Unicode version…
မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ပထမဆုံး ကားလမ်းညွှန် PolarStar GPS
PolarStar GPS ဆိုတာက မြန်မာနိုင်ငံယာဉ်မောင်းသူတွေအတွက် သီးသန့်တီထွင်ထားတဲ့ ကားလမ်းညွှန် Applaction တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက မြန်မာနိုင်ငံက ကားလမ်းတွေကို သေချာစွာ ကွင်းဆင်းလေ့လာပြီးတော့မှ လမ်းသွယ် လမ်းကြား လမ်းမကြီး နဲ့ သီးသန့် ထုတ်လုပ်ထားတဲ့ တစ်ခုတည်းသော ကားလမ်းညွှန်ပါ။ စပြီးတော့ မိတ်ဆက်တုန်းကတော့ GPS လိုပြောလိုက်တာနဲ့ လူတွေက ကောင်းကင်ပေါ်ကနေ ဆင်းကျလာပြီးတော့ လမ်းပြပေးမယ် နေရာရှာပေးမယ်လို ထင်ခဲ့ကြတယ်။ PolarStar GPS ဆိုတာကတော့ အဲ့လိုမျိုးမဟုတ်ပဲ ကားမောင်းနေတဲ့သူတွေ သွားရလာရအဆင်ပြေအောင်ထောက်ပံ့ပေးတဲ့ navigation gps မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ PolarStar GPS ရဲ့ အားသာချက်တွေဆိုရင်…
မြန်မာတစ်နိိုင်ငံလုံး၏ မြေပုံများ
PolarStar X မှာ မြန်မာနိုင်ငံတစ်ခုလုံးရဲ့မြေပုံတွေ ပါ၀င်တဲ့အပြင် အဓိကမြို့ကြီးများရဲ့အသေးစိတ်မြေပုံများကိုု 3Dနဲ့ပါ၀င်ဖော်ပြပေးထားပါတယ်။ လမ်းအမည်တွေကို မြန်မာလို အလွယ်တကူ ရှာလို့ရပြီး စားသောက်ဆိုင်၊ ဟိုတယ်၊ ဆေးရုံ၊ ဆီဆိုင် အစရှိတဲ့နေရာတွေကိုလဲ ရှာဖွေနိုင်ပါတယ်။
Intelligent Routing
PolatStar X က သင်သွားချင်တဲ့နေရာတွေကို ရွေးလိုက်တာနဲ့ ဘယ်လမ်းကနေ သွားရမယ်ဆိုတာကို ကွန်ပြူတာက တွက်ပေးမှာဖြစ်ပါတယ်။ တွက်တဲ့နေရာမှာ အရင်ခေတ်က GPS တွေလိုမဟုတ်ဘဲ မြန်မာပြည်ရဲ့ အနေအထားကိုပါ ထည့်သွင်းစဉ်းစားပြီး တွက်ချက်ပေးနိုင်ပါတယ်။ ဥပမာ လမ်းဆုံတွေသွားတော့မယ်ဆိုရင် လမ်းမကြီးဆိုရင်ပိုကြာမယ်၊ မီးပွိုင့်ရှိတာနဲ့ မရှိတာ ကွာမှာရယ်၊ ညာကွေ့တာက ဘယ်ကွေ့လိုက်လို့ မီးဝါစောင့်စရာမလိုပဲ ပိုမြန်နိုင်တာတွေ စတာတွေအထိကိုပါ ထည့်သွင်းစဉ်းစားပေးနိုင်တဲ့ အသိဉာဏ် ရှိတဲ့စနစ် တစ်ခုဖြစ်ပါတယ်။
Turn-By Turn
ကိုယ်သွားချင်တဲ့နေရာတွေကို သတ်မှတ်ပြီးသွားတာနဲ့ မြေပုံပေါ်မှာ သွားရမယ့်လမ်းကြောင်း အစိမ်းလေးပေါ်လာပြီဆိုရင်တော့ ရောက်နေတဲ့ နေရာကနေစပြီး အဲ့ဒီလမ်းကြောင်းအတိုင်း ကွေ့စရာရှိရင်ဖြစ်ဖြစ် လမ်းဆုံရှိရင်ဖြစ်ဖြစ် တစ်ဆင့်ချင်းစီကို (Turn-By Turn) လိုက်လံလမ်းညွှန် ပေးသွားမှာဖြစ်ပါတယ်။ လမ်းကြောင်းအတိုင်းမသွားမိလို့ဖြစ်ဖြစ် ကိုယ်ကပိုမြန်တဲ့လမ်းကို သိလို့ပဲဖြစ်ဖြစ် စိတ်ပူစရာမလိုပါဘူး ၊ Intelligent Routing က သူ့အလိုအလျှောက်လမ်းကို ပြန်လည်တွက်ချက်ပေးပါတယ်။
Voice Guidance
ကွေ့ရမှာပဲဖြစ်ဖြစ်၊ တည့်တည့်သွားရမှာပဲဖြစ်ဖြစ် မြန်မာလိုရော အင်္ဂလိပ်လိုပါ အသံနဲ့လမ်းညွှန်ပေးပါတယ်။ ကားလမ်းတွေအရမ်းရှုတ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ၊ အမြန်နှုန်းမြင့်မြင့်နဲ့ သွားနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် GPS Screan ကိုလှမ်းကြည့်တာမျိုး၊ လက်နဲ့တို့တာမျိုးလုပ်တာက ယာဉ်အန္တရာယ်ဖြစ်နိုင်တာကြောင့် အသံကို နားထောင်တာနဲ့ လိုရာခရီးသွားဖို့က မရှိမဖြစ် စွမ်းဆောင်ရည်တစ်ခုပဲဖြစ်ပါတယ်။
Split Screen
မြို့တွင်းမှာဆိုရင်တော့ 3D View နဲ့အသုံးပြုရတာ အကောင်းဆုံးဆိုပေမယ့် တစ်မြို့ကနေတစ်မြို့ ခရီးရှည်သွားလာချင်ရင်တော့ 3D View သက်သက်ဆို လမ်းမကြီးတစ်လမ်းထဲ ပေါ်တာကြောင့် 2D View ကိုဟြေင်းပြီး Zoom ချုံ့ကြည့်လေ့ရှိကြပါတယ်။ Polarstar X မှာတော့ မြို့ထဲက ထွက်လိုက်တာနဲ့ သင်သွားနေတဲ့ Hightway လမ်းမှာ အကွေ့တွေ တံတားတွေကို 3D View နဲ့ပြပေးပြီး ကျန်တဲ့တစ်ခြမ်းမှာ မြန်မာနိုင်ငံမြေပုံနဲ့ မြို့တွေရဲ့တည်နေရာကို 2D View နဲ့ ပြပေးနိုင်ပါတယ်။
Zawgyi version…
မြန်မာတစ်နိုင်ငံလုံး၏ မြေပုံများ
Intelligent Routing
Turn-By Turn
Voice Guidance
Split Screen