Unicode version…
မဝေးလှသည့် အနာဂတ်တွင် ကျွန်တော်တို့သည် ကားပါကင်အသုံးပြုခြင်းအတွက် (Smartphone app)များကိုအသုံးပြု၍ ပါကင်ထိုးနိုင်လာမည် ဖြစ်ပါသည်။ ထိုသိုပြုလုပ်နိုင်ရန် ကမ္ဘာကျော် (Daimler)ကားကုမ္မဏီနှင့် (Bosch)နည်းပညာကုမ္မဏီတို့ ပူးပေါင်းပြီး (Car 2 go)အမည်ရှိ (Joint pilot project) ၏ သဘောတူစာချုပ်အား (2015) July 8 တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ (Car 2 go)အား (2017 /20 / 8) အတွင်းပြည့်စုံစွာအကောင်အထည်ဖော်ရန် ရည်ရွယ်ထားပါသည်။ ၄င်းစနစ်သည် (Automate parking အလိုအလျောက်ကားပါကင်ထိုးစနစ်)ပုံစံဖြစ်ရပြီးယာဉ်မောင်းအနေဖြင့် ကားပါကင်ရှာဖွေခြင်း၊ ပါကင်အသုံးပြုခြင်းဆိုင်ရာများအား (Smartphone app)တွင် ထည့်သွင်းထားမည့် (မှတ်ဉာဏ်စနစ်ကဲ့သို့ပါ၀င်ဖွဲ့စည်းထားသည့်အစိတ်အပိုင်း)များ၏အကူအညီဖြင့်
ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ထိုနည်းဗျူဟာသည် ကားပါကင်အသုံးပြုမည့် ကားများယာဉ်မောင်းများအတွက် အထူးသင့်လျော်မှုရှိမည်လည်း ဖြစ်ပါသည်။ ထိုစနစ်နှင့်ပတ်သက်၍ (Daimler AG)၏ (B.O.D) တစ်ဦးဖြစ်သူ (Pro. Dr Thomas Weherber)မှ (Daimler နှင့် Bosch တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် (car 2 go)သည်ကိုယ်ပိုင်ထိန်းချုပ်သည့် ကားပါကင်အသုံးပြုသည့်စနစ်ဖြစ်ပြီး ၄င်းသည့် Daimler ၏ ကိုယ်ပိုင် မောင်းနှင်နိုင်မည့် ယာဉ် – Autonomous Vehicle များ၏ ပထမခြေလှမ်းဟုလည်းဆိုနိုင်ပါသည်)ဟုပြောကြားခဲ့ပါသည်။ ထိုစနစ်တွင် (Intelligent System)အသုံးပြုထားသည့်ကားပါကင်နေရာမှတ်ပုံတင်များကိုသိုလှောင်ထားပြီး ယာဉ်တွင်ပါ၀င်သည့်ကင်မရာ/ဆိုနာစနစ်များမှတဆင့်ကိုက်ညီမည်ဧရိယာကိုရှာဖွေပေးဖြင့်ယာဉ်မောင်းအားအကူအညီပေးခြင်း(Software)ရေးဆွဲထည့်သွင်းထားမည် ဖြစ်ပါသည်။
Zawgyi version…