Unicode version…
JAGUAR XF REVIEW
ထပ်မံရောက်ရှိလာသည့် Jaguar
Jaguar XF ရဲ့ဒုတိယမျိုးဆက်ကို ထုတ်လုပ်ခဲ့ပါပြီ။ ပေါ့ပါးတယ်။ ပိုပြီး လေခွင်းအားကောင်းတယ်။ ပိုမြန်တယ်။ ပိုပြီး နည်းပညာဆန်တယ်။ ပိုပြီး လှပတယ်။ ပြီးတော့ အရင်ကထက် ပိုပြီးကျယ်တယ်။ ဗြိတိန်ဘရန်းဖြစ်တဲ့ Jaguar သည် ဂျာမန်ဘရန်းတွေပေါ်မှာ ထိပ်တိုက်ရင်ဆိုင်ပြီး ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ဖြစ်ပါတယ်။xfrs_15my_007_gee
လွန်ခဲ့တဲ့နှစ်များအကြာက တခြားကားတွေထက် ကျွန်တော် Jaguar E-Type ကို ပိုလိုချင်ခဲ့ပါတယ်။ ဒီ Jaguar E-Type ကို ကျွန်တော် ဘယ်နေရာမှာမြင်ခဲ့တယ်ဆိုတာ ကျွန်တော်မမှတ်မိပါဘူး။ ၁၉၆၇ ခုနှစ်ရဲ့ ခရစ်စမတ်နေ့မှာ ခရစ်စမတ်သစ်ပင်ရဲ့ဘေးမှာ Jaguar E-Type ရှိနေခဲ့ပါတယ်။ မီးအနီရောင်၊ ရှည်လျားတဲ့ ဘော့နက်၊ Spoke ဘီးတွေနဲ့။ ကျွန်တော့်အိပ်မက်က အပြင်မှာဖြစ်လာခဲ့ပါတယ်။ Jaguar E-Type ကလေးစီးကားလေးတစ်စီးပါ။ ကျွန်တော် ကမ္ဘာပေါ်ရှိ အပျော်ရွှင်ဆုံး အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Jaguar ရဲ့ပိုင်ရှင်ဖြစ်ရတာ ကျွန်တော် ဂုဏ်ယူမိပါတယ်။xf_16my_074_gbl
အချက်တစ်ခုအနေနဲ့ ကားတစ်စီးသည် ကျောင်းစတက်မဲ့ လူငယ်လေးတစ်ယောက်ရဲ့အာရုံကို ဖမ်းစားနိုင်လောက်တဲ့ ကြီးမားတဲ့အထင်ကြီးမှုတွေ ရှိပါတယ်။ ၅၀ ပြည့်နှစ်နဲ့
၆၀ ပြည့်နှစ်များမှာ Jaguar သည် မြန်ဆန်ခြင်း၊ အထက်တန်းကျခြင်း၊ ပြိုင်ပွဲများတွင် အနိုင်ရရှိခြင်း၊ လှပသောကားများဖြစ်ခြင်းတို့ကြောင့် ဂုဏ်သတင်းရှိခဲ့ပါတယ်။ ကနေဒါရဲ့ အဝေးမှာတောင် ၄င်းတို့သည် လိုချင်စရာဖြစ်ပြီး ဂျာမန်ကားတွေပေးနိုင်တာတွေအားလုံးထက် ပိုသာတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ အီတလီထုတ်ကားတွေလည်း လိုချင်ဖွယ်ကောင်းပြီး ၄င်းတို့အားလုံး သီးသန့်မကျဘဲ လိုချင်ဖွယ်ကောင်းနေပါတယ်။xf_15my_049_gee
