Unicode version…
မကြာမီအချိန်ကကျင်းခဲ့သည့် အမေရိကန်နိုင်ငံရှိ (Detroit Auto Show)တွင် (Infiniti)မှ (Premium Midsize Crossover)ဖြစ်သည့် (QX 50 Concept Model)အားမိတ်ဆက်ပြသခဲ့ပါသည်။
၄င်းအား (Infiniti)၏(Sedan)နှင့် (Coupes)များကဲ့သို့ လှပဆန်းသစ်သည့် ဒီဇိုင်းပုံစံအသစ်ဖြင့် ခင်းကျင်းခဲ့ပြီးခေတ်ရှေ့ပြေးသည် ဒီဇိုင်းဖြင့် အဓိကဖန်တီးထားပါသည်။ ထို့အပြင် (Infiniti)၏ နောက်ဆုံးပေါ်နည်းပညာများဖြစ်ကြသည့်-(Stop-and-go traffic)နှင့် (အခြားသောယာဉ်များ၏ရွေ့လျားမှုများကို မြင်တွေ့နိုင်မည့် ဖန်သားပြင်)စသည့်ပါ၀င်မှုများအား စတင်မိတ်ဆက်ထည့်သွင်းထားပါသည်။
ထို့အပြင် အင်ဂျင်စနစ်ကိုလည်း (New production-ready engine technology)စနစ်သုံး (2.0 L Turbocharged I4 Engine)၊ (268 hp)၊ (287 lb-ft of torque) အင်ဂျင်စနစ်ကိုလည်းထည့်သွင်းထားမည်ဖြစ်ပါသည်။
(Infiniti)အနေဖြင့် ယခု (မိတ်ဆက်)ထားသည့် (QX 50 Concept)နှင့် တူညီသည့် (Sport Inspiration Concept Model)အား (2016 Beijing Auto Show)တွင် ပြသခဲ့ပါသည်။ ထို့အပြင် (Infiniti) မှ လက်ရှိတွင် (QX 50 MPV)ကိုလည်းထုတ်လုပ်ထားပါသည်။ထို့ကြောင့် ယခုမိတ်ဆက်ပြသသည့် (QX 50 Concept)အားမည်သည့်အချိန်တွင် မည်သို့သောအမည်ဖြင့် ထုတ်လုပ်မည်ကိုမူ (Infiniti)မှ ကြေငြာ ခြင်းမရှိပါ။
(Infiniti)သည် (QX 50 Concept)အား ၄င်း၏စျေးကွက်ယှဉ်ပြိုင်ဖက်များ ဖြစ်ကြသည့် (BMWX3)၊ (Acura RDX)နှင့် (Lexus NX)တို့၏ အနာဂတ် (Models)များကိုယှဉ်ပြိုင်နိုင်ရန် ရည်ရွယ် ထုတ်လုပ်ခြင်းဖြစ်သည်ဟုသုံးသပ်မိပါသည်။
Zawgyi  verrsion..
(Infiniti)သည် (QX 50 Concept)အား ၄င်း၏ဈေးကွက်ယှဉ်ပြိုင်ဖက်များ ဖြစ်ကြသည့် (BMWX3)၊ (Acura RDX)နှင့် (Lexus NX)တို့၏ အနာဂတ် (Models)များကိုယှဉ်ပြိုင်နိုင်ရန် ရည်ရွယ် ထုတ်လုပ်ခြင်းဖြစ်သည်ဟုသုံးသပ်မိပါသည်။