Unicode version….
မကြာသေးမှီကာလ၌ကမ္ဘာကျော် (Consumer Reports Reliability Study-သုံးစွဲသူများထံမှ ယုံကြည်အားထားရမှုအားလေ့လာခြင်းမှတ်တမ်း)၏ဖော်ပြချက်အရတောင်ကိုရီးယားအခြေစိုက် ကမ္ဘာကျော် (KIA)ကားကုမ္မဏီသည် (အသုံးပြုသူများ၏ ယုံကြည်အားထားရမှု အဆင့်)တွင် နံပါတ် (၅) နေရာသို့ ရုတ်တရက် ရရှိခဲ့ပါသည်။ ထိုသို့ ထိပ်တန်းအဆင့် ရှိသည့် ယုံကြည်နိုင်သည့် (Luxury Brands) များမှာအစဉ်အလာအားဖြင့် (Acura / Honda / Infiniti / Porsche / BMW / Subaru)စသည် တို့ဖြစ် ကြပြီး (KIA)သည် ၄င်းတို့ကဲ့သို့ ထိပ်တန်းနေရာရရှိခြင်းလည်း ဖြစ်ပါသည်။
ထိုစစ်တမ်းရလာဒ်သည်တစ်မူထူးခြားမှုဖြစ်သော်လည်းအံ့သြဖွယ်မဟုတ်ပါ။ ယခုနှစ်များအတွင်း (KIA)သည် ဒီဇိုင်းအလွန်ဆန်းသစ်သည့်ကားများ၊ ဆီစားသက်သာသည့် Hatchbacks များ၊ လူငယ်ကြိုက် (Sporty Sedans)များကိုအရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ် အောင်မြင်နေသည်ကိုတွေ့မြင်ရပါ မည်။
ထို့အပြင် ကမ္ဘာကျော် (J.D.Power)၏ (Initial Quality Study-ကနဦးအရည်အသွေးဆိုင်ရာ)၏မြေပြင်လေ့လာမှုများအရ(ယာဉ်ဝယ်ယူသူများသည် ပထမ္ဘဆုံးရက် ၉၀ အတွင်းစောဒကတက်ခြင်း)များတွင် (KIA)ကားဝယ်သူအများစုမှ များစွာနှစ်သက်ကြသည်ကိုလည်းလေ့လာတွေ့ရှိခဲ့ပါသည်။
အထက်ပါ (J.D.Power)လေ့လာမှုသည် ရေတိုကာလကိုအခြေခံပြီး (Consumer Report)သည် တစ်နှစ်မှ အထက်ရှိသည့် ရေရှည်ကာလကိုအခြေခံပါသည်။ (KIA)သည် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်းရေတို၊ ရေရှည်ကာလ (၂)မျိုးလုံး၌ ယုံကြည်အားထားရမှုတွင် အကောင်းဆုံးစာရင်းဝင် (Brand) တစ်ခုအဖြင့်(မြောက်အမေရိက)စျေးကွက်တွင် ရရှိထားပါသည်။ ထိုရလဒ်အတိုင်းကမ္ဘာအနှံ့ရှိ (KIA) ကားချစ်သူများမှ လက်ခံမည်ဟုလည်းယုံကြည်မိပါသည်။
Zawgyi version…
မၾကာေသးမွီကာလ၌ကမၻာေက်ာ္ (Consumer Reports Reliability Study-သံုးစြဲသူမ်ားထံမွ ယံုၾကည္အားထားရမႈအားေလ့လာျခင္းမွတ္တမ္း)၏ေဖာ္ျပခ်က္အရေတာင္ကိုရီးယားအေျခစိုက္ ကမၻာေက်ာ္ (KIA)ကားကုမၼဏီသည္ (အသံုးျပဳသူမ်ား၏ ယံုၾကည္အားထားရမႈ အဆင့္)တြင္ နံပါတ္ (၅) ေနရာသို႔ ရုတ္တရက္ ရရွိခဲ့ပါသည္။ ထုိသို႔ ထိပ္တန္းအဆင့္ ရွိသည့္ ယံုၾကည္ႏိုင္သည့္ (Luxury Brands) မ်ားမွာအစဥ္အလာအားျဖင့္ (Acura / Honda / Infiniti / Porsche / BMW / Subaru)စသည္ တုိ႔ျဖစ္ ၾကၿပီး (KIA)သည္ ၄င္းတို႔ကဲ့သို႔ ထိပ္တန္းေနရာရရွိျခင္းလည္း ျဖစ္ပါသည္။
ထုိစစ္တမ္းရလာဒ္သည္တစ္မူထူးျခားမႈျဖစ္ေသာ္လည္းအံ့ၾသဖြယ္မဟုတ္ပါ။ ယခုႏွစ္မ်ားအတြင္း (KIA)သည္ ဒီဇိုင္းအလြန္ဆန္းသစ္သည့္ကားမ်ား၊ ဆီစားသက္သာသည့္ Hatchbacks မ်ား၊ လူငယ္ႀကိဳက္ (Sporty Sedans)မ်ားကိုအရည္အေသြးေကာင္းမြန္စြာျဖင့္ ထုတ္လုပ္ ေအာင္ျမင္ေနသည္ကိုေတြ႔ျမင္ရပါ မည္။
ထုိ႔အျပင္ ကမၻာေက်ာ္ (J.D.Power)၏ (Initial Quality Study-ကနဦးအရည္အေသြးဆိုင္ရာ)၏ေျမျပင္ေလ့လာမႈမ်ားအရ(ယာဥ္၀ယ္ယူသူမ်ားသည္ ပထမၻဆံုးရက္ ၉၀ အတြင္းေစာဒကတက္ျခင္း)မ်ားတြင္ (KIA)ကား၀ယ္သူအမ်ားစုမွ မ်ားစြာႏွစ္သက္ၾကသည္ကိုလည္းေလ့လာေတြ႔ရွိခဲ့ပါသည္။
အထက္ပါ (J.D.Power)ေလ့လာမႈသည္ ေရတိုကာလကိုအေျခခံၿပီး (Consumer Report)သည္ တစ္ႏွစ္မွ အထက္ရွိသည့္ ေရရွည္ကာလကိုအေျခခံပါသည္။ (KIA)သည္ အထက္တြင္ ေဖာ္ျပခဲ့သည့္ အတိုင္းေရတို၊ ေရရွည္ကာလ (၂)မ်ဳိးလံုး၌ ယံုၾကည္အားထားရမႈတြင္ အေကာင္းဆံုးစာရင္း၀င္ (Brand) တစ္ခုအျဖင့္(ေျမာက္အေမရိက)ေစ်းကြက္တြင္ ရရွိထားပါသည္။ ထုိရလဒ္အတိုင္းကမၻာအႏွံ႔ရွိ (KIA) ကားခ်စ္သူမ်ားမွ လက္ခံမည္ဟုလည္းယံုၾကည္မိပါသည္။