နောက်ပိုင်းကစလို့ သူတို့ရဲ့ ၆၀ ပြည့်နှစ် စောပိုင်းပြီးနောက် ထိုကားတွေသည် တစ်ခုနဲ့တစ်ခုမတူတော့ဘဲ သီးခြားဖြစ်လာပါတယ်။ ပြီးတော့ ၄င်းတို့ ကြီးမားပြီး လေးလံလာပါတယ်။ ရုပ်ပိုင်းကတော့ အဆင်ပြေပြီး ကြည့်ကောင်းနေတုန်းပါပဲ။ ဒါပေမဲ့ electric က စက်နှိုးလိုက်တိုင်း မနိုးပါဘူး။ ပြီးတော့ စက်တွေကလည်း မကောင်းလှပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုမှာ ကုမ္ပဏီသည် ပြန်လည်ဖွဲ့စည်းခဲ့ပြီး Ford ရဲ့လက်အောက်ကို ၁၉၉၀ ပြည့်နှစ်မှာ စတင်ဝင်ရောက်လာခဲ့ပါတယ်။ ( ၄င်းရဲ့ ပထမဦးဆုံး ဖန်တီးမှု၊ ၂၀ဝ၇ ထုတ် အရမ်းကောင်းတဲ့ မျိုးဆက် XF ) ပြီးတော့ အိန္ဒိယ Tata motors သည် Jaguar ကို ဝယ်ယူခဲ့သောအခါ အရာများသည် တကယ့်ကို ပြောင်းလဲခဲ့ပါတယ်။ Tata motors သည် ဗြိတိန်ရဲ့ အရည်အချင်းရှိ အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်းနာများကို ထွက်ခွာချိန်တွင် ၄င်းတို့ရဲ့အလုပ်များကို လုပ်ကိုင်ရန် ငွေကြေးကို ပိုမိုအသုံးပြုခဲ့ပါတယ်။xf_16my_006_gbl
၄င်းရဲ့မကြာသေးမီက သမိုင်းများနဲ့ ကျွန်တော့်ရဲ့ အချိန်အကြာကြီးရှိနေခဲ့တဲ့ ကိုယ်ပိုင် personal ကားအမျိုးအစားတစ်မျိုးဖြစ်တာကြောင့် အခွင့်အရေးတစ်ခုမှာ ကျွန်တော် ဒုတိယမျိုးဆက်ဖြစ်တဲ့ Jaguar XF ကို စမ်းသပ် မောင်းနှင်ကြည့်ဖို့ ကျွန်တော်ပြုလုပ်ခဲ့ပါတယ်။ ၄င်း Jaguar XF သည် နှစ်ပေါင်းများစွာ ကားအကောင်းစားဈေးကွက်ကို ဦးဆောင်နေတဲ့ BMW 5-Series, Mercedes E-Class, Audi A6
စတဲ့ ဘရန်းများအတွက် နောက်ဆုံးပေါ် ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့ကျတဲ့အကြောင်းအရာတွေကို ပြန်ကြည့်ရအောင်။ ထို အကောင်းစားရည်ရွယ်ထားတဲ့ ဆလွန်းရဲ့ အပြင်ဘက်သည် တစ်ခုခုကို ထိုးဆင်းတော့မည့်ဟန်၊ Sport ကားဆန်ပြီး Classy လည်း ဖြစ်ပါတယ်။ ဒါတွေကတော့ သင့် Classic Jaguar တစ်စီးကနေ မျှော်လင့်နိုင်တဲ့ ဒီဇိုင်းများဖြစ်ပါတယ်။ ဒီအတွက် ဒီဇိုင်းနာနဲ့ စကော့တလန်လူမျိုး မစ္စတာ Lan Callum ကိုကျေးဇူးတင်နိုင်ပါတယ်။ မစ္စတာ Callum သည် နှစ်ပေါင်း ၂၀ ကျော်ကြာ အံ့ဖွယ်ရာကားများကို ဒီဇိုင်းဆင်ခဲ့သူ ဖြစ်ပါတယ်။ သူဒီဇိုင်းဆင်တဲ့အထဲမှာ BMW 5-Series, Mercedes E-Class, Audi A6 နဲ့ စူပါကား F-type အပါအဝင် BMW 5-Series, Mercedes E-Class, Audi A6 နဲ့ BMW 5-Series, Mercedes E-Class, Audi A6 တို့လည်း ပါဝင်ခဲ့ပါတယ်။
