အမေရိကန်အခြေစိုက် ကမ္ဘာကျော် (Chrysler)ကား ကုမ္ပဏီသည် အရွယ်ကြီးမားပြီး ခန့်ထည့် သည့် (Brand)တစ်ခုဖြစ်ပါသည်။
(Chrysler)၏ မူလအစနေဖြင့် (1925)ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ စက်ဆရာတစ်ဦးဖြစ်သူ (Mr Walter P. Chrysler)မှ (Chrysler Corporation)အမည်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ (Mr Walter P. Chrysler)မှ (Chrysler Corporation) အမည်ဖြင့် စတင်တည်တောင်ခဲ့ပါသည်။ (Mr Walter P. Chrysler) တည်ထောင်ခဲ့သည် (Chrysler)၏ ဂုဏ်သတင်းသည် လျင်မြန်စွာတိုးတက်လာခဲ့ပြီး (1928) ခုနှစ်တွင် (Dodge Car Brand)အား ၀ယ်ယူနိုင်ခဲ့ကာ (De Sote)နှင့် (Play mouth)အမျိုးအစားများကို လည်းဖန်တီးနိုင်ခဲ့ပါသည်။
(1930)ပြည့်ကာလများတွင် (Chrysler)သည် ထိုအချိန်က ခေက်ရှေ့ပြေးသည့် (Model)တစ်ခု ဖြစ်သည့် (Air flow)အား ဖန်တီးခဲပါသည်။ ၎င်းတွင် (Front-mounted I 8 Engine)အား တပ်ဆင်ထားပြီး (Aerodynamics Body Design)ဖြင့် ဖန်တီးထားခဲ့ပါသည်။ (Airflow Model)သည် ထိုအချိန်ကားချစ်သူ များ၏ အထူးနှစ်သက်ခဲ့သည့် (Model)လည်းဖြစ်ခဲ့ပါသည်။ (1930)နှစ်လွန်ကာလများတွင် ဖြစ်ပေါ်ခဲ့သည်။ စီးပွားပျက် ဂယက်အား ၎င်း၏ (Dodge)နှင့် (Playmouth) Brands များ၏ အောင်မြင်စွာရောင်းချနိုင်ခဲ့မှု ကြောင့် အဆင်ပြေစွာ ရပ်တည်နိုင်ခဲ့သည်။
(1940)ဖြည့် လွန်ကာလများတွင် (Crysler)၏ နာမည်ဂုဏ်သတင်းသည် (Enrd)ထိုကျော်လွန်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ ထိပ်တန်းအဆင့် (Autometer)အဖြစ်ရောက်ရှိခဲ့ပါသည်။ Chrysler သည် ၎င်း၏နာမည် ကျော် (Hemi V8 Engine)အား (1951)တွင် ထုတ်လုပ်ခဲ့ပါသည်။ ၎င်းသည် (135-hp)မြင်းကောင်ရေရှိပြီး (Cadillac Brand)တွင်လည်း ထည့်သွင်းခဲ့ပါသည်။ (1950-1960)ကာလများတွင် ( Town and Country) နှင့် (300C)တို့အား ထုတ်လုပ်ခဲ့ပါသည်။
(1970)ပြည့်နှစ်များတွင် ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းကာလများ၌ (Chrysler)သည် ၎င်း၏ဘဏ္ဍရေးဖရိုဖရဲဖြစ်မှုအား ကာကွယ်မှုရနိုင်ရန် (အမေရိကန်အစိုးရ)ထံမှ (အမေရိ ကန်ဒေါ်လာတစ်ဘီလီယံ)ချေးယူခဲ့ပါသည်။
ထိုမှတဖန် (1980) ပြည့်နှစ်များတွင် ၎င်း၏ (ဒသမမြောက်) ဥက္ကဌဖြစ်သူ ကမ္ဘာ့ကျော် (Mr Lee Iacocca)၏ ကြိုးပမ်းမှုများကြာင့် နာမည်ကျော် (K-car platform)နှင့် (Modern Minivan)တို့အား လုပ်နိုင် ခဲ့ပါသည်။ ယခင်ကချေးယူခဲ့သည့်ချေငွေများကိုလည်း (7)နှစ်အတွင်း အကျေအလည်အေးအပ်နိုင်ခဲ့ပါ သည်။ (1989)ခုနှစ်တွင် (Chrysler)မှ (Jeep Brand)အားဝယ်ယူခဲ့ပြီး (Mitsubishi)နှင့် နည်းပညာ ပူးပေါင်းခဲ့သည့် (Diamond Star Motors)ကိုလည်းထုတ်လုပ်ခဲ့သည်။
(1998)ခုနှစ်တွင် ဂျာမနီအခြေစိုက် (Daimler-Benz)မှ (Chrysler)နှင့် ပူးပေါင်းခဲ့ပြီး (Daimler Chrysler) ဟု ပြောင်းလဲခဲ့ပါသည်။ သို့သော်လည်း (2007) ခုနှစ်တွင် (Diamler)အား ရောင်းချခဲ့ပါသည်။ ထိုကာလများတွင် (Chrysler)၏ ထင်ရှားသည့် (300 Sedan)အား (Mercedes-Ben)(E-Class)၏ (Platform)ကို အခြေခံကာထုတ်လုပ်ခဲ့ပါသည်။
(2008)ခုနှစ်တွင် (Chrysler)အား အီတလီအခြေစိုက် (Fiat)၏ ထိန်းချုပ်မှုအောက်သို့ ထည့်သွင်းခဲ့ ပါသည်။
ယခု မျက်မှောက်ကာလတွင် (Chrysler)သည် (200 Sedon)၊ (300 Sedon)၊ (Pocifica Minivar) စသည် ထင်ရှားသည့် ကားများကို ထုတ်လုပ်နေသည့် ကမ္ဘာ့ကျော် (Brand)အဖြစ် ရပ်တည်နေသည်ကို တွေ့ရပါမည်။