Unicode version..
တောင်ကိုရီးယားအခြေစိုက် Hyundai ၏ နာမည်ကျော် Sonata Sedan သည် ယခု (2017)တွင် ၄င်း၏ အတွင်း/အပြင် ဒီဇိုင်းများပြောင်းလဲပြီး ပါ၀င်မှုအသစ်များဖြည့်စွက်ကာ (Minor Change)အနေဖြင့် တောင်ကိုရီးယားစျေးကွက်တွင် စတင်ရောင်းချမည်ဖြစ်ပါသည်။ထို့နောက် မြောက်အမေရိကနှင့် ဥရောပ စျေးကွက် များ သို့ ဆက်လက်တင်ပို့မည်ဖြစ်ပါသည်။
New Sonata တွင် အဓိကထူးခြားမှုအနေဖြင့် ၄င်း၏အပြင်ဖက်ဒီဇိုင်းအား Revised Fascia အနေ ဖြင့် New Grille Design ဖြင့် ဖန်တီးထားပြီး ၄င်း၏ Grill Design အသစ်သည် New Elantra Sedan နှင့် တူညီမှုရှိပါမည်။ ထို့အတူ ကိုယ်ထည်ပတ်လည်တွင် ယခင်ကားများထက် ပိုမိုများပြားသည့် အချိုးအကွေ့ များဖြင့် ဖန်တီးထား၍ အမြင်လှမည်ဖြစ်ပါသည်။ New Sonata ၏ (Standard) နှင့် (2.0 T)၏ အရှေ့ Grill Design များအားကွဲပြားစွာဖန်တီးထားပါသည်။(2.0 T)၏ အပြင်ဖက် တွင် (Head Light / Chrome) များအား အနက်ရောင်ဖြင့် တန်ဆာဆင်ထားပါသည်။
New Sonata ၏ အတွင်းခန်းကိုလည်း ပြောင်းလဲမှုများဖြင့်ဖန်တီးထားပြီး ထိုင်ခုံဒီဇိုင်းအသစ်များ ထည့်သွင်းထားပါသည်။၄င်း၏ Steering Wheel အား (Flat bottom Design) ဖြင့် ဖန်တီးထားပါသည်။
New Sonata တွင် ပါ၀င်မှုအသစ်များဖြစ်ကြသည့်( New 8- Speed Automatic Gear) အား (2.0T Model) တွင် စတင်ထည့်သွင်းထားမည်ဖြစ်ပါသည်။ ယခင် (Sonata 2.0T) တွင် (6- Speed Auto Gear) သာပါရှိပါသည်။ ထို့အပြင် ( Wireless phone charging) နှင့် (Lane keeping assist) တို့ကိုလည်း မိတ်ဆက်ထည့်သွင်းထားပါသည်။
New Sonata အားယခုနှစ်အတွက် (တောင်ကိုရီးယားစျေးကွက်) ၌ ပထမဆုံးရောင်းချမည်ဖြစ်ပြီး အခြားသောစျေးကွက်များတွင်လည်း ဆက်လက်တင်ပို့ ရောင်းချမည်ဖြစ်ပါသည်။
Zawgyi version…
တောင်ကိုရီးယားအခြေစိုက် Hyundai ၏ နာမည်ကျော် Sonata Sedan သည် ယခု (2017)တွင် ၄င်း၏ အတွင်း/အပြင် ဒီဇိုင်းများပြောင်းလဲပြီး ပါဝင်မှုအသစ်များဖြည့်စွက်ကာ (Minor Change)အနေဖြင့် တောင်ကိုရီးယားဈေးကွက်တွင် စတင်ရောင်းချမည်ဖြစ်ပါသည်။ထို့နောက် မြောက်အမေရိကနှင့် ဥရောပ ဈေးကွက် များ သို့ ဆက်လက်တင်ပို့မည်ဖြစ်ပါသည်။
New Sonata အားယခုနှစ်အတွက် (တောင်ကိုရီးယားဈေးကွက်) ၌ ပထမဆုံးရောင်းချမည်ဖြစ်ပြီး အခြားသောဈေးကွက်များတွင်လည်း ဆက်လက်တင်ပို့ ရောင်းချမည်ဖြစ်ပါသည်။