Unicode  version…
ဂျပန်အခြေစိုက်ကမ္ဘာကျော် (Mazda)သည် ယခုလာမည့် (2019)တွင် လျှပ်စစ်ကားများကိုစတင်ထုတ်လုပ်ပါမည်။ 2016 နိုဝင်ဘာတွင် (Mazda)၏ (CEO)ဖြစ်သူ (MrMasamichiKngai)မှ Mazda အနေဖြင့် ZEV-Zem-Emission Vehicle)ကားများအားမြောက်အမေရိကစျေးကွက်သို့ 2019 တွင် စတင်ရောင်းချရန် ကြိုးပမ်းနေပါသည်)ဟုကမ္ဘာကျော် (Wall Street Journal)တွင် ပြောကြားခဲ့ပါသည်။
(Mazda)နှင့် (Toyota)တို့သည် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာသဘောတူစာချုပ်အား (2015 May)တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၄င်းစာချုပ်တွင် နည်းပညာ/ထုတ်လုပ်မှုအစိတ် အပိုင်းများ)လည်း ပါ၀င်ပါသည်။ ထို့အပြင် (Toyota)မှ ၄င်း၏ (Hybrid) / (Plug-in hybrid-လျှပ်စစ်အားသွင်းခြင်းဖြင့် အသုံးပြုနိုင်သည့် နှစ်မျိုးစပ်ကား)ဆိုင်ရာများကိုလည်း (Mazda)သို့ နည်းပညာများ မျှဝေမည် ဖြစ်ပါသည်။
(Mazda)၏ ပထမဆုံးသော (လျှပ်စစ်ကား)တွင် အဆင့်မြင့် အသံငြိမ်စနစ်ပါ၀င်သည့် (Rotary Engine)နှင့် လျှပ်စစ်မော်တာတို့အားတွဲဖက်မည် ဖြစ်ပါသည်။ (Mazda)၏ (Research and Develop-ment)မှ (Head)ဖြစ်သူ (Mr Kiyoshi Fujiwara)မှ (Mazda အနေဖြင့်လာသည့် (2020)ခန့်၌ (Pure EV Vchicles)များအားစုစုပေါင်းရောင်းအား၏ (5%)ခန့်အထိထုတ်လုပ်နိုင်မည်ဖြစ်ပြီးကျန်သည့် (၉၅%) အား (ICE-Internal Combustion Engine)ခေါ် (အတွင်းလောင်ကျွမ်းခြင်းအင်ဂျင်စနစ်)သုံးကားများကိုထုတ်လုပ်မည် ဖြစ်ပါသည်။
(Mazda)အနေဖြင့် ဝေးတော့သည် အနာဂတ်တွင် (Zero-emission)ကားများအပြင် (Battery-electric)နှင့် (Hydrogen fuel-cell cars)များကိုပါ တိုးချဲထုတ်လုပ်မည် ဖြစ်ပါသည်။
Zawgyi  version…