Unicode version…
CVT – Continuously Variable Transmission ခေါ် အဆက်မပြတ် ပြောင်းလဲပေးပို့နိုင်သည့် (Auto Gear) စနစ်အား ယခုလက်ရှိအချိန်တွင် (Automakers)များ၌ ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိ ပါသည်။ အဆိုပါ CVT စနစ်အား ပထမဆုံးတွင်ကျယ်စွာအသုံးပြုခဲ့သည့် Brand သည် Nission ဖြစ်ပြီး (2000)ပြည့်နှစ်မှစတင်ကာ သမာရိုးကျ Gear Box များအစား CVT Gear များအား ကျယ်ပြန့်စွာ ပြောင်းလဲအသုံးပြုခဲ့ပါသည်။ သို့သော် Nissan သည် ပထမဆုံး CVT Gear စနစ်ကို အသုံးပြုသည့် Brand မဟုတ်ပါ။
ဂျာမနီအခြေစိုက် Audi သည် ၄င်း၏ 2002 A4 Model ၌ CVT Gear အားစတင် အသုံးပြုခဲ့ ပါသည်။ထို့နောက်ပိုင်း Volkswagen Models အချို့တွင်လည်း ဆက်လက်အသုံးပြုခဲ့ပါသည်။ Honda သည် ၄င်းတို့ထက်စော၍ (1995)တွင် ထုတ်လုပ်သည့် Honda Civic HX တွင် CVT Gear အားတပ်ဆင် ခဲ့ပါသည်။ အဆိုပါကားသည် Civic Version ၏ High – Fuel- efficiency Version ဖြစ်ပါသည်။
ထို့ထက်စော၍ (Subaru)မှ (1987)တွင် စတင်မိတ်ဆက်ခဲ့သည့် (Subaru) မှ (1987)တွင်စတင် မိတ်ဆက်ခဲ့သည့် (Subaru Justy Model) ၌ CVT Gear အားစတင်ထည့်သွင်းခဲ့ပါသည်။အဆိုပါကားတွင် 3-Cylinder Engine နှင့် CVT Automatic တို့အား တွဲဖက်တပ်ဆင်ခဲ့ပါသည်။
CVT Automatic အားအစောဆုံးတီထွင်ခဲ့သည့် Brand (Dutch Automaker)ဖြစ်သည့် (DAF) ဖြစ်ပြီး 1959 တွင် ထုတ်လုပ်သည့် DAF 600 model တွင် CVT Gear အားစတင်မိတ်ဆက်ထည့်သွင်းခဲ့ ပါသည်။အဆိုပါ DAF 600 အား Classis နှင့် Craftsmanship တို့ပေါင်းစပ်ဖန်တီးထားပါသည်။ DAF Brand သည် Truck များ အဓိကထုတ်လုပ်မှုဖြင့် ထင်ရှားသည့် Brand ဖြစ်ပါသည်။သို့သော် (600/750/DAF fodil )Model များအား ကျယ်ပြန့်စွာထုတ်လုပ်ခဲ့ပါသည်။ CVT Gear အသုံးပြုသည့် DAF Model အား U.S Market သို့ 1967 တွင် ပထမဆုံးတင်ပို့ ရောင်းချခဲ့ပါသည်။
Zawgyi version…