Unicode version…
မကြာသေးမီကကျင်းပခဲ့သည် အမေရိကန်နိုင်ငံရှိ (L.A Auto Show)တွင် ဗြိတိန်အခြေစိုက် ကမ္ဘာကျော် (Jaguar)မှ (New I-PACE Concept Model)အားမိတ်ဆက် ပြသခဲ့ပါသည်။ ၄င်းသည် လျှပ်စစ်သီးသန့်ဖြင့် အသုံးပြုနိုင်သည့် (Luxury SUV)အမျိုးအစားကားဖြစ်ပြီးအမေရိကန် အခြေစိုက် (Tesla)၏ လျှပ်စစ်သီးသန့်အသုံးပြုနိုင်သည့် (Model X Luxury Crossover Model)အားစျေးကွက်ယှဉ် ပြိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
(I-Pace Concept)၏ အပြင်ဖက် ဒီဇိုင်းအားယခုထွက်ရှိထားသည့် (F-PACE SUV)၏ဒီဇိုင်းအားအခြေခံကာအလွန်ဆန်းသစ်သည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားပါသည်။အဓိကအားဖြင့် ၄င်း၏ အနောက် ဖက်အားလျှောဆင်းနေသည် ဒီဇိုင်းဖြင့် ဖန်တီးထား၍ (SUV)အနေထက် (Sedan) ဒီဇိုင်းဖက်သို့ ပို၍ အလေးသာပါသည်။ ထူးခြားမှုအနေဖြင့် အလွန်ကြီးသည် ဘီးများကိုထည့်သွင်းထားမှုမှာဆန်းသစ်လှ ပါသည်။ ထို့အတူအတွင်းခန်းပါ၀င်မှုများကိုလည်း (High-end technology)များဖြင့် အဓိကဖန်တီးထားသည် တို့တွေ့မြင်ရပါမည်။
ထို့အတူအရေးကြီးသည့် အင်ဂျင်စနစ်အနေဖြင့် လျှပ်စစ်သီးသန့်သုံးကားဖြစ်၍ ၄င်းတွင် လျှပ်စစ်မော်တာ (2)ခုအားတပ်ဆင်ထား၍ ၄င်းတို့၏ (Total output)သည် (400hp)ရရှိနိုင်ပါသည်။ (I-PACE)တွင် (All-Wheel Drive)အား (Standard)အနေဖြင့် ထည့်သွင်းထားပါသည်။ ၄င်းလျှပ်စစ်မော်တာ ဖြင့် အမြင့်ဆုံး (မိုင် ၂၂၀)ခန့် မောင်းနှင့်နိုင်မည်ဖြစ်ပါသည်။
ယခုအချိန်အထိ (Jaguar Model Lineup)တွင် (I-PACE Concept)အားထုတ်လုပ်ရောင်းချရန် အစီအစဉ် မရှိသေးသော်လည်း မဝေးလှသည့် အနာဂတ်ကာလအတွက် အထူးသင့်လျော်မှုရှိမည့် (Fully Electric Car) တစ်ခင်းအနေဖြင့် ကားချစ်သူများရှေ့မှောက်သို့ ရောက်ရှိလာမည် ဖြစ်ပါကြောင်း။
jaguar-i-pace-concept-1 jaguar-i-pace-concept-3 jaguar-i-pace-concept-4 jaguar-i-pace-concept-5 jaguar-i-pace-concept-6
Zawgyi version..