Honda သည် ၄င်း၏ Model အသစ်တစ်မျိုးဖြစ်သည့် (New Clarity Fuel Cell Sedan) အား အမေရိကန် နိုင်ငံရှိ နယူယောက်မြို့တွင် မိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းအား (Hydrogen Infrastructure) ဖြင့် အဓိကဖွဲ့စည်းထားပြီး (Plug – in Hybrid) ပုံစံ (၂)မျိုးဖြင့် ဈေးကွက်သတ်မှတ်မည်ဖြစ်ပြီး၎င်းတို့အား (Clarity Electric) နှင့် (Clarity Plug – in Hybrid) ဟု ခေါ်ဆိုမည်ဖြစ်ကာ မကြာမီကျင်းပမည့် ( New York Auto show) တွင် မိတ်ဆက်ပြသမည်ဖြစ်ပါသည်။

Honda ၏ Clarity Fuel Cell သည် Honda ၏ FCEV နှင့်များစွာ တူညီမှုရှိပါသည်။ Clarity Sedan သည် အထူးအင်ဂျင် (လျှပ်စစ်/နှစ်မျိုးစပ်) စနစ်များအသုံးပြုထားသော်လည်း ၄င်းတွင်ကျယ်ဝန်း သည့် အတွင်းခန်း၊ လှပသောဒီဇိုင်းများဖြင့် ဖန်တီးထားမည်ဖြစ်ပြီး နာမည်ကျော် နည်းပညာများဖြစ်ကြ သည့် (Sensing Safety)/ (Apple Car Play)/ (Android Auto)/ (Fun-to-drive DNA)စသည်တို့ကို လည်းစုံလင်စွာ ပါရှိမည် ဖြစ်ပါသည်။Honda Clarity သည် အလတ်တန်းအဆင့်ရှိ ဆီဒင်ကားဖြစ်ပြီး ခရီး သည် (၅)ယောက်စီးပုံစံ ဖန်တီးထားပါသည်။ (Clarity  Electric) အနေဖြင့် လျှပ်စစ်သီးသန့်အနေဖြင့် မိုင်(၈၀)အထိ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။ထို့အပြင် ၄င်း၏ (Plug-in- Hybrid)နှင့် (Fuel Cell Car) များ၏စွမ်းဆောင်ရည်သည်လည်း အခြားသော အမျိုးတူကားအမျိုးအစားများထက် သာလွန်မှုရှိသည်ဟု Honda မှပြောကြားထားပါသည်။

Honda Clarity Lineup အားလုံးအား (2030)တွင် အပြီးသတ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယခု New York တွင် ပြသသည့် Model များကိုမူ မကြာမီကျင်းပမည့် New York Auto Show တွင် ထပ်မံခင်းကျင်း ပြသမည်ဖြစ်ပါသည်။