လေခွင်းအားကို ပိုကောင်းအောင် လုပ်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ နောက်ဖုံးအပေါ်ဘက်ကို အနည်းငယ် အပေါ်ဘက်ကို ပင့်ထားတာဖြစ်ပြီး ကားတစ်စီးမှာ panel ရဲ့ပုံသဏ္ဍာန်တွေကို လေရှပ်ပြေးနိုင်အောင် ဒီဇိုင်းနဲ့ပုံသဏ္ဍာန်ကို လိုက်ဖက်အောင်ပြုလုပ်ထားတာ ဖြစ်ပါတယ်။
သင်ကားထဲမှာရှိတယ်ဆိုတာ လူတွေကိုသိစေဖို့ (အထူးသဖြင့် အမျိုးသမီးတွေကို) သိစေဖို့ ရှေ့သို့လှမ်းတိုင်းမှာ သင့်ကို Jaguar XF က ပျော်ရွှင်စေမှာဖြစ်ပါတယ်။not-a-range-rover-it-is-a-jaguar
အတွင်းဘက် အစိတ်အပိုင်းများကတော့ Classic ဗြိတိန် စတိုင်ထဲက ပရီမီယံဒီဇိုင်း၊ Sport ဆန်တဲ့ ထိုင်ခုံများနဲ့ သင့်ကိုပို့ဆောင်ပေးမဲ့ ရှေ့ခန်းနေရာတို့ဖြစ်ကြပါတယ်။ ၄င်းမှာ ခေတ်မီစံနှုန်းများဖြစ်တဲ့ ဖမ်းစားနိုင်တဲ့ touchscreen တစ်ခုလည်းရှိပါတယ်။ ဒါပေမဲ့ ထုတ်လုပ်သူတို့သည် အတွင်းဘက်ရဲ့ ရိုးရှင်းမူကို ထိန်းသိမ်းထားခဲ့ကြပါတယ်။ ခလုတ်တွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ထိုခလုတ်တွေသည် အလွယ်တကူ နှိပ်ယူရရှိနိုင်တဲ့ ခလုတ်များပဲ ဖြစ်ပါတယ်။
အနောက်ဘက်တွင် ခြေထောက်နဲ့ ခေါင်းအတွက် နေရာများစွာရှိပါတယ်။ အမိုးကတော့ ရထားလုံးစတိုင် လျှောနေတဲ့ပုံဖြစ်ပေမဲ့ အရပ်ရှည်တဲ့သူတွေအတွက် ခရီးရှည်တွေမှာတောင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ နောက်ဖုံးကတော့ ၅၄၀ လီတာဆံ့ပြီး ခရီးရှည်အတွက် လိုအပ်တဲ့ပစ္စည်း အထုပ်အပိုးတွေအားလုံးအတွက် အဆင်ပြေလုံလောက်စေမှာ ဖြစ်ပါတယ်။ မောင်းသူအခန်းမှာတော့ ယာဉ်မောင်းရဲ့ ထိုင်ခုံကို နိမ့်ဆင်းစွာထိုင်ရမှာဖြစ်ပြီး ဒါကတော့ အနားယူမှုကိုပေးပြီး sport ဆန်သော ခံစားမှုကိုလည်း ပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် HUD ( heads up display ) နှစ်ခုရှိတာကို တွေ့ရပါမယ်။
