အမေရိကန် အခြေစိုက် (Ford)သည် ၄င်း၏ ထင်ရှားလှသည့် (Model) (၂)မျိုးဖြစ်သည့် (Ford Mustang)နှင့် (Ford F-150)တို့အား (Hybrid Version)အနေဖြင့် (၂၀၂၀)ပြည့်နှစ်ဝန်းကျင်တွင် ပြောင်းလဲထုတ်လုပ်မည် ဖြစ်ပါသည်။ ထို့အတူ (Small Electric SUV)အမျိုးအစားအသစ်ကိုလည်း ထိုကာလ၌ တိုးချဲ့ဖန်တီးမည်ဖြစ်ပြီး ၄င်းသည် (လျှပ်စစ်စွမ်းအင်)သီးသန့်ဖြင့် ခရီးမိုင် 300ခန့် မောင်းနှင့် နိုင်ရန် တီထွင်ထားမည်ဟုလည်း ထည့်သွင်းကြေငြာထားပါသည်။
(Ford Mustang)သည် လူကြိုက်များသည့် ပြိုင်ကားဖြစ်ပြီး (Ford)၏ (Icon Model)ဟုလည်း ဆိုနိုင်မည်။ ၄င်းသည် (V8 Engine)စနစ်သုံးကားဖြစ်ပြီး (Performance)အနေဖြင့် အထူးကောင်းမွန်သည့် (Model)လည်း ဖြစ်ပါသည်။ ထိုသို့ ထင်ရှားသည့် (Mustang)အား (Ford)သည် (Gasoline-Electric Version)အနေဖြင့် ပြောင်းလဲရန် ရည်ရွယ်ခြင်းသည် (Hybrid Sport Car)တွင် ထင်ရှားသည့် အခြား (Mode)များကဲ့သို့ (Ford)မှလည်း စွမ်းဆောင်နိုင်သည်ကို အထင်အရှားပြသလို၍လည်း ဖြစ်ပါသည်။
ထို့အပြင် (Ford)၏ နာမည်ကျော် (Truck)တစ်မျိုးဖြစ်သည့် (F-150 Truck)ကိုလည်း ပုံမှန် အင်ဂျင် စနစ်သုံးကားမှ (Hybrid Version)အဖြင့် ပြောင်းလဲဖန်တီးမည် ဖြစ်ပါသည်။ အသစ်ထွက်ရှိမည့် (F-150 Hybrid)အား (နောက်ဘီးယက်) စနစ်သုံးအဖြင့် ထုတ်လုပ်မည့် ဖြစ်ပါသည်။
ယခုလက်ရှိအချိန်တွင် (Mustang)နှင့် (F-150)တို့၏ အင်ဂျင်နှင့် ဂီယာစနစ်များအား နည်းပညာ များခွဲဝေထည့်သွင်းထားပါသည်။အနာဂတ်(Mustang)နှင့် (F-150)တို့၏ (Hybrid)(Models) များတွင် (Turbocharged Eco Boost I4 Engine)ု နှင့် (လျှပ်စစ်မော်တာ)များကို တပ်ဆင်ထားမည် ဖြစ်ပါသည်။
ထိုအတောအတွင်း (လျှပ်စစ်သီးသန့်)အသုံးပြုမှု သီးသန့် အနေဖြင့် (မိုင် 300)ခန့်အထိ အသုံးပြု နိုင်မည့် (Electric SUV)များကိုလည်း (2020)ခုနှစ် ၀န်းကျင်တွင် ထုတ်လုပ်ရန် (Ford)မှ ရည်ရွယ်ထားပါ သည်။