မကြာမှီကကျင်းပခဲ့သည့် ပြင်သစ်နိုင်ငံရှိ (ပါရီကားပြပွဲ)တွင် ကမ္ဘာကျော် (Lexus)မှ (UX premium sub-compact Crossover Coupe)အမျိုးအစားကားနှင့် ၄င်း၏ ပထမဆုံး (Kinetic Seat Concept)တို့အားမိတ်ဆက်ပြသခဲ့ပါသည်။
(4 Seat UX Model)အား (ပါရီကားပြပွဲ)တွင် ပထမဆုံးမိတ်ဆက်ပြသရခြင်းမှာ ၄င်းအား (ပြင်သစ်နိုင်ငံမြောက်ပိုင်း)ရှိ (Lexus Design Studio)တွင် ဖန်တီးထား၍ ဖြစ်ပါသည်။ ၄င်းတွင် (21-inch Alloy )များအပါအ၀င်ဆန်းသစ်သည့်အပြင်ဖက်ဒီဇိုင်းဖြင့်
ဖန်တီးထားပြီးခေတ်ရှေ့ပြေးဒီဇိုင်းများကိုထည့်သွင်းထားပါသည်။ အတွင်းခန်းတွင်လည်းလှပဆန်းသစ်သည့် (Dashboard Design)အသစ်ကိုထည့်သွင်းထားပြီး (3D-Effect Instrument Display)စနစ်အားမိတ်ဆက်ထည့်သွင်းထားပါသည်။
၎င်းအပြင် အခြားသော (Concept)ဖြစ်သည့် ( Kinetic Seat-လှုပ်ရှားမှုနှင့် ပတ်သက်သည့် လုပ်ဆောင်မှုဆိုင်ရာထိုင်ခုံ)ကိုလည်းမိတ်ဆက်ပြသခဲ့ပါသည်။ ၄င်းထိုင်ခုံသည် အထူးပြုလုပ်ထားသည့် ထိုင်ခုံအမျိုးအစားဖြစ်ပြီးအပူ၊ အအေးအားချိန်ညှိပေးခြင်း၊ ကျောဖက်တွင် သက်သောင့်သက်သာရှိစနစ် (လေခေါင်းအုံး)ကဲ့သို့ ခံစားမှုအားပေးနိုင်ခြင်းတို့အား (Kinetic)သဘောဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပါ သည်။ထိုင်ခုံဒီဇိုင်းအား (ပင့်ကူအိမ်) ပုံသဏ္ဍာန်ဖြင့် ဖန်တီးထားပါသည်။ ၄င်းအား အထူးစီမံထားသည့် ပိုးသားကဲ့သို့ နှုးညံ့သည့်အရာဖြင့် ဖန်တီးထားသည်ကိုတွေ့ရပါမည်။ (Kinetic Seat)အား ခရီးဝေးသွားက ရာတွင် အဆင်ပြေပြီးသက်သာင့်သက်သာရှိစေရန်နှင့် ထိုင်ခုံဆိုဖာများကဲ့သို့ ခံစားမှုအားပေးစွမ်းနိုင်ရန် ရည်ရွယ်ပြီး (Lexus)မှ ဖန်တီးထားခြင်း ဖြစ်ပါသည်။ (Kinetic Seat)နှင့် (UX Concept Car)တို့သည် (Lexus) ၏ အနာဂတ်နည်းပညာ၏ အခြေခံအုတ်ဖြစ်အနေဖြင့် သတ်မှတ်နိုင်မည် ဖြစ်ပါသည်။