ငွေရောင် ဂီယာချိန်းတဲ့အဖုကို အသုံးပြုထားပြီး သင်သည် အခြေအနေနဲ့ ရွေ့လျားမှုကိုလိုက်ပြီး သင့်ရဲ့မောင်းနှင်မှုကို ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင်ချောလွန်းသည့်လမ်း၊ ပြိုင်ပွဲအနေအထားတွေကို ၄င်းရဲ့ မျက်လှည့်တစ်ခုဖြစ်တဲ့ ဂီယာ (၈) ချက်နဲ့ လျှပ်စစ်တည်ငြိမ်မှုစနစ်ဖြစ်တဲ့ electronic stability systems
များမှာထားရှိပြီး သင့်ရဲ့ သွားလာမှုကို ပြည့်စုံစေနိုင်ပါတယ်။ နောက်ထပ်အနေနဲ့ စတီယာရင်ပေါ်က manual paddle shifters ရဲ့ထက်မြက်မှုကို သုံးနိုင်ပါတယ်။ မောင်းနှင်မှုက လေအနည်းငယ်တိုးမှုနဲ့အတူ တိတ်ဆိတ်ပြီး လမ်းနဲ့ အင်ဂျင် တစ်ခုခုဆီကတော့ အသံကြားရနိုင်ပါတယ်။
ကားစတီယာရင်က တကယ့်ကိုကောင်းပြီး တိကျမှန်ကန်ကာ သန်မာလှပါတယ်။ (dynamic mode
မှာတော့ ပိုပြီး စတီယာရင်က လေးပါတယ်)။ ထို Class ထဲမှာရှိတဲ့ အခြားကားတွေလို သင့်လမ်းနဲ့ အဆက်ပြတ်နေသလို မခံစားရပါဘူး။ ထို ထက်မြက်လှတဲ့ စတီယာရင်က လမ်းထောင့်တွေထဲကို စိတ်လှုပ်ရှားမှုနဲ့ သေချာစွာ ကြိုးကြိုးစားစား မောင်းနှင်ရစေပါမယ်။
Comfort mode မှာ ဟိုက်ဝေးလ်မောင်းနှင်မှုတွေကို လုပ်ဆောင်နိုင်ပြီး dynamic mode မှာ လိမ့်ကောက်နေသော တောင်ကုန်းများကို တက်နိုင်ပါတယ်။ ပြီးတော့ ဘေးတိုက် g-forces ကိုလည်း စီစဉ်ပေးထားပါတယ်။
ဒီ package ထဲမှာတော့ အရမ်းအမြန်ကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ မနှေးလည်းမနှေးပါဘူး။ ၄င်းတွင် အလယ်လတ်တန်းစားဖြစ်တဲ့စွမ်းဆောင်ရည် မြင်းကောင်ရေ ၂၄၀ ရှိပါတယ်။ 100km/hr ကို ၆.၇ စက္ကန့်အတွင်း ရောက်နိုင်ပါတယ်။ (ပိုပြီး စွမ်းအားပြည့်တဲ့ အင်ဂျင်ကိုလည်း ရရှိနိုင်ပါတယ်)။ ၄င်းသည် အခြေအနေတော်တော်များများမှာ လုံးဝ လုံလောက်တဲ့ မြန်ဆန်မှုရှိပြီး လုပ်ဆောင်ရတာလည်း လွယ်ကူပါတယ်။ ဟိုင်းဝေးလ်လမ်းမပေါ်မှာလည်း အမြန်နှုန်းကောင်းကောင်းဖြင့် သွားလာနိုင်ပါတယ်။ အမြင့်ဆုံးမြန်နှုန်းမှာတောင် စွမ်းအားကို ပိုမိုသုံးစွဲခြင်းမရှိပါဘူး။
အချက်တစ်ခုအနေနဲ့ မြန်နှုန်းဒိုင်ခွက်ကို မကြည့်မိတဲ့အခိုက် မြန်နှုန်းမှာ ၄င်းရဲ့အချက်အလက်မှာ ပြထားတာထက် ပိုပြီးမြင့်တဲ့ မြန်နှုန်းနဲ့ သွားလာနေတာကို ကျွန်တော်တို့ကိုယ်တိုင် တွေ့ရှိခဲ့ပါတယ်။ ချောမွေ့တဲ့လမ်းမှာဖြစ်ဖြစ်၊ အဖုအထစ်များတဲ့လမ်းမှာဖြစ်ဖြစ် ကားရဲ့ အောက်ခံကိုယ်ထည်နဲ့ Suspension
တည်ရှိမှုတွေကို ထိုသို့ သဘာဝအတိုင်းသွားလာနိုင်အောင် ပြုလုပ်ထားလို့ဖြစ်ပါတယ်။ Jaguar XF သည် တစ်ချိန်တည်းမှာ သင့်ကို စိတ်လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ပေးပါတယ်။ (ဒါမှမဟုတ်) အနည်းဆုံးတော့ ဒီနှစ်ခုကြားထဲမှာ အပြောင်းအလဲလေးကို ပေးပါတယ်။
အခြေခံကျတဲ့ အချက်အနေနဲ့ Jaguar XF သည် မောင်းနှင်ဖို့ အလွန်ကောင်းတဲ့ ကားအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်ရဲ့ Jaguar E-type အရုပ်ကားလေးထက်တော့ ပိုပြီးပျော်စရာကောင်းချင်မှ ကောင်းပါမယ်။ ဒါပေမဲ့ လူတချို့က မော်တော်ယာဉ်စစ်စစ်ကို နှိုင်းယှဉ်ခြင်းထက် လူကြီးဘဝရဲ့ သဘာဝအကြောင်းကို ပိုပြီးပြောကြပါတယ်။
ကျွန်တော့်ရဲ့ E-type အရုပ်ကားလေး တစ်နာရီ (၈) ကီလိုမီတာ အမြဲသွားနိုင်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒါက အရေးတော့မကြီးပါဘူး။ ကျွန်တော်ကတော့ Jaguar ရဲ့ ပိုင်ရှင် (၆) လလောက်ပိုင်ဆိုင်ခွင့်ရတာကို ဂုဏ်ယူနေမိပါတယ်။ နောက်တော့ ကျွန်တော်ကားလေးကို တခြားကလေးတွေကို ပေးစီးမိပြီး သူတို့ရဲ့ မနာလိုမှုတွေကြောင့် ကျွန်တော့်ကားလေး ဖျက်ဆီးခံရပါတယ်။ ဆယ်စုနှစ်များ ကြာပြီးတဲ့နောက် ကျွန်တော် နောက်ဆုံးတော့ ကျွန်တော်လက်တွေကို Jaguar ပေါ်သို့ ထပ်တင်ရပါတယ်။ ဒီတစ်ကြိမ်တော့ နာရီအနည်းငယ်သာသာပါပဲ။ ဒါပေမဲ့ ကျွန်တော် ခရစ်စမတ်ကဲ့သို့ ခံစားမှုတွေ ခံစားရတုန်းပါပဲ။
SPEC SHEET 2016
Jaguar XF (Portfolio Trim)
အင်ဂျင်
4-Cylinder 2.0 Litre Petrol Turbo
မြင်းကောင်ရေအား
38bhp/177Kw @ 5500rpm
လိမ်အား
51ft-lb/340 Nm @1,750-4,000rpm
ဂီယာ
RWD 8-Speed Automatic
အလေးချိန်
1590kg
Boot
540lt
0-100km/hr
6.7 seconds
လောင်စာသုုံးစွဲမှု
7.5lt/100km
Zawgyi version…
JAGUAR XF REVIEW
SPEC SHEET 2016
အင်ဂျင်
မြင်းကောင်ရေအား
38bhp/177Kw @ 5500rpm
လိမ်အား
ဂီယာ
RWD 8-Speed Automatic
အလေးချိန်
1590kg
Boot
540lt
0-100km/hr
6.7 seconds
လောင်စာသုံးစွဲမှု
7.5lt/100km