Unicode version..
Land Rover Has a Wristband That Lets You Lock Your Keys in Your Car
ကျွန်တော်တို့သည် တခါတရံအလုပ်ခွင်အတွင်း၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လေ့ရှိပါသည်။ထိို့အတူအားလပ်ချိန်တွင်လည်းအပန်းဖြေရာကိစ္စများစွာဖြင့် အချိန်ကုန် လေ့ရှိပါ သည်။ ထိုအခါ ကျွန်တော်တို့၏ မော်တော်ယာဉ်အားတစ်ခါတရံသော့အဖွင့်၊ အပိတ်ကိုမေ့လျော့ခြင်းများရှိနိုင်ပါသည်။ဥပမာ-ပစ္စည်းများစွာသယ်ဆောင်ရခြင်းအလျှင်အမြန်သွားရခြင်းများ ဖြစ်ပါသည်။ ထိုသို့ သောကိစ္စများအတွက် ကမ္ဘာကျော် (Land Rover)၏ (Land Rover Activity Key)နည်းပညာမှ သိသာထင်ရှားစွာအထောက်အကူပြုပါမည်။
(Land Rover Activity Key)အား (Land Rover)၏ (New Land Rover Discovery)တွင် အပိုဆောင်းပါ၀င်မှု (Optional) အနေဖြင့် ထည့်သွင်းထားပါသည်။ ထို (Activity Key)သည် ရေစိုခံရာဘာဖြင့် ဖန်တီးထားသည့် လက်ပတ်ဖြစ်ပြီး (လက်ပတ်နာရီ)ကဲ့သို့ ၀တ်ဆင်န်ိုင်ပါသည်။ ထိုစနစ်ကိုအသုံးပြုလိုပါကကားသော့အား Lock လုပ်ပြီးကားထဲတွင်ထားကာအသုံးပြုသူအပြင်သို့ သွားရောက်နိုင်ပါသည်။ ထို့နောက် ကားဆီသို့ ပြန်လာပါက (Activity Key)အားအသုံးပြုပြီးကားတံခါးများအားဖွင့်နိုင်မည် ဖြစ်ပါသည်။ (Activity Key System)အား (Land Rover)တွင် သာမက (Jaguar)တွင်လည်းအပိုဆောင်းအနေဖြင့် ထည့်သွင်းသွားမည်ဖြစ်ပြီး (2017)တွင် ထုတ် (Jaguar)ကားအချို့တွင် ရရှိနိုင်မည် ဖြစ်ပါသည်။
(Land Rover Activity Key)စနစ်သည် နည်းပညာသမိုင်းမှတ်တိုင် အသစ်ဖန်တီးနိုင်မည့် (Land Rover)၏တီထွင်ဖန်တီးမှု တစ်ခုပင် ဖြစ်ပါသည်။
Zawgyi version…