Unicode version..
အမေရိကန်အခြေစိုက် (GM)သည် (in – car infotainment system app) အမျိုးအစားအား Software development အနေဖြင့် ပြုလုပ်လိုက်ပြီး ၄င်း App သည် Data စုစုပေါင်း ၄၀၀ ခန့်အား သိုမှီးအသုံးပြုနိုင်မည်ဖြစ်ပါသည်။ အဆိုပါ SDK App အား (HTMLS) နှင့် (Java Script) တို့ဖြင့် အသုံး ပြုနိုင်မည်ဖြစ်ပါသည်။
SDK App အသုံးပြုမှုသည် GM ၏ကြီးစွာသော တိုးတက်ပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး ကား၏ Infotainment Display အသုံးပြုခြင်းအား အဆင့်မြှင့်တင်မှုလည်းဖြစ်ပါသည်။ထိုစနစ်အား အမေရိကန် နိုင်ငံ ( Michigan ) ဒေသတွင် စမ်းသပ်ခဲ့ပါသည်။
အဆိုပါစနစ်အား (NGI SDK – Next Generation Infotainment Software Development Kit) ဟုခေါ်ဆိုပြီး ၄င်းစနစ်အား မည်သည့်ကွန်ပျူတာစနစ် များနှင့်မဆို တွဲဖက်အသုံးပြုနိုင်ပါမည်။အဆိုပါ SDK စနစ်ပါ၀င်သည့် (In car Computer) တွင် ယာဉ်၏ ထိန်းချုပ်စနစ်များကို စုံလင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး (Trip odometer)၊ (လက်ရှိအရှိန်နှုန်း)၊ (တံခါး အဖွင့်/အပိတ်)၊(နောက်ကြည့်ကင်မရာ) စသည့် လုပ်ဆောင်မှု များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ယခုနောက်ဆုံးပေါ် SDK App ၏အသုံးပြုနိုင်မှု (Data 50) ထက်များစွာ သာလွန်မှုရှိပါသည်။
အဆိုပါ SDK App အား အချိန် (၄)နာရီခန့်အတွင်း (Install)ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ SDK App လုပ်ငန်းဆောင်တာများအတွက် GM အနေဖြင့် (IBM on Watson) နှင့် (AT and T) လုပ်ငန်းစုများ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ SDK in-car infotainment app ၏ လုပ်ဆောင်မှုအသေးစိတ်အား ယခုနှစ် (February) ၌ အမေရိကန်နိုင်ငံ (ဖလော်ရီဒါပြည်နယ်)တွင် မိတ်ဆက်ပြသခဲ့ပါသည်။
Zawgyi version…