Unicode version..
မကြာမီကကျင်းပခဲ့သည့် (Geneva Motor Show)တွင် ကမ္ဘာကျော် KIA မှ ၄င်း၏ Niro Plug-in Hybrid Model အား မိတ်ဆက်ပြသခဲ့ပါသည်။၄င်းတွင် Niro ၏လက်ရှိ (Hybrid) ကားများနှင့် များစွာ ကွဲပြားသည့် Battery အားထည့်သွင်းထားပါသည်။ (1.56 Kilowatt) ရှိပြီး အသစ်ထည့်သွင်းထားသည့် Battery ၏ Capacity သည် (8.90 Kilowatt) အထိ တိုးမြှင့်ထားသည်ကိုတွေ့ရပါသည်။
လက်ရှိ (Niro) ၏ Battery သည် (၂၅မိုင်)ခန့်သာ သီးသန့်အသုံးပြုနိုင်ပြီး အသစ်ထွက်ရှိသည့် Niro Battery အနေဖြင့် (ဥရောပစျေးကွက်)အတွက် အသုံးပြုနိုင်မှုမှာ(55 km/34 miles)ဖြစ်ပါသည်။ ၄င်းနှုန်းသည် Toyota Prius Prime Plug-in Hybrid ၏ Battery စွမ်းရည်နှင့် တူညီမှုရှိပါသည်။
အသစ်ထွက်ရှိသည့် (KIA Niro) တွင် Battery အား ကား၏အနောက်ဖက် (Cargo Area) တစ်ခုလုံးနီးပါးခန့် နေရာယူ ထည့်သွင်းထားမည်ဖြစ်ပါသည်။သို့သော်လည်း ၄င်း၏ အတွင်းခန်းအကျယ် ကို လုံလောက်သည့် အကျယ်အဝန်းပုံစံဖြင့် ဖန်တီးထားမည်ဖြစ်ပါသည်။
(New Niro PHEV) ၏အပြင်ဒီဇိုင်းအား အနည်းငယ်ပြောင်းလဲထားပြီး (Metallic Finish) များကို လည်း လှပစွာတွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့အပြင် KIA ၏ထုံးစံအတိုင်း ခေတ်မှီပါ၀င်မှုများစွာကိုလည်း ထည့်သွင်းထားမည်ဖြစ်ပါသည်။
အဆိုပါ (Niro PHEV Model) အား (2017)ခုနှစ် နှစ်လည်ပိုင်းတွင် ဥရောပစျေးကွက်သို့ပထမဆုံး ရောင်းချမည် ဖြစ်ပါသည်။ ထို့နောက် အခြေားသော ဒေသစျေးကွက်များသို့ တို့ချဲ့ရောင်းချမည့် အစီအစဉ်များလည်း စီစဉ်ထားသည်ဟု KIA မှပြောကြားထားပါသည်။
Zawgyi version…
အဆိုပါ (Niro PHEV Model) အား (2017)ခုနှစ် နှစ်လည်ပိုင်းတွင် ဥရောပဈေးကွက်သို့ပထမဆုံး ရောင်းချမည် ဖြစ်ပါသည်။ ထို့နောက် အခြေားသော ဒေသဈေးကွက်များသို့ တို့ချဲ့ရောင်းချမည့် အစီအစဉ်များလည်း စီစဉ်ထားသည်ဟု KIA မှပြောကြားထားပါသည်။