အမေရိကန်အခြေစိုက် Ford သည် ကွန်ပျူတာအခြေခံနှင့် နည်းပညာအသစ်တစ်မျိုးဖြစ်သည့် (New Smart Link)အား Ford နှင့် Lincoln ကားအဟောင်းတစ်ချို့တွင် စတင်ထည့်သွင်းမည်ဖြစ်ပါသည်။
အဆိုပါ (New Smart Link)သည် (4G LTE)ကိုအခြေခံထားသည့် (Device) ဖြစ်ပြီး ကား၏ (Steering)အောက်ခြေရှိ (OBD II) မှ တဆင့် ဆက်သွယ်အသုံးပြုရမည်ဖြစ်ပါသည်။ အဆိုပါ နည်းပညာ အား Ford နှင့် Delphi Automotive / Verizon Telematics တို့မှ ပူးပေါင်းဖန်တီးမည်ဖြစ်ပါသည်။ (New Smart Link)တွင် အဓိကဆောင်ရွက်နိုင်မည့် လုပ်ဆောင်မှု(၄)မျိုးရှိပြီး ၄င်းတို့မှာ (Smart Phone) ကို အခြေခံထားသည့် ကားတံခါး ဖွင့်/ပိတ်နှင့် အဝေးမှစက်နှိုးခြင်း/ (4G LTE Wi-Fi Hotspot capable)ပါဝင် သည့် Device (၈)ခု/ ယာဉ်၏ လုံခြုံမှုအချက်ပေးစနစ်/ မော်တော်ယာဉ်တည်နေရာရှာဖွေနိုင်ခြင်း စသည် တို့အား ဆောင်ရွက်နိုင်ပါမည်။
Fore အနေဖြင့် Smart Link ၏ လုပ်ငန်းလုပ်ပိုင်ခွင့်အား ယခုနှစ်နွေဦးပေါက်တွင် စတင်ရရှိမည် ဖြစ်ပြီး (2010-2016)ကာလအတွင်း ထုတ်လုပ်ခဲ့သည့် (Ford) နှင့် (Lincoln)ကားများတွင် ထည့်သွင်း မည်ဖြစ်ပါသည်။ ထိုသို့နည်းပညာအသစ် Smart Link ထည့်သွင်းခြင်းအား လစဉ်ကြေးသတ်မှတ်ပြီး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Ford ၏ (New Smart Link )စနစ်အား ၄င်း၏ ရောင်းချပြီးသည့်ကားများဖြစ်ကြသည့် Lincoln နှင့် Ford အမျိုးအစားများတွင် ထည့်သွင်းခြင်းသည် ပထမဆုံးစီစဉ်ဖန်တီးမှုလည်းဖြစ်ပြီး ပုံမှန်ထွက်ရှိလာ မည့် (Ford / Lincoln) တို့၏ (Latest Model) များတွင်လည်း အဆိုပါ (Smart Link) အားထည့်သွင်း ထား မည်ဖြစ်ပါသည်။