Unicode version..
(Automaker)၏ (European Chief Operating Officer)ဖြစ်သူ(Mr Michael Cole)မှ 2020 ပြည့်နှစ်ခန့်တွင် ကမ္ဘာကျော် KIA အနေဖြင့် သမားရိုးကျ မဟုတ်သည့် အင်ဂျင်မျိုးစုံပါ၀င်သည့် ကားအသစ် (၁၄)မျိုးအားထုက်လုပ်မည် ဖြစ်ပြီး ၄င်းတို့တွင် EVs / Hybrids / Plug-in-hybrid / Fuel-cell / အစရှိသည်တို့ ပါ၀င်ကြပါမည်။
ယခုမျက်မှောက်အနေဖြင့် (KIA)သည် (Hybrid Optima Wagon)အားစတင်မိတ်ဆက်ခြင်း(Plug-in Hybrid Niro)အားစတင်မိတ်ဆက်ခြင်းနှင့် (Soul EV)နှင့် (Hybrid Optima Sedan)တို့အားစတင်အကောင်အထည်ဖော်ခြင်းတို့အား လျှင်မြန်စွာပြုလုပ်နေပါသည်။ ထို့အပြင် (2020)၀န်းကျင်တွင် (Fuel-cell KIA modes)များကိုထုတ်လုပ်နိုင်ရန်လည်းရည်ရွယ်ထားပါသည်။
ထို့အပြင်ပုံမှန်အမျိုးအစားများအနေဖြင့် (KIA) သည် (Nisson JURE)ကဲ့သို့ (Small crossover) ကားများကိုယှဉ်ပြိုင်ရန်အတွက် (KIA Sportage)နှင့် (KIA Sorento)တို့အားအဆင့်မြှင့်တင်မှုများဖြင့် ထုတ်လုပ်မည် ဖြစ်ပါသည်။
ယခုနှစ်တွင်ကျင်းပသည့် (အမေရိကန်)ရှိ (Chicago Auto Show)၌ (KIA)မှ ၄င်း၏ (2017 Niro hybrid Subcompact Crossover)အားပွဲဦးထွက် မိတ်ဆက်ခဲ့ပါသည်။ ၄င်းတွင် (New 1-6L GDI I4 Engine)နှင့် (Electric Motor)တို့အားတွဲဖက်ထားပါသည်။ (2017 Niro)အား (KIA)မှ (Eco-car platform)၏ ပထမဆုံး Model အဖြင့် သက်မှတ်ထားပြီး ၄င်းသည် (Hybrid Models)များ၏ ပထမခြေလှမ်းလည်း ဖြစ်ပါသည်။ (KIA)၏ ရည်မှန်းချက်မှာအနာဂတ်ကာလတွင် ၄င်း၏ (Hybrid Cars)များသည် ကမ္ဘာ့ထိပ်တန်း (Hybrid)အားထုတ်သည့် (Toyata)ကဲ့သို့ထိပ်တန်းအဆင့် ရောက်ရှိနိုင်ရန်ပင် ဖြစ်ပါသည်။
Zawgyi version..