Unicode version..

ကမ္ဘာကျော်ကားကုမ္ပဏီကြီး (၂)ခုဖြစ်သည့် Renault နှင့် Nissan တို့ ပူးပေါင်းထားသည့်

Renault- Nissan သည် မျက်မှောက်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် အရေးကြီးသည့် Electric Driverless Vehicles များအား ကျယ်ပြန့်စွာ ဖန်တီးနိုင်ရန် Transdev နှင့် ပူးပေါင်းရန် လွန်ခဲ့သည့် February တွင် ကြေငြာခဲ့ပါသည်။ ထိုသို့ နည်းပညာဝန်ဆောင်မှု လုပ်ငန်းနှင့် ပူးပေါင်းရခြင်းမှာ အနာဂတ် သယ်ယူပို့ဆောင်ရေးတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ်အား ဖော်ဆောင်နိုင်ရန်နှင့် ယာဉ်မှထိန်းချုပ် အပြည့်အဝပြုလုပ်နိုင်မည့်ကားများကို စတင်နိုင်ရန်အတွက် ပထမခြေလှမ်းအနေဖြင့် မော်တော်ယာဉ်နှင့် Mobility Service အား ဆက်သွယ်ရန်ဖြစ်ပါသည်။

Renault- Nissan အနေဖြင့် ၄င်းတို့၏ (အလိုအလျောက်မောင်းနှင်မှုနည်းပညာများ)(လျှပ်စစ် ကားဆိုင်ရာနည်းပညာများ)အား Transdev သို့မျှဝေမည်ဖြစ်ပြီး Transdev မှလည်း (Autonomous Vehicle Services)ဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။

အထက်ပါပူးပေါင်းဆောင်ရွက်မှု၏ စမ်းသပ်မှုများအား Renault ZOE Electric Car ဖြင့် ပြင်သစ်နိုင်ငံ၊ပါရီမြို့တွင် ပထမဆုံးစမ်းသပ်ခဲ့ပါသည်။ Renault- Nissan နှင့် Transdev တို့၏ အနာဂတ် ရွေ့လျားမှုဆိုင်ရာ အစီအစဉ်အား( P.A.C.E – Personalized, Autonomous, Connected and Electric) ဟုအမည်ပေးထားပါသည်။

Transdev သည် Autonomous Vehicle Services လောက၏ ကနဦးလုပ်ငန်းများ၌ပါ၀င်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး Commercial Driverless Service အား ပြင်သစ်နိုင်ငံတွင် စတင်ဖန်တီးနိုင်ခဲ့ပါသည်။ ယခုအခါ Transdev အနေဖြင့် ကမ္ဘာကျော် Microsoft နှင့် လက်တွဲကာ (Advanced Connected-car) ဆိုင်ရာနည်းပညာများနှင့် (Mobility Services) ဆိုင်ရာ နည်းပညာများအား ဆန်းသစ်တီထွင်နိုင်ရန် အားထုတ်လျှက်ရှိပါသည်။

Zawgyi version…

ကမာၻေက်ာ္ကားကုမၸဏီၿကီး (၂)ခုျဖစ္သည့္ Renault ႏွင့္ Nissan တို႕ ပူးေပါင္းထားသည့္

Renault- Nissan သည္ မ်က္ေမွာက္ပို႕ေဆာင္ဆက္သြယ္ေရးက႑တြင္ အေရးႀကီးသည့္ Electric Driverless Vehicles မ်ားအား က်ယ္ျပန္႕စြာ ဖန္တီးႏိုင္ရန္   Transdev ႏွင့္ ပူးေပါင္းရန္ လြန္ခဲ့သည့္ February တြင္ ေၾကျငာခဲ့ပါသည္။ ထိုသို႕ နည္းပညာ၀န္ေဆာင္မႈ လုပ္ငန္းႏွင့္ ပူးေပါင္းရျခင္းမွာ အနာဂတ္ သယ္ယူပို႕ေဆာင္ေရးတြင္ ႀကီးမားသည့္ ေျပာင္းလဲမႈတစ္ရပ္အား ေဖာ္ေဆာင္ႏိုင္ရန္ႏွင့္ ယာဥ္မွထိန္းခ်ဳပ္ အျပည့္အ၀ျပဳလုပ္ႏိုင္မည့္ကားမ်ားကို စတင္ႏိုင္ရန္အတြက္ ပထမေျခလွမ္းအေနျဖင့္ ေမာ္ေတာ္ယာဥ္ႏွင့္ Mobility Service အား ဆက္သြယ္ရန္ျဖစ္ပါသည္။

Renault- Nissan အေနျဖင့္ ၄င္းတို႕၏ (အလိုအေလ်ာက္ေမာင္းႏွင္မႈနည္းပညာမ်ား)(လွ်ပ္စစ္ ကားဆိုင္ရာနည္းပညာမ်ား)အား Transdev  သို႕မွ်ေ၀မည္ျဖစ္ၿပီး Transdev မွလည္း (Autonomous Vehicle Services)ဆိုင္ရာမ်ားကို ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ပါသည္။

အထက္ပါပူးေပါင္းေဆာင္႐ြက္မႈ၏ စမ္းသပ္မႈမ်ားအား Renault ZOE Electric Car ျဖင့္ ျပင္သစ္ႏိုင္ငံ၊ပါရီၿမိဳ႕တြင္ ပထမဆံုးစမ္းသပ္ခဲ့ပါသည္။ Renault- Nissan ႏွင့္ Transdev တို႕၏ အနာဂတ္ ေ႐ြ႕လ်ားမႈဆိုင္ရာ အစီအစဥ္အား( P.A.C.E – Personalized, Autonomous, Connected and Electric)  ဟုအမည္ေပးထားပါသည္။

Transdev သည္ Autonomous Vehicle Services ေလာက၏ ကနဦးလုပ္ငန္းမ်ား၌ပါ၀င္ခဲ့ၿပီး ကမာၻ႕ပထမဆံုး Commercial Driverless Service အား ျပင္သစ္ႏိုင္ငံတြင္ စတင္ဖန္တီးႏိုင္ခဲ့ပါသည္။ ယခုအခါ Transdev အေနျဖင့္ ကမာၻေက်ာ္ Microsoft ႏွင့္ လက္တြဲကာ (Advanced Connected-car) ဆိုင္ရာနည္းပညာမ်ားႏွင့္ (Mobility Services) ဆိုင္ရာ နည္းပညာမ်ားအား ဆန္းသစ္တီထြင္ႏိုင္ရန္ အားထုတ္လွ်က္႐ွိပါသည္။