 တW Alpina B7) သည် (Separate Version)အနေဖြင့် ထုတ်လုပ်ထားသည့် ကားလည်း ဖြစ်ပါသည်။

(BMW 760 Li × Drive)ကိုလည်း (2016)နှစ်လည်ပိုင်းတွင် စတင်ရောင်းချခဲ့ပြီး ၎င်းတွင် – (Rolls-Royce Ghost)မှ ခွဲဝေရယူထားသည့် အင်ဂျင်စနစ်ဖြစ်သည့် – (6.6 L Twin-turbo v12 Engine)၊ (600 hp)၊ (590 lb-ft torque)အင်ဂျင် အားတပ်ဆင်ထားပါသည်။ ထို့အပြင် (760 Li)သည် ကမ္ဘာ့ပထမ ဆုံး (AWD System) နှင့် (V 12)အင်ဂျင် တို့တွဲဖက်ထားသည့် (Passenger Car)အဖြင့် ကျော်ကြားနေပါ သည်။

(BMW 7-Series)(G11/G12) Series သည် (BMW)၏ အကောင်းဆုံး (Luxury sedan)တစ်ခု ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသ့ည့် ကားအဖြစ်လည်း ထင်းရှားသည်ကို တွေ့ရပါသည်။bmw1 bmw2 bmw3 bmw4 bmw5 bmw6

Zawgyi version..


(BMW Alpina B7E-xd Drive)အား (မြောက်အမေရိက ဈေးကွက်)တွင် (2016 February)တွင် စတင်ရောင်းချခဲ့ပြီး ၎င်းတွင် အင်ဂျင်အနေဖြင့် (4.4 L Biturbo VB Engine)၊ (608 hp)၊ (800 တW Alpina B7) သည် (Separate Version)အနေဖြင့် ထုတ်လုပ်ထားသည့် ကားလည်း ဖြစ်ပါသည